June 26, 2017

Webster University မှာ BS in Compuer Science တက်ရောက်နေတဲ့ မမြမဉ္ဇူ

Webster University (Thailand Campus) မှာ BS in Computer Science ကို တက်ရောက်နေတဲ့ မမြမဉ္ဇူရဲ့ Student Life

Webster University (Thailand Campus) တွင် ပညာသင်ဆု ၅၀ ရာခိုင်နှုန်းဖြင့် BS in Computer Science ကို တက်ရောက်နေတဲ့ မမြမဉ္ဇူရဲ့ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံး တက်ရောက်ခဲ့တဲ့ သင်တန်းတွေ ပြောပြပေးပါဦး။

ILBC ကျောင်းက Sendanary 4 အောင်ပြီး IGCSE ကို အပြင် ကျူရှင် သင်တန်းကျောင်းတွေမှာ တက်ခဲ့ပါတယ်။ IGCSE ရမှတ်ကတော့ 4A*(a*) ၊ 1A (a) ၊ 1D (d) ရခဲ့ပါတယ်။ ဆရာတွေက လည်းကောင်း ကိုယ်တိုင်လည်း ကြိုးစားခဲ့ပါတယ်။

Webster University (Thailand Campus) ရဲ့ BS in Computer Science ဘာသာရပ်ကိုဘာကြောင့်ရွေးချယ်ခဲ့ရတာလဲ။

အမေရိကန် တက္ကသိုလ် Webster University ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်တစ်ခုပါ။ ကိုယ်စိတ်ဝင်စားတဲ့ IT ပညာရှင်တစ်ယောက်ဖြစ်အောင်  ကြိုးစားပြီး ကိုယ့်မြန်မာနိုင်ငံရဲ့ IT နည်းပညာ လိုအပ်ချက်တွေကို ကိုယ်တတ်နိုင်တဲ့ အားနဲ့ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ် ခဲ့တာပါ။

ပညာသင်ဆု ရဖို့ဘယ်လိုတွေကြိုးစာပြင်ခဲ့ရတယ်ဆိုတာတွေသိချင်ပါတယ်။

ပညာသင်ဆုရခဲ့တဲ့ ငွေပမာဏရာခိုင်နှုန်းက ကျောင်းလခ ကို ၅၀ ရာခိုင်နှုန်း ကင်းလွတ် ခွင့်ရခဲ့ပါတယ်။ ပညာသင်ဆု အနေနဲ့ ကျောင်းလခ ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ ခံစားခွင့်ရတဲ့အတွက် မိဘတွေကလည်း ငွေကုန်ကြေးကျ အများကြီး သက်သာတယ်။ ကိုယ်တိုင်ကလဲ ကိုယ်ကြိုးစားထားတဲ့ ပညာရေးရလဒ်တွေ ပေါ်မှာ ဂုဏ်ပြုချီးမြှင့်တာခံရတဲ့ အတွက် ကိုယ့်ကိုယ်ကိုလဲဂုဏ်ယူ တယ်။ ငွေရေးကြေးရေး တစ်ခုတည်းကြောင့် ပညာသင်ဆု လျှောက်တာ မဟုတ်ဘူး။ တချို့က ပညာသင်ဆုလျှောက်ရင် တစ်မျိုးထင်ကြတယ်။ ပညာသင်ဆု လျှောက်တယ်ဆိုတာ ကိုယ်ကြိုးစားထားတဲ့အရာကို ဂုဏ်ပြု ချီးမြှင့်တာဖြစ်တဲ့အတွက် ဂုဏ်ယူ ရမှာပါ။   မန္တလေးက Sedona Hotel မှာ MSI က ကျင်းပခဲ့တဲ့ နိုင်ငံခြား ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ အကြောင်း ဆွေးနွေးပွဲကို သွား တက်ပြီး MSI နဲ့ ဆွေးနွေးခဲ့တယ်။ MSI က ဆွေးနွေးတဲ့ကျောင်းတွေ အများကြီးထဲက Webster University ကို တွေ့ပြီး ကျောင်းလျှောက်ခဲ့တယ်။ MSI က မြန်မာနိုင်ငံမှာ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးအများ ဆုံးရအောင် လျှောက်ပေးနေတဲ့ အတွက် MSI ကိုပဲ ရွေးချယ်ပြီး တော့ ကျောင်းအပ်ခဲ့တယ်။ လိုအပ်တဲ့ Visa ကိစ္စ Scholarship လျှောက်တာတွေနဲ့ လေယာဉ်လက်မှတ်ကအစ ကျောင်း ရောက်ပြီး နေထိုင်ဖို့အထိ MSI ကကူညီ ပေးခဲ့ပါတယ်။

နိုင်ငံတကာ ကျောင်းသား တွေအတွက် School Activitiesတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း လွယ်ကူအောင် ဘယ်လို တွေပြုလုပ်ပေးလဲ။

နိုင်ငံတကာ ကျောင်းသား တွေအတွက် School Activities၊ Student Clubs တွေရှိတယ်။ Internship (အလုပ်သင်) အတွက် Finance Department, HR Department, Administration Department တွေမှာ Scholarship ရကျောင်းသား/သူတွေအားလုံးအတွက် လုပ်ငန်း ခွင် အတွေ့အကြုံရအောင် အလုပ်လုပ်ရတယ်။ စီစဉ်မှုတွေ အား လုံးကို Business Department က စီစဉ်ပေးတယ်။ Internship Fair က တစ်နှစ်မှာ (၁) ခါလုပ် တယ်။ Student Clubs, Internships, Conferences စတဲ့ School Activities တွေကိုလည်း အမြဲနားစွင့်ပြီး တက်တက်ကြွကြွ ပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီအတွေ့အကြုံဟာ အလုပ် လျှောက်တဲ့အခါ လုပ်ငန်းခွင် ဝင်တဲ့အခါ အများကြီး အထောက်အကူပြုပြီး တကယ်အသုံးဝင်ပါတယ်။

Webster University (Thailand Campus) မှာပဲ ဘွဲ့ရတဲ့အထိ တက်မှာလား၊ ဒါမှမဟုတ် Webster ရဲ့အခြား Campusတွေကို ကူးပြောင်းဖို့ အစီအစဉ် ရှိလား။

Webster အမေရိကန် ဘွဲ့ကို ရဖို့အတွက် (၃) နှစ်ခွဲကနေ (၄) နှစ်ခွဲအထိ ကြာမယ်။ Summer တက်ရင်တော့(၃) နှစ်ခွဲလောက်ပဲ ကြာမယ်။ စဉ်းစားတာကတော့ Thailand Campus မှာ (၃)နှစ် တက်ပြီးရင်တော့ နောက်ဆုံး (၁) နှစ်ကိုတော့ American SAINT LOUIS မှာရှိတဲ့ Main Campus ကို ပြောင်းတက်ဖို့ ရည်ရွယ်ထားတယ်။ Myra ရှေ့က စီနီယာ အချို့တွေကတော့ Study Abroad Program နဲ့ Transfer Program ဆိုပြီးတော့ (၂) ခုစလုံး နဲ့ သွားတက်နေကြတယ်လို့ (MSI) က ပြောတယ်။ Study Abroad Program ကိုယူမယ် ဆိုရင် အခုတက်နေတဲ့ Thailand Campus က သွားမယ့်နိုင်ငံရဲ့ အသွားအပြန် လေယာဉ်လက် မှတ်ဖိုးကို ကျောင်းက အခမဲ့စီစဉ်ပေးတယ်။ နောက်ဆုံး နှစ်ရောက်တော့မှ အမေရိကန် Main Campus ကို အပြီး ပြောင်းတက်လို့လဲ ရတယ်။ ကျောင်းလခကတော့ ထိုင်းနိုင်ငံ ရဲ့ မူရင်းကျောင်းလခနဲ့ One Semester (သို့) One Year ကို သွားတက်လို့ရတယ်။ Transfer Program ယူမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ ကျောင်း လခနဲ့ တက်ရမှာပါ။

ပြည်ပမှာ ကျောင်းသွားတက်တဲ့အခါ ဘယ်လို အခက် အခဲတွေကို ကြုံတွေ့ခဲ့ရလဲ။

Webster မှာတက်နေတဲ့ MSI ကျောင်းသား/သူ စီနီယာ အစ်ကို၊ အစ်မတွေနဲ့ မသွားခင် ကြိုပြီး ချိတ်ဆက်ပေးထားတယ်။ ဟိုမရာက်ခင်ကထဲက ရင်းနှီးပြီး သားပါ ပတ်ဝန်းကျင်အသစ် နေရာ အသစ်မှာ အစားအသောက်၊ အနေအထိုင်အစအဆုံး ကိုယ့်အား ကိုယ်ကိုးပြီး ရှင်သန်ရတဲ့အတွက် စိတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်။ စာသင်ခန်းထဲကို ရောက်ရောက်ချင်းတော့ ဘာသာစကား အခက်အခဲ လေယူလေသိမ်း သင်ကြားပုံ သင်ကြားနည်းတွေကို သေချာ အာရုံစိုက်ပြီး လေ့လာ သင်ယူရလိမ့်မယ်။ Small Class Room Side ထဲမှာ ကျောင်းသားက (၂၀) ကနေ (၂၅) ယောက်ပဲရှိနေတဲ့အတွက် ဆရာနဲ့ ကျောင်းသားတွေက တစ်ဦးနဲ့တစ်ဦး အမြဲထိတွေ့နေရတဲ့ အတွက် ရင်းနှီးနေတယ်။ ဆရာတွေကို မမေးချင်ရင်လဲ ကျောင်းသား ခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး ဆွေးနွေးလို့ ရပါတယ်။ စာသင်ခန်းထဲမှာ မမေးချင်ရင် စာသင်ချိန် ပြင်ပ ကျောင်းထဲမှာတွေ့ဖို့ Appointment လုပ်လို့ရပါတယ်။ Undergraduate President ခေါင်းဆောင်အသစ် ကိုမင်းသိုက်ထွန်းရှိတယ်။ အဲ့ဒီအစ်ကိုကလဲ MSI က ကျောင်းသားပဲ။ Myanmar Search International (MSI) ကလဲ လိုလေသေးမရှိ အားလုံးကို ရှင်းပြထားတယ်။ အခုခေတ်မှာ  နည်းပညာနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အရှိန် အဟုန်နဲ့ တိုးတက်လာတာကြောင့် ဒီအခက်အခဲကို ရင်ဆိုင်ဖို့ သိပ်မ ခက်ပါဘူး။

နိုင်ငံခြားမှာ ကျောင်းသွား တက်မယ့် ကျောင်းသား/သူတွေအနေနဲ့ဘာတွေကို ကြိုတင်ပြင် ဆင်ထားသင့်လဲ။

English Language အဓိက အရေးကြီးလို့ အင်္ဂလိပ်စာကို သေချာ လေ့လာစေချင်တယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာက ပထမဦးစားပေးအဖြစ် ထားရှိတဲ့ ဘာသာရပ်ဆိုတော့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင် ကျင်နဲ့ ကောင်းကောင်းမွန်မွန် တတ်ထားဖို့ အရေးကြီးတယ်။ သူငယ်ချင်းတွေ အချင်းချင်း စကားပြောတာကအစ ဆရာ/မ တွေ စာရှင်းပြရင်တောင်မှ အင်္ဂလိပ်စာ နားမလည်ရင် ကျောင်းသားတွေအတွက် အခက်တွေ့ရတယ်။ ကွန်ပျူတာ ပိုင်း လေ့လာထားရင်တော့ ကျောင်းမှာ အဆင်ပြေတယ်။ အင်္ဂလိပ်စာကတော့ အဓိကပါ ပဲ။ အခုဆို Computer Science ဘာသာရပ်ကို တက်နေတယ်။ မြန်မာနိုင်ငံမှာ ဘာမှပြင်ဆင် ထားတာမရှိဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ လေ့လာနေတယ်။ ပုံမှန်စာလုပ်ဖို့ စာကို အကြွေးမ ထားဖို့လိုတယ်။ စာသင်ခန်းထဲမှာ အာရုံစိုက်ဖို့လိုတယ်။

//ambient pc code