September 26, 2017

Vivo V5 Black Edition

Price – 318,000

အားသာချက်

ဈေးနှုန်းအလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာ ပါဝင်ဖွဲ့စည်းပေးထားတဲ့ CPU, GPU အစရှိတဲ့ Hardware ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာ Megapixels မြင့်မားတဲ့ ကင်မရာတွေကို အသုံးပြုထားပြီး ရှေ့ကင်မရာရဲ့ Megapixels အရမ်း မြင့်မားနေတဲ့အချက်နဲ့ မှတ်ဉာဏ်ပိုင်းမှာ မြင့်မားခြင်း အချက်တွေက ဒီဖုန်းရဲ့ အားသာချက်တွေပါပဲ။ ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်ခြင်းမှာလည်း လှပတဲ့အပြင် Sensor ပိုင်းနဲ့ Motion စနစ်အသုံးပြုခြင်း အပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

အားနည်းချက်

Sim ကတ်နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card နဲ့ Sim ကတ်တစ်နေရာက တွဲထားတဲ့အတွက် SD Card သုံးမယ်ဆိုရင် တော့ Sim ကတ် တစ်ကတ်ပဲ သုံးနိုင်မှာပါ။ Screen ကလည်း Full HD Screen မဟုတ်ပဲ ပုံမှန် HD Screen Resolution Screen ပါ။

ဒီဇိုင်း

ဒီဇိုင်းပိုင်းမှာတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ ကြည့်ကောင်းတဲ့ပုံစံမျိုးလို့ ပြောလို့ရပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့တည်ဆောက် ထားတာပါ။ Black Edition မှာတော့ iPhone Jack Black လိုမျိုး  ဖုန်းတစ်ခုလုံး အနက်ရောင်ဖြစ်လာပြီး ကျောဘက် ကာဗာအပေါ်နဲ့ အောက်ခြေနားမှာ ငွေရောင်လိုင်း တစ်ခုစီ ပါဝင်ပါတယ်။ ဖုန်းတစ်ခုလုံး ရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၃၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၅ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၆ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ဖုန်းတစ်ခုပါပဲ။ အလေးချိန်ကတော့ ၁၅၄ ဂရမ်ရှိပြီး ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့ အံဝင်ခွင်ကျရှိနေပြီး ပေါ့ပေါ့ပါးပါး ရှိတယ်လို့ ခံစားရစေပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen ပါ။

နည်းပညာ

ဖုန်းမှာပါဝင်တဲ့ Fingerprint ဟာ Home Button နဲ့အတူ တွဲထားပေမယ့် Physical Button မျိုးမဟုတ်ပဲ Touch Pad လိုပုံစံမျိုး Solid State အသုံးပြုရမှာပါ။ Fingerprint ကမှတ်သားချိန်မှာ လက်ကိုအတည့်အတိုင်း မှတ်သားထားပေမယ့် အသုံးပြုတဲ့အခါမှာတော့ ၃၆၀ ဒီဂရီပတ်လည် အခြေအနေနဲ့ အသုံးပြုနိုင်ပါတယ်။ Smart Motion ဆိုတဲ့ စနစ်ထဲမှာ စုံလင်တဲ့ Motion စနစ်တွေကို မြင်တွေ့ရမှာပါ။ Smart Multi Screen ဆိုတဲ့စနစ်ကလည်း App တွေကို Multi Windows လိုမျိုး တစ်ခြမ်းစီ အသုံးပြုနိုင်တဲ့စနစ်၊ Screenshot ပုံစံမျိုးစုံပြုလုပ်နိုင်တဲ့ Super Screenshot ဆိုတဲ့ စနစ်တွေပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ ရှေ့ကင်မရာက Megapixels မြင့်မားတဲ့အပြင် ကောင်းမွန်တဲ့ ရုပ်ထွက်မြင်ကွင်းတွေကိုလည်း ခံစားရမှာပါ။ နောက်ဘက်ကင်မရာကို အသုံးပြုတဲ့အခါမှာလည်း Slomotion ဗီဒီယိုရိုက်ကူးခြင်းနဲ့ ဗီဒီယိုအမြန် ရိုက်ကူးခြင်း၊ Manual စနစ်ဖြင့်ဓာတ်ပုံ ရိုက်ခြင်း၊ ညပိုင်း အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်မယ့် Night Mode စနစ်တွေ ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကိုခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Vivo V5 Black Edition ဟာ  ပထမထွက်ခဲ့တဲ့ V5 နဲ့ ဖုန်းရဲ့အချက်အလက်တွေ အကုန်တူညီပေမယ့် အရောင်ပိုင်းမှာ ပိုမိုလှပပြီး တောက်ပလာတယ်လို့ ပြောလို့ရပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေ ကောင်းမွန်တဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။ မှတ်ဉာဏ်ပိုင်းမှာတော့ Internal Memory ကပုံမှန်လောက်ပဲ ရှိနေပေမယ့် သူ့ရဲ့ဈေးနှုန်းနဲ့ ဆိုရင်တော့ ပါဝင်တဲ့ RAM က မြင့်မားနေတယ်လို့ ပြောလို့ရပါတယ်။ Settings Feature ပိုင်းတွေမှာလည်း စုံစုံလင်လင် အသုံးပြုနိုင်တဲ့အပြင် Fingerprint စနစ်ကလည်း ကောင်းမွန်ပြီး တုန့်ပြန်မှု မြန်ဆန်ပါတယ်။ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သူ့မှာပါဝင် တဲ့ CPU, GPU, RAM, Camera Megapixels နဲ့ ဖုန်းရဲ့ Feature တွေ၊ Fingerprint စနစ်တွေက သုံးပျော်တယ်လို့ ဆိုနိုင်ပါတယ်။

Network       GSM – 2G/ 3G/ 4G

SIM               Dual SIM (Nano & Micro Sim Dual Standby)

OS                 Android OS, v6.0, Funtouch OS 2.6

CPU              Octa-core 1.5 GHz Cortex-A53

GPU              Mali-T860MP2

Memory        Internal 32GB, 4GB RAM, Micro SD 256GB

Camera         13 MP, phase detection autofocus, LED flash,  Geo-tagging, touch focus, face  detection, panorama,
HDR Video, Secondary 20 MP, f/2.0, 1/2.8″ sensor size

Wi-Fi             802.11 a/b/g/n, WiFi Direct, DLNA, hotspot

Bluetooth      4.0, A2DP

Battery          Li-Ion 3000 mAh Battery

သူတို့အမြင်

မဝေဝေ (စမ်းသပ်အသုံးပြုသူ)

Vivo V5 Black ကတော့ နဂိုထွက်ခဲ့တဲ့ V5 နဲ့ အကုန်တူတူပဲဆိုတော့ သိပ်တော့မှတ်ချက် ပေးစရာမရှိပါဘူး။ လက်ရှိလည်း V5 ရွှေရောင် ကိုင်ထားတယ်လေ။ ခုထွက်လာတဲ့ဖုန်းက Black Edition ဆိုတော့ အရောင်နဲ့ ပုံစံကတော့ iPhone Jack Black နဲ့ ဆင်လာတယ်။ ဖုန်းတစ်ခုလုံး အနက်ရောင်ကိုမှ နောက်ကျောဘက်မှာ လိုင်းစင်းလေး နှစ်ခုပါတာကလည်း လှတယ်။ အရောင်ရော ဒီဇိုင်းရော ကြိုက်ပါတယ်။ ကင်မရာကလည်း ရှေ့ကင်မရာက တော်တော်လေးကောင်းတယ်။ အဲဒါကိုတော့ သဘောကျတယ်။ မိန်းကလေးတွေက Selfie ရိုက်ကြတာ့ ရှေ့ကင်မရာကောင်းရင် သဘောကျကြတယ် လေ။ ဖုန်းထဲမှာသုံးရတဲ့ စနစ်တွေကလည်း ကောင်းပါတယ်။

ကိုဇော်ဝင်းထက် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းမှာတော့ အရောင်နဲ့ ဒီဇိုင်းကို အရင်ဆုံးသဘောကျတယ်လို့ ပြောရမယ်။ ပြီးတော့ ဖုန်းထဲမှာသုံးရတဲ့ Settings စနစ်တွေထဲမှာလည်း သုံးလို့ကောင်းတဲ့ စနစ်လေးတွေ ပါလာတာကို သဘောကျပါတယ်။ Function လေးတွေ စုံတယ်လို့ ပြောလို့ ရတယ်။ ကင်မရာ ကလည်း Megapixels များတဲ့ ကင်မရာတွေဆိုတော့ ကောင်းပါတယ်။ နောက်ဘက်ကင်မရာက သူ့ဈေးနဲ့သူ လိုက်ဖက်ပေမယ့် ရှေ့ကင်မရာကတော့ Megapixels တော်တော်လေး များတဲ့အတွက် ရှေ့ကင်မရာပိုင်း၊ RAM ပိုင်းတွေနဲ့ ဈေးကိုနှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းက သုံးပျော်တယ်လို့ ပြောလို့ရနေတယ်။ Fingerprint ကလည်း မြန်တဲ့အပြင် သုံးရတာလည်း ကောင်းပါတယ်။ ရှေ့ကင်မရာ Feature တွေကတော့ သိပ်မပါသလို ခံစားရတယ်။

မနွေးနွေးသူ (စမ်းသပ်အသုံးပြုသူ)

အရင်ထွက်ခဲ့တဲ့ V5 နဲ့ အားလုံးတူတူပဲ ဆိုပေမယ့် အရောင်ကတော့ ကောင်းလာတယ်။ ဖုန်းတစ်ခုလုံးက iPhone Jack Black လိုမျိုး ဖြစ်သွားတော့ ပိုပြီးလှလာတယ်။ ကင်မရာလည်း အရမ်းကြိုက်ပါတယ်။ ရှေ့ကင်မရာကလည်း Selfie ဓာတ်ပုံအတွက် Megapixels ကောင်းသလို Flash မီးလည်း ပါတဲ့အတွက် ပိုအဆင်ပြေပါတယ်။ Memory ပိုင်းကတော့ 32GB ဆိုတော့ ပုံမှန်လောက်ပဲလို့ ပြောလို့ရပေမယ့် RAM က တော့တော်တော်လေး မြင့်တယ်။ Fingerprint ကလည်း ကောင်းပါတယ်။ ထိလိုက်ရုံနဲလည်း ပွင့်တယ်။ မြန်လည်း မြန်တယ်။ ဖုန်းမှာသုံးရတဲ့ Motion စနစ်ပိုင်းတွေနဲ့ တစ်ခြားစနစ်တွေကလည်း အဆင်ပြေပါတယ်။ ဈေးနဲ့သုံးရတာနဲ့ကတော့ တန်တယ်လို့ ပြောလို့ ရတယ်။

စာဖတ်ချိန်၊ ဖုန်း Screen ကို အချိန်ကြာမြင့်စွာ ကြည့်တဲ့အချိန်မှာသုံးတဲ့ Eye Protection ဆိုတဲ့ စနစ်မှာတော့ အလင်းအမှောင်ကို စိတ်ကြိုက်ချိန်ပြီး သုံးနိုင်တဲ့ Manual စနစ်၊ Eye Protect လုပ်ချင်တဲ့ အချိန်ကို စိတ်ကြိုက် သတ်မှတ်ထားပြီး သုံးနိုင်တဲ့ Set Time စနစ်တွေ ပါဝင်ပါတယ်။

Smart Motion ဆိုတဲ့စနစ်ထဲမှာတော့ စုံလင်တဲ့ Motion စနစ် အသုံးပြုခြင်း ပုံစံတွေကို မြင်တွေ့ရပါလိမ့်မယ်။

Screenshot ပြုလုပ်တဲ့အခါမှာ ပုံမှန် Screenshot စနစ်အပြင်  Long screenshot, pattern screenshot, lasso, doodle, Screen Recording, Rectangular အစရှိသဖြင့် ၆ မျိုးအသုံးပြုနိုင်တဲ့ Super Screenshot စနစ်ပါဝင်ပါတယ်။

ဖုန်းမှာအကောင့်ခွဲပြီး အသုံးပြုနိုင်တဲ့ Visitor mode ဆိုတဲ့စနစ်ကိုလည်း Security ထဲမှာ မြင်တွေ့နိုင်ပါတယ်။ Visitor mode ကိုအသုံးပြုတဲ့အခါမှာ Visitor အတွက် Password ပေးထားနိုင်ပြီး ကိုယ်အသုံးမပြုစေချင်တဲ့ Icon ၃၂ မျိုးအထိ ပိတ်ထားနိုင်ပါတယ်။

Smart Multi Screen ဆိုတဲ့ စနစ်ထဲမှာတော့ ဖုန်းမှာ ဗီဒီယိုကြည့်နေတဲ့ အချိန်မျိုးတွေမှာ Message ဝင်လာတာ၊ Mail ဝင်လာ တာတွေအတွက် Message Icon ကိုနှိပ်လိုက်ရုံနဲ့ Screen ကိုနှစ်ခြမ်းခွဲပြီး Multitasking စနစ် အသုံးပြုနိုင်မဲ့ပုံစံကို မြင်တွေ့ရမှာပါ။

ကင်မရာပိုင်းမှာတော့ Slow ဆိုတဲ့ Slowmotion ဗီဒီယိုရိုက်တဲ့ Feature နဲ့ Fast ဆိုပြီး ဗီဒီယို အမြန်ရိုက်နိုင်တဲ့ စနစ်တွေ ပါဝင်လာပါတယ်။