October 21, 2017

Vivo V5 Lite

Price    – 288,000 Ks
Device Support    – VIVO

အားသာချက်

ဈေးနှုန်းသင့်တင့်တဲ့ အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ ကင်မရာပိုင်းဟာ Megapixel မြင့်မားတဲ့ ကင်မရာတွေကို အသုံးပြုထားတာ ဖြစ်တဲ့အတွက်ဓာတ်ပုံပိုင်းမှာ ကောင်းမွန်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ကောင်းမွန်တဲ့အပြင် ပါဝါအသုံးပြုခြင်းအတွက် ဘက်ထရီပိုင်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။ ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ Gesture နဲ့ Motion စနစ်တွေ စုံစုံလင်လင် ပါဝင်ပြီး Settings ပိုင်းမှာလည်း စနစ်တွေ စုံစုံလင်လင် ထည့်ပေးထားတာတွေ့ရမှာပါ။

အားနည်းချက်

ဈေးနှုန်း အလယ်အလတ် ဖုန်းဖြစ်ပေမယ့် Fingerprint စနစ်တော့ ပါဝင်မှာမဟုတ်ပါဘူး။ Sim Card နှစ်ကတ် အသုံးပြုနိုင်တဲ့ Dual Sim ဖုန်း ဖြစ်ပေမယ့် Sim Card တစ်နေရာဟာ SD Card နဲ့ တွဲထားတဲ့အတွက် SD Card အသုံးပြုမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးနိုင်မှာပါ။

ဒီဇိုင်း

ဖုန်းရဲ့ ကိုယ်ထည်ကတော့ ပလတ်စတစ်နဲ့ သတ္တုကိုရောစပ် အသုံးပြုထားတဲ့ ပုံစံမျိုးဖြစ်ပြီး ပုံစံဒီဇိုင်းကတော့ ရိုးရိုးရှင်းရှင်းတဲ့ တည်ငြိမ်တဲ့ ပုံစံမျိုးရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၃၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၅ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၆ စင်တီမီတာ ရှိပါတယ်။ အလေးချိန်က ၁၅၅ ဂရမ်ဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်မှာတော့ အလေးချိန်က မလေးလွန်း မပေါ့လွန်းတဲ့ အခြေအနေမျိုး ရှိနေပြီး ထုထည်ကလည်း မထူမပါး အခြေအနေမျိုး ရှိပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels  (~267 ppi pixel density) ရှိပါတယ်။

နည်းပညာ

ဒီဖုန်းမှာတော့ ဖုန်းကိုကြည့်နေတဲ့ အချိန်မှာ မျက်စိကို အလင်းထိတွေ့မှု သက်သာအောင်လုပ်နိုင်တဲ့ Eye Protection ဆိုတဲ့ စနစ်ကို အသုံးပြုတဲ့အခါမှာ အလင်းရောင်နဲ့ Screen အခြေအနေကို ကိုယ်ကြိုက်သလို ချိန်ညှိ အသုံးပြုနိုင်ပါတယ်။ ပါဝါအသုံးပြုခြင်း အတွက်လည်း ပုံမှန် Power Saving စနစ်အပြင် Super Power Saving စနစ်လည်း ပါဝင်ပါတယ်။ Smart motion ဆိုတဲ့ စနစ်ထဲမှာလည်း ဖုန်းအတွက် အသုံးပြုနိုင်တဲ့ Gesture & Motion စနစ်တွေကို စုံစုံလင်လင် မြင်တွေ့နိုင်ပါတယ်။ Smart motion စနစ်ထဲမှာ Air Operation ဆိုတဲ့ စနစ်ကိုလည်း မြင်တွေ့ရမှာပါ။ Multitasking စနစ်လို အသုံးပြုနိုင်တဲ့ Smart split ဆိုတဲ့စနစ်၊ Screen Off အခြေအနေမှာ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကို Volume Down Key နှိပ်ပြီး အလွယ်တကူ ဝင်နိုင်တဲ့ Smart click ဆိုတဲ့ နည်းပညာတွေကို မြင်တွေ့ရမှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို သုံးသပ်ကြည့်မယ် ဆိုရင်တော့ Vivo V5 Lite ဟာ ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ Settings စနစ်တွေမှာ ပြည့်စုံကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ တန်ဖိုးသင့် ဈေးနှုန်းအလယ်အလတ် ဖုန်းဖြစ်ပေမယ့် ဖုန်းမှာ ပါဝင်တဲ့ မှတ်ဉာဏ်ပိုင်းနဲ့ ကင်မရာ ပိုင်းတွေမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ကင်မရာပိုင်းမှာ နောက်ဘက်ကင်မရာ 13Megapixels နဲ့ ရှေ့ကင်မရာ 16Megapixels ကင်မရာတွေ ဖြစ်ပေမယ့် ကင်မရာ Feature တွေကတော့ သိပ်အများကြီး မပါပါဘူး။ ရှေ့ကင်မရာစနစ်မှာတော့ Flash စနစ်ပါတဲ့အတွက် Selfie သမားတွေအတွက်တော့ အဆင်ပြေနိုင် ပါတယ်။ နောက်ပိုင်းထွက် ဈေးနှုန်းအလယ်အလတ် ဖုန်းတွေ တော်တော်များများမှာ Fingerprint ပါဝင်တတ်ကြပေမယ့် Fingerprint မပါတာကို မကြိုက်ဘူး ဆိုရင်တော့ ဒီဖုန်းကို ရွေးချယ်ဖို့နည်းနည်း ခက်နိုင်ပါတယ်။

Network     GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano & Micro SIM Dual Standby)
OS            Android OS, v6.0
CPU           1.5GHz Octa Core Cortex-A53
GPU           Mali-T760
Memory       Internal 32GB, 3GB RAM, Micro SD 256 GB
Camera      13 MP, f/2.2, autofocus, LED flash, Geo-tagging, touch focus, face detection, panorama, HDR, Video, Front 16 MP, f/2.0, Wi-Fi
Wi-Fi          802.11 b/g/n
Bluetooth     v4.0, A2DP
Battery        Li-Ion 3000 mAh Battery

သူတို့အမြင်

ကိုဇော်မျိုးလွင် (အသုံးပြုသူ)

Vivo V5 Lite က သုံးရတာတော့ မဆိုးပါဘူး။ ဖုန်းရဲ့ Settings ထဲမှာပါတဲ့ စနစ်လေးတွေကလည်း သုံးရတာကောင်းပါတယ်။ Motion စနစ်တွေလည်း အများကြီးပါတယ်။ ကျွန်တော်ကတော့ Motion တွေ အကုန်မသုံးဖြစ်ပါတယ်။ Memory ပိုင်းလည်းကောင်းပါတယ်။ 32GB ဆိုတော့ အလယ်အလတ်လောက်တော့ ရှိတာပေါ့နော်။ ကင်မရာကလည်း မဆိုးပါဘူး။ Megapixels မြင့်သလို ပုံထွက်လေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ကင်မရာရဲ့ Feature တွေကတော့ နည်းတယ်လို့ခံစားရတယ်။ ဂရပ်ဖစ်မြင့်တဲ့ ဂိမ်းကစားတဲ့ အချိန်မှာလည်း ဂရပ်ဖစ်ကနည်းနည်းထစ်ချင်နေသလိုပဲ။ အဲဒါလေးတော့ရှိတယ်။ ကျန်တာကတော့ သုံးရတာ အဆင်ပြေပါတယ်။

ကိုဝေယံလင်း (စမ်းသပ်အသုံးပြုသူ)

ကြိုက်တာလေးတွေ ပြောဆိုရင်တော့ ဖုန်းရဲ့ Settings စနစ်တွေကို ကြိုက်တယ်လို့ ပြောရမယ်။ စနစ်လေးတွေက အသုံးတည့်တယ်။ ပေါ့ပေါ့ပါးပါးလည်း ရှိသလိုပဲ။ ကင်မရာကိုလည်း သဘာကျပါတယ်။ Megapixels မြင့်တဲ့ ကင်မရာတွေကို သုံးထားတာဆိုတော့ စိတ်ဝင်စားစရာပဲလေ။ Me-mory ပိုင်းကလည်း မဆိုးပါဘူး။ သူ့ဈေးနဲ့ဆိုရင်တော့ သူ့မှာပါတဲ့ Memory နဲ့ ကင်မရာတွေကသုံး ပျော်တယ်လို့ ပြောလို့ရတယ်။ ကင်မရာ Feature တွေ သိပ်များများ မပါတာကလည်း သိပ်တော့အခက်အခဲ မရှိပါဘူး။ အဓိကက ပုံထွက် ကောင်းနေရင် အဆင်ပြေတာပဲလေ။ Fingerprint မပါတာကိုတော့ သဘောမကျဘူး။ ခုနောက်ပိုင်းမှာ Fingerprint က
တော်တော်များများ သုံးလာကြပြီလေ။

မစိုးစိုးခိုင် (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းလေးက မဆိုးဘူးလို့ ပြောရမယ်။ Internal Memory ကလည်း 32GB/ RAM 3GB ဆိုတော့ မဆိုးပါဘူး။ မှတ်ဉာဏ်ပိုင်းလည်း ကောင်းပါတယ်။ ကင်မရာကလည်း နောက် ကင်မရာက 13 Megapixels နဲ့ ရှေ့ကင်မရာ 16 Megapixels ဆိုတော့ ဒါကလည်း မဆိုးဘူးပြောရမယ်။  ကင်မရာ Megapixels တွေကတော့ စိတ်ဝင်စားစရာ ကောင်းတဲ့အပြင် Selfie အတွက်လည်း Flash ပါတော့ ပိုအဆင်ပြေသလိုပဲ။ ဒါပေမယ့် ကင်မရာ Effect တွေနဲ့ Feature တွေကတော့ နည်းသလိုပဲ။ ပြီးတော့ ဒီဈေးနှုန်းထဲမှာဆိုရင် နောက်ပိုင်းထွက် ဖုန်းတော်တော်များများမှာ Fingerprint ပါလာကြ တာများတယ်။ ဒီဖုန်းက Fingerprint မပါဘူးဆိုတော့ အဲဒါကိုတော့ သိပ်သဘော မကျချင်ဘူး။ ဖုန်းထဲက သုံးရတဲ့ Setting စနစ်တွေကတော့ ကောင်းပါတယ်။

Settings ထဲမှာပါတဲ့ Smart Click ဆိုတဲ့ စနစ်ကတော့ ဖုန်းကို Screen ပိတ်ထားချိန်မှာ ဖုန်းရဲ့ Volume Down Key ကိုအသုံးပြုပြီး အသုံးပြုချင်တဲ့ စနစ်ထဲကို အလွယ်တကူဝင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့အခါမှာ Shortcut အနေနဲ့ အလွယ်တကူဝင်နိုင်မယ့် စနစ်တွေအတွက် ဖုန်းကနေ Default ပေးထားတဲ့စနစ် ၄ ခုပါဝင်မှာဖြစ်ပြီး မိမိအသုံးပြုချင်တဲ့ စနစ်တစ်ခုကိုလည်း စိတ်ကြိုက်ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

ဖုန်းကို ကြည့်နေတဲ့ အချိန်မှာ မျက်စိကို Screen ရဲ့အလင်း ထိတွေ့မှုတွေအတွက် ကာကွယ်ပေးတဲ့ Eye Protection ဆိုတဲ့စနစ် ကိုအသုံးပြုတဲ့ အခါမှာ အလင်းနဲ့ အရောင်ကို မိမိစိတ်ကြိုက် Manual ချိန်ညှိ အသုံးပြုနိုင်တဲ့အပြင် အချိန်နဲ့ ချိန်ညှိပြီးတော့လည်း Schedule နဲ့အသုံးပြုနိုင်ပါတယ်။


Smart Split ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာရှိတဲ့ App တွေကို Multitasking ပုံစံမျိုး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

Super screenshot ဆိုတဲ့ စနစ်ထဲမှာလည်း Screenshot ကို ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်ပါတယ်။ ပုံမှန် Screenshot, Long Screen-shot, Screen recording, Rectangular, Funny Screenshot အစရှိတဲ့ ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်ပါတယ်။ Super Screenshot ဆိုတဲ့စနစ်ရဲ့ Instructions ထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေကို မြင်တွေ့နိုင်ပါတယ်။

Smart Motion ဆိုတဲ့ စနစ်ထဲမှာလည်း အသုံးပြုနိုင်တဲ့ Gesture & Motion စနစ်တွေ အများအပြား ပါဝင်ပါတယ်။

ဒီဖုန်းမှာ  Screen Lock  စနစ်ကို အသုံးပြုမယ် ဆိုရင်တော့  Security ထဲမှာ Password တစ်မျိုးတည်း ပါနေတာကိုတွေ့ရမှာပါ။ Password options ဆိုတာကို နှိပ်လိုက်တော့မှ Pattern Lock စနစ်နဲ့ 4 Digit password နဲ့ 6 Digit password ကိုပြောင်းဖို့ မြင်ရမှာပါ။

-ကိုသက်