December 12, 2017

Vivo V7+

Price : 429,000ks

အားသာချက်

ရှေ့ကင်မရာရဲ့ Megapixels အရမ်းမြင့်မားတဲ့အတွက် Selfie ပိုင်း မှာတော့ ကောင်းမွန်တဲ့ဖုန်းအမျိုးအစားတစ်ခုပါပဲ။ ဖုန်းမှာအသုံးပြုထား တဲ့ CPU, GPU နဲ့ မှတ်ဉာဏ်ပိုင်းတွေကောင်းမွန်ခြင်းကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရမှာပါ။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်း ကျယ်ဝန်းပြီး ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏ မြင့်မားခြင်းတွေကလည်း ကောင်းမွန်တဲ့ အချက်တွေပါပဲ။ အသံပိုင်းမှာဆိုရင်လည်း Hi-Fi audio chip ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ အသံထွက်ကို နားဆင်နိုင်ပါတယ်။

အားနည်းချက်

ဒီဖုန်းမှာတော့ Infrared နည်းပညာပါဝင်လာတာမတွေ့ရပါဘူး။ Data Transfer ပြုလုပ်တဲ့ နည်းပညာတစ်ခုဖြစ်တဲ့ NFC စနစ်ကိုလည်း ထောက်ပံ့မပေးနိုင်တဲ့အချက်တစ်ချက်လည်း ရှိပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ရှေ့မြင် ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး Vivo ရဲ့ 18:9 FullViewTM Display နည်းပညာကြောင့် ရှေ့ဘက်မြင်ကွင်းပိုင်းမှာ ကောင်းမွန်ပါတယ်။ မြင်ကွင်းမျက်နှာပြင်အပြည့် ပုံစံမျိုးဖြစ်တဲ့အတွက် ရှေ့မျက်နှာပြင်မှာ ခလုတ်တွေ တစ်ခုမှမပါဝင်ပါဘူး။ Android Key တွေဖြစ်တဲ့ Home, Back, Recent စနစ်တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ကျော ဘက်ကာဗာပေါ်မှာ Fingerprint Sensor ကိုတပ်ဆင်ပေးထားပြီး စပီကာနဲ့ USB Port ကတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာပါ။ ဖုန်း ကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထား တာဖြစ်ပြီး Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်းထည့်သွင်း အသုံးပြုနိုင်တဲ့ ပုံစံမျိုး ပြုလုပ်ထားတာတွေ့ရပါတယ်။

မြင်ကွင်း

၅.၉၉ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1440 pixels ရှိတဲ့ HD Screen အမျိုးအစားဖြစ်ပါတယ်။ Screen က ရှေ့မျက်နှာပြင်အပြည့်နီးပါးဖြစ်တဲ့အတွက်အရွယ်အစားကသင့်တင့်တဲ့ အရွယ်အစားမျိုးပါပဲ။

နည်းပညာ

V7+ ရဲ့ FullViewTM Display ဟာ ဆန်းသစ်တဲ့ အမြင်အာရုံ အတွေ့အကြုံသစ်ကို ပေးအပ်ပါလိမ့်မယ်။ Vivo ရဲ့ Game Mode ဟာ ဂိမ်းကစားနေတဲ့အချိန် ဖုန်းအ၀င်ခေါ်ဆိုမှုနဲ့ စာတိုတွေကြောင့် အနှောင့်အယှက် မဖြစ်စေအောင် တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ App အချို့ကတော့ FullViewTM Display နဲ့ Game Mode ကို ထောက်ပံ့ပေးဦးမှာ မဟုတ်ပါဘူး။ Face Beauty 7.0 Naturally Beautiful Shots စနစ်နဲ့ နောက်ခံ Background တွေကို ဝါးသွားအောင် လုပ်ပေးနိုင်တဲ့စနစ်တွေလည်း ပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ App တွေကို Screen နှစ်ခြမ်းပိုင်းပြီးသုံးတဲ့ Multitasking စနစ်ကိုလည်း လက်ချောင်း ၃ ချောင်းနဲ့ဆွဲပြီး အလွယ်တကူ သုံးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Vivo ရဲ့ V7+ ဟာ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းစနစ်၊ ရှေ့ကင်မရာ စနစ်တွေမှာ မြင့်မား ကောင်းမွန်ပြီး ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါပဲ။ ဖုန်းရဲ့ Hardware ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ အပြင် Megapixels မြင့်မားတဲ့ နောက်ဘက်ကင်မရာနဲ့ ရှေ့ကင်မရာ၊ စုံလင်တဲ့ ဓာတ်ပုံအသုံးပြု Mode တွေလည်း ပါဝင်တဲ့အတွက် ဓာတ်ပုံ ဝါသနာရှင်တွေအတွက်တော့အကြိုက်တွေ့နိုင်ပါတယ်။ မျက်နှာပြင် ကျယ်ဝန်းပြီး မြင်ကွင်းကျယ် ပုံစံမျိုး အသုံးပြုနိုင်တဲ့အပြင် ဖုန်းရဲ့ပုံစံဒီ ဇိုင်းနဲ့ အရွယ်အစားကလည်း ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင် ကျရှိနေပါတယ်။

Network GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.1
CPU – Octa-core 1.8 GHz Cortex-A53
GPU – Adreno 506
Memory – Internal 64GB, 4GB RAM, Micro SD 256GB
Camera – 16 MP, f/2.0, phase detection autofocus,LED flash, 1/3″ sensor size, 1.0 µm pixel size, geo-tagging, touch focus, face detection, HDR, Video, Secondary 24 MP, f/2.0
Wi-Fi – Wi-Fi 802.11 b/g/n/ac, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3225 mAh Battery

သူတို့အမြင်

ကိုစိုင်းမင်းလတ် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက ကင်မရာပိုင်းမှာ Megapixels တွေတော်တော်လေးမြင့် တယ်လို့ ပြောလို့ ရတယ်။ ရှေ့ကင်မရာဆိုရင် Selfie ကင်မရာတွေ ထဲမှာ အမြင့်ဆုံးလို့ကိုပြောလို့ ရတဲ့ဖုန်းပါ။ ဖုန်းရဲ့ မှတ်ဉာဏ်ကလည်း တော်တော်လေး မြင့်တာတွေ့ရတယ်။ ရှေ့မြင် ကွင်းကလည်း Screen အပြည့်ဆိုတော့ ကြည့်ရတာရော သုံးရတာ ပါတော်တော်လေး ကောင်းလာတယ်။ ဈေးနှုန်းနဲ့ယှဉ်ကြည့်မယ်ဆို ရင်တော့ တန်တယ်လို့ ပြောလို့ ရပါတယ်။ Fingerprint ကလည်း တော်တော်လေးမြန်တယ်။ ဒီဇိုင်းပိုင်းလည်းကောင်းပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်း သုံးနိုင်တဲ့အချက်က လည်း User တွေအတွက် ကောင်းတဲ့ အချက်တစ်ခုလို့ ပြောလို့ ရပါ တယ်။

ကိုအောင်ကို (စမ်းသပ်အသုံးပြုသူ)

ရှေ့ကင်မရာက Megapixels တော်တော်လေး မြင့်တာတွေ့ရ တယ်။ နောက်ဘက်ကင်မရာကလည်း ကောင်းပါတယ်။ ကင်မရာ တွေအားလုံးက Megapixels များတဲ့အပြင် မှတ်ဉာဏ်ပိုင်းကလည်း တော်တော်လေး ကောင်းမွန်ပါတယ်။ ရှေ့မြင်ကွင်း ကလည်း မျက်နှာ ပြင်အပြည့်ဖြစ်တဲ့အတွက် မြင်ကွင်းပိုင်းအတွက်တော်တော် လေးကောင်းလာတာတွေ့ရတယ်။ CPU, GPU ပိုင်းတွေက သိပ်အမြင့်ကြီး မဟုတ်ပေမယ့်လည်း အဆင်ပြေပြေ အသုံးပြုနိုင်တာတွေ့ရ ပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်းထည့်ပြီး သုံးနိုင်တာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။

မလင်းလင်း (စမ်းသပ်အသုံးပြုသူ)

ရှေ့ကင်မရာ Megapxiels မြင့်တာကို သဘောကျတယ်။ Selfie ဝါသနာပါတဲ့သူဆိုတော့ Selfie ကင်မရာကောင်းတဲ့ ဖုန်းတွေဆိုရင် ကြိုက်တယ်။ Memory ကလည်း RAM ရော ROM ရော ကောင်းပါတယ်။ Screen ကလည်း ဖုန်းတစ်ခုလုံး အပြည့်နီးပါးဆိုတော့ ကြည့်ရတာလည်းကောင်းပါတယ်။ Screen Resolution ကတော့ နည်းနည်းနိမ့်တယ်လို့ ခံစားရတယ်။ ဘက်ထရီလည်း အသုံးခံပါ တယ်။ ဓာတ်ပုံရိုက်ရတာလည်း ကောင်းပါတယ်။

-ကိုသက်

Vivo V7+ ရဲ့ Hands On Video

Vivo V7+ ကို လေ့လာကြည့်ခြင်း

Posted by Internet Journal on Friday, October 6, 2017