December 12, 2017

VLC 2.2.7 ကို Ubuntu OS တွင် ထည့်သွင်းခြင်း

VLC 2.2.7 ကို Ubuntu OS 16.04 နဲ့ 14.04 တို့မှာ ထည့်သွင်း အသုံးပြုလိုသူများအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ Media format အများအပြားကို အထောက်အပံ့ ပေးနိုင်တဲ့အပြင် streaming video တွေကို ချိတ်ဆက်ပြီး ကြည့်ရှုနိုင်တဲ့ media player အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

VLC 2.2.7ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင် ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ VLC 2.2.7ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –

sudo add-apt-repository ppa:jonathonf/vlc

sudo apt-get update

sudo apt-get install vlc

ဆိုတဲ့ command တွေပဲဖြစ် ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို
download လုပ်မှာဖြစ်တဲ့အတွက် ခေတ္တ စောင့်ပေးရပါမယ်။ Package တွေကို download လုပ်ပြီးရင် ဖိုင်တွေကို တစ်ခါ တည်း install လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် VLC 2.2.7 ကို Ubuntu OS 16.04 နဲ့ 14.04 မှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

-သီဟ