Website တွေကို Chrome App အနေနဲ့ ဘယ်လိုပြောင်းသုံးမလဲ

ကိုယ်အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို Chrome browser မှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ အသုံးပြုချင်တယ်ဆိုရင် အဆိုပါ ဝက်ဘ်ဆိုက်ကို Chrome app အဖြစ်ပြောင်းပြီး အလွယ်တကူနဲ့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Chrome ဟာ ဝက်ဘ်ဆိုက် အများအပြား သုံးစွဲသူတွေအတွက် အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို desktop launcher ကနေ ကလစ်တစ်ချက် နှိပ်ရုံနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ကိုယ်အသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကို Chrome app တစ်ခုအနေနဲ့ လုပ်ချင်တယ်ဆိုရင် ပထမဆုံး လုပ်ချင်တဲ့ ဝက်ဘ်ဆိုက်ကိုဖွင့်ပါ။

ပြီးရင် ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ Menu button ကို နှိပ်ပြီး More tools ကို ရွေးပါ။ More tools ထဲကမှ Add to desktop ဆိုတာကို ရွေးပေးရမှာဖြစ်ပြီး Add ကို နှိပ်ပါ။

အထက်မှာ ပြုလုပ်ထားတဲ့အဆင့်ပြီးရင် Chrome browser ရဲ့ address bar မှာ chrome://apps ဆိုပြီး ရိုက်ထည့်လိုက်ရင် ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက်ကို Chrome app အနေနဲ့ သိမ်းပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။