Webster University မှာ တက်ရောက်နေတဲ့ မောင်မင်းခန့်တင်ရဲ့ Student Life

အမေရိကန် Webster University (Thailand Campus) ရဲ့ BS in Computer Science ကို ကျောင်းလခ ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုနဲ့ တက်ရောက် နေတဲ့ မောင်မင်းခန့်တင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

လက်ရှိ ပညာအရည်အချင်းကို ပြောပြပေးပါဦး။

ယခုလက်ရှိပညာရေး IGCSE (O) LEVEL အောင်မြင်ထားပါတယ်။ အခု Webster University (Thailand Campus) မှာ Bachelor of Computer Science ကို ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုနဲ့  ၂၀၁၇ ခုနှစ် ဇန်န၀ါရီလကနေစတင် တက်ရောက်နေပါတယ်။

Webster  University (Thailand Campus) ရဲ့ Computer Science ဘာသာရပ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါ။

အမေရိကန် တက္ကသိုလ် Webster University က ကမ္ဘာ့အဆင့်မီ တက္ကသိုလ် တစ်ခုပါ။ Nursery ကနေ High School  အထိ Horizon International School မှာ ပညာသင်ကြားခဲ့တဲ့အတွက် ဘွဲ့ကို အမေရိကန် တက္ကသိုလ်မှာဆက်ပြီး သင်ယူဖို့ အခက်အခဲ မရှိတော့တာကြောင့်ရယ် ပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ IT ပညာရှင်တစ်ယောက် ဖြစ်အောင်ကြိုးစားပြီး ကိုယ့် မြန်မာ နိုင်ငံရဲ့ IT လိုအပ်ချက်တွေကို အုပ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ခဲ့တာပါ။ တိုးတက်နေတဲ့ နည်းပညာတွေနဲ့ Lead လုပ်ချင်တာကြောင့်ပါ။

ပညာသင်ဆု ဘယ်နှစ်ရာခိုင်နှုန်း ရခဲ့လဲ၊ ဘယ်လိုလျှောက် ထားခဲ့လဲ၊ MSI နဲ့ဘယ်လို ဆွေးနွေးခဲ့လဲ။

ပညာသင်ဆု အနေနဲ့ကတော့  ကျောင်းလခကို ၁၀၀ ရာခိုင်နှုန်းကင်းလွတ်ခွင့် အပြည့်ရခဲ့ပါတယ်။ Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှုနဲ့ သေချာဆွေးနွေးခဲ့ပြီး လိုအပ်တဲ့ Documents တွေကို MSI က ပြောခဲ့တဲ့ အတိုင်း ပြင်ဆင်ကာ MSI ကို ပေးပြီး လျှောက်ထားခဲ့ပါတယ်။ MSI က သတ်မှတ်ထားတဲ့ ရက်အတိုင်း Park Royal Hotel မှာ ၀င်ရောက် ဖြေဆိုခဲ့ပြီး အဲ့ဒီထဲက (၁၀) ဦးကိုရွေးချယ်ခဲ့တဲ့ အထဲမှာ ကျွန်တော်ပါခဲ့တယ်။ (၁၀) ဦးထဲကမှ နောက်ဆုံးအဆင့် (၄) ဦးကို (၅၀%) Scholarship (၃)ဦးနဲ့ ကျွန်တော် တစ်ယောက်တည်းကို (၁၀၀%) Scholarship ပေးခဲ့တာပါ။ ပညာသင်ဆုရဖို့ ပြင်ဆင်ခဲ့တာတွေကတော့ IGCSE Certificate, extra activities အနေနဲ့ ဥာဏ်စမ်း ပြိုင်ပွဲဆု Mathemania Puzzle Contest Achievements, Europe မှာ ကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲဆု Soccer  Olympic Certificate, အခြားလှုပ်ရှားမှု ဆုများကိုလည်း တစ်ပါတည်း Attach လုပ်ပြီး MSI ကနေ လျှောက်ခဲ့ပါတယ်။

ပညာသင်ဆုက တစ်နှစ်စာအတွက်လား၊ ဘွဲ့ရတဲ့အထိအပြီးအစီးလား။

ပညာသင်ဆု (၄) နှစ်စာ အပြည့် ရခဲ့တယ်။ ဘွဲ့ရ ကျောင်းပြီးတဲ့အထိ Thailand Campus မှာပဲ တက်မှာလား၊ အမေရိကန်နိုင်ငံကို ကူးပြောင်းပြီး ပညာသင်မှာလား။ Thailand Campus မှာ ၃ နှစ်တက်ပြီးရင်တော့ နောက်ဆုံးတစ်နှစ်ကိုတော့ US Campus ကို ပြောင်းတက်ဖို့ရည်ရွယ်ထား ပါတယ်။ Webster University (Thailand Campus) မှာက Study Abroad Program ရှိတယ်။  Study Abroad Program ဆိုတာ Webster ရဲ့ ကျောင်းခွဲ (၉) ခုမှာသွားတက်ရမှာ။

ကျောင်းခွဲတွေကတော့ USA, UK,Switzerland, Austria, The  Netherlands,China, Greece, Ghana, Thailand နိုင်ငံတွေမှာရှိတယ်။ Study Abroad Programယူမယ်ဆိုရင် ကျွန်တော်အခု တက်နေတဲ့ Thailand Campus က ကျွန်တော်သွားမယ့်နိုင်ငံရဲ့အသွား၊ အပြန် လေယာဉ်လက်မှတ်ဖိုးကို “အခမဲ့”  စီစဉ်တယ်။ ကျွန်တော်လိုမျိုး နောက်ဆုံးနှစ်ရောက်တော့မှ အမေရိကန် Main Campus ကို အပြီးပြောင်းတက်လို့လည်းရတယ်။ ဒါပေမဲ့ကျောင်းလခကတော့ အမေရိကန် နိုင်ငံရဲ့ ကျောင်းလခနဲ့ တက်ရမှာပါ။ ကျွန်တော့်ရှေ့က စီနီယာအချို့တွေက Study Abroad Program နဲ့ Transfer Program (၂) ခုစလုံးနဲ့ သွားတက်နေကြတယ်လို့ (MSI) က သိရတယ်။

ပြည်ပမှာ ကျောင်းသွားတက်တဲ့အခါ ကြုံတွေ့ရမဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်လို့ ပြင်ဆင်ထားလဲ။

အရာရာကို ကျွန်တော် ကြိုတင် ပြင်ဆင်ထားပါတယ်။ သွားရောက်မယ့်နိုင်ငံတွေမှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး နေထိုင်စားသောက်ရမယ့် ကိစ္စတွေကိုလည်း ကြိုတင်စီစဉ်ထားပါတယ်။

လက်ရှိ တက်ရောက်နေတဲ့ သူတွေနဲ့ ဆက်သွယ်ပြီး ကြုံတွေ့ရမယ့် အခက်အခဲတွေကို အသေးစိတ် မေးမြန်းပြီးတော့ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

Bachelor ပြီးတဲ့အခါ ရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းကို ပြောပြပေးပါဦး။

Bachelor Degree ပြီးတဲ့အခါ Master နဲ့ Doctorate ကို ဆက်တက်ဖို့ရည်ရွယ်ထားတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ပညာတစ်ခုကို သင်မယ်ဆိုရင်ဆုံးခန်းတိုင်အောင်သင်ဖို့ ရည်ရွယ် ထားတယ်။