November 18, 2017

Web browser တွေမှာ Location ကို ဘယ်လိုပိတ်မလဲ

နောက်ပိုင်း Web browser တွေဟာ ပိုမိုအဆင့်မြင့် လာတာနဲ့အမျှ သုံးစွဲသူရဲ့ Location ကို ဖော်ပြမှာလား ဆိုပြီး မေးမြန်းလာပါတယ်။ ဝက်ဘ်ဆိုက်တွေဟာ သူတို့ကို လူပိုသိရှိစေဖို့အတွက် Location ကိုဖော်ပြပေး မလားဆိုတဲ့ မေးခွန်းတွေကို ပိုမိုထည့်သွင်း ပေးလာကြ ပါတယ်။ ဒီလိုမျိုး ပြဿနာတွေကြောင့် နေ့စဉ် အင်တာနက် သုံးစွဲသူတွေဟာ စိတ်အနှောင့်အယှက် ဖြစ်လာတယ် ဆိုရင် Web browser တွေမှာ Location ကို ပိတ်ထားနိုင်ပါတယ်။

ကိုယ့်ရဲ့တည်နေရာကို တောင်းတဲ့ ဝက်ဘ်ဆိုက်တွေ Zip code နဲ့ address တွေ တောင်းတဲ့ ဝက်ဘ်ဆိုက်တွေကို ထည့်သွင်းဖော်ပြ ပေးစရာမလိုပါဘူး။ ဒါကြောင့် Web browser မှာ location ကို ပိတ်ထားမယ် ဆိုရင်လည်း အဆိုပါ ဝက်ဘ်ဆိုက်ကို သုံးတဲ့အခါမှာ အသုံးပြုနိုင်ခွင့် အများကြီး ဆုံးရှုံးသွားတာမျိုး မရှိပါဘူး။ တည်နေရာ ကိုဖော်ပြ ပေးနိုင်တာမျိုးကိုလည်း တားဆီး ထားနိုင်ပါတယ်။ ဒါကြောင့် Web browser တစ်ခုချင်းစီ ကနေ တည်နေရာကို ပိတ်ထားမယ်ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

Google Chrome

Location ပိတ်ထားဖို့အတွက် Google Chrome browser မှာဆိုရင် browser ရဲ့ ညာဘက်ထောင့် အပေါ်နား မှာရှိတဲ့ Chrome menu ကို နှိပ်ပြီး settings ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Settings ထဲကိုရောက်ပြီ ဆိုရင် Show advanced settings ဆိုတာကို နှိပ်ပြီး Privacy ဆိုတဲ့အောက်မှာ Content settings ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။

Content settings ထဲကို ရောက်ပြီဆိုရင် အောက်ဘက်ကို ဆင်းပြီး Locations ဆိုတာကို ရှာပါ။ Location section ထဲကမှ Do not allow any site to track your physical location ဆိုတာကို ရွေးချယ်ပေးပြီး Done ကို နှိပ်ကာ settings ထဲကနေ ထွက်လိုက်ရင် Chrome browser မှာ Location ကို ပိတ်ပြီးပြီဖြစ်ပါတယ်။

Mozilla

Mozilla Firefox မှာဆိုရင် အဆိုပါ settings ကို ဝှက်ထားပါတယ်။ အဆိုပါ settings ကို အသုံးပြုမယ်ဆိုရင် address bar မှာ “aboutconfig”  ဆိုတဲ့ command ကိုရိုက်ထည့်ပါ။ ပြီးရင် I accept thi risk! ဆိုတဲ့ခလုတ် ကို နှိပ်ရပါမယ်။

Search box မှာ geo.enable ဆိုတဲ့ keyword ကို ရိုက်ထည့်ပြီးgeo.enable ဆိုတဲ့ လုပ်ဆောင်ချက်ကို ရှာဖွေရပါမယ်။ တွေ့ပြီဆိုရင် double-click နှိပ်ရပါမယ်။ ပြီးရင် false လို့ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Microsoft EDGE

Microsoft EDGE browser ကို သုံးစွဲသူတွေ အနေနဲ့ အဆိုပါ settings ကို ပြင်ဆင်ချင်တယ်ဆိုရင် Windows Settings ထဲကနေ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ Start menu ကို နှိပ်ပါ။ ပြီးရင် Settings ဆိုတာကို ရွေးပေးရပါ မယ်။ Settings ထဲကမှ Privacy ဆိုတာကိုနှိပ်ပါ။ Privacy ထဲကိုရောက်ရင် Location ဆိုတာကို ရွေးချယ်ပြီး Microsoft EDGE ဆိုတဲ့ နေရာမှာ toggle ကို disable ပြုလုပ်ပေးထားရပါမယ်။

Internet Explorer

Internet Explorer မှာ ပိတ်မယ်ဆိုရင် Tools menu ထဲက Internet Option ဆိုတာကို ရွေးပေးရပါမယ်။ ပြီးရင် Privacy tab ကို နှိပ်ပြီး Location ဆိုတဲ့နေရာမှာ Never allow websites to request your physical location ဆိုတာကိုရွေးပြီး အမှန်ခြစ် ထည့်ပေးရပါမယ်။

Apple Safari

Safari browser မှာ ဆိုရင် Safari ဆိုတာကို နှိပ်ပါ။ Preferences ဆိုတာကို ရွေးပေးရပါမယ်။ ပြီးရင် Prvacy ဆိုတဲ့ tab ကို နှိပ်ပါ။ Website use location services ဆိုတဲ့နေရာမှာ Deny without  prompting ဆိုတာကို ရွေးပေးလိုက်ရင် Safari browser ကနေ location service ကို ပိတ်ပြီးပြီဖြစ်ပါတယ်။

Ref: howtogeek