April 22, 2018

Vivo V7

Price : 349,000

အားသာချက်

ရှေ့ကင်မရာရဲ့ Megapixels အရမ်းမြင့်မားတဲ့အတွက် Selfie ပိုင်းမှာတော့ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုပါပဲ။ ဖုန်းမှာ အသုံးပြုထား တဲ့ CPU, GPU နဲ့ မှတ်ဉာဏ်ပိုင်းတွေ ကောင်းမွန်ခြင်းကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရမှာပါ။ ဖုန်းရဲ့ ရှေ့ဘက်မြင်ကွင်း ကျယ်ဝန်းပြီး ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားခြင်းတွေကလည်း ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ Infrared နည်းပညာ ပါဝင်လာတာမတွေ့ရပါဘူး။ Data Transfer ပြုလုပ်တဲ့ နည်းပညာတစ်ခုဖြစ်တဲ့ NFC စနစ်ကိုလည်း ထောက်ပံ့မပေးနိုင်တဲ့ အချက်တစ်ချက်လည်း ရှိပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ရှေ့မြင် ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး Vivo ရဲ့ 18:9 FullViewTM Display နည်းပညာကြောင့် ရှေ့ဘက်မြင်ကွင်းပိုင်းမှာ ကောင်းမွန်ပါတယ်။ မြင်ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အတွက် ရှေ့မျက်နှာပြင်မှာ ခလုတ်တွေ တစ်ခုမှမပါဝင်ပါဘူး။ Android Key တွေဖြစ်တဲ့ Home, Back, Recent စနစ်တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ကျော ဘက်ကာဗာပေါ်မှာ Fingerprint Sensor ကို တပ်ဆင်ပေးထားပြီး စပီကာနဲ့ USB Port ကတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာပါ။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထား တာဖြစ်ပြီး Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်းထည့်သွင်း အသုံးပြုနိုင်တဲ့ ပုံစံမျိုး ပြုလုပ်ထားတာတွေ့ရပါတယ်။

မြင်ကွင်း

၅.၇ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1440 pixels ရှိတဲ့ HD Screen အမျိုးအစားဖြစ်ပါတယ်။ Screen က ရှေ့မျက်နှာပြင်အပြည့်နီးပါးဖြစ်တဲ့အတွက်အရွယ်အစားကသင့်တင့်တဲ့ အရွယ်အစားမျိုးပါပဲ။

နည်းပညာ

V7 ရဲ့ FullViewTM Display ဟာ ဆန်းသစ်တဲ့ အမြင်အာရုံ အတွေ့အကြုံသစ်ကို ပေးအပ်ပါလိမ့်မယ်။ Vivo ရဲ့ Game Mode ဟာ ဂိမ်းကစားနေတဲ့အချိန် ဖုန်းအ၀င်ခေါ်ဆိုမှုနဲ့ စာတိုတွေကြောင့် အနှောင့်အယှက် မဖြစ်စေအောင် တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ App အချို့ကတော့ FullViewTM Display နဲ့ Game Mode ကို ထောက်ပံ့ပေးဦးမှာ မဟုတ်ပါဘူး။ Face Beauty 7.0 Naturally Beautiful Shots စနစ်နဲ့ နောက်ခံ Background တွေကို ဝါးသွားအောင် လုပ်ပေးနိုင်တဲ့စနစ်တွေလည်း ပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ App တွေကို Screen နှစ်ခြမ်းပိုင်းပြီးသုံးတဲ့ Multitasking စနစ်ကိုလည်း လက်ချောင်း ၃ ချောင်းနဲ့ဆွဲပြီး အလွယ်တကူ သုံးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ Facebook, Viber တို့လို App တွေနဲ့ Chat App အချို့ကိုလည်း နှစ်ခုစီခွဲပြီး အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Vivo ရဲ့ V7 ဟာ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းစနစ်၊ ရှေ့ကင်မရာစနစ်တွေမှာ မြင့်မား ကောင်းမွန်ပြီး ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါပဲ။ ဖုန်းရဲ့ Hardware ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ အပြင် Megapixels မြင့်မားတဲ့ နောက်ဘက်ကင်မရာနဲ့ ရှေ့ကင်မရာ၊ စုံလင်တဲ့ ဓာတ်ပုံအသုံးပြု Mode တွေလည်း ပါဝင်တဲ့အတွက် ဓာတ်ပုံ ဝါသနာရှင်တွေအတွက်တော့အကြိုက်တွေ့နိုင်ပါတယ်။ မျက်နှာပြင် ကျယ်ဝန်းပြီး မြင်ကွင်းကျယ် ပုံစံမျိုး အသုံးပြုနိုင်တဲ့အပြင် ဖုန်းရဲ့ပုံစံဒီ ဇိုင်းနဲ့ အရွယ်အစားကလည်း ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင် ကျရှိနေပါတယ်။ V7+ ထက်အချို့ စနစ်တွေမှာ အနည်းငယ် နိမ့်နေတယ်လို့ ဆိုပေမယ့်လည်း ဈေးနှုန်းအရကြည့်မယ်ဆိုရင်တော့ V7+ ထက် ဈေးပိုသက်သာတဲ့အတွက် သုံးပျော်တဲ့ဖုန်းပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 7.1.2
CPU – Octa-core 1.8 GHz Cortex-A53
GPU – Adreno 506
Memory – Internal 32GB, 4GB RAM , Micro SD 256GB
Camera – 16 MP (f/2.0, 1/3″, 1.0 µm), phase detection autofocus, LED flash, Geo-tagging, touch focus, face detection, Video, Secondary 24 MP, f/2.0
Wi-Fi – 802.11 b/g/n, WiFi Direct, DLNA, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3000 mAh Battery

-ကိုသက်