June 24, 2018
အီလက်ထရောနစ် ငွေပေးချေမှု တွင်ကျယ်စေရန် အစိုးရအနေဖြင့် ပညာပေးဗဟုသုတများကိုလုပ် ဆောင်ရန်လိုဟုဆို
[ Zawgyi ]
-အောင်သက်ကို
[ Unicode ]
အီလက်ထရောနစ် ငွေပေးချေမှု ပိုမိုတွင်ကျယ်လာစေဖို့အတွက် အစိုးရအနေနဲ့ ပြည်သူလူထုကို ပညာပေးဗဟုသုတတွေ လုပ်ဆောင်ဖို့လိုကြောင်း Visa Myanmar ရဲ့ Country Manager ဖြစ်သူ Artura Planell ကပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဘဏ်စနစ်အပေါ်ယုံကြည်မှုရှိပေမယ့် ခေတ်မီငွေကြေးဆိုင်ရာ အသိ ပညာဗဟုသုတများလိုအပ်နေကြောင်း၊ မြို့ပြနေ ပြည်သူလူထုထက်ဝက်ခန့်ဟာ အကြွေးဝယ်ကတ် များနဲ့ အာမခံထားရှိခြင်းအကြောင်း သိရှိထားခြင်းမရှိကြောင်း၎င်း ကဆက်ပြောပါတယ်။ “ပြည်သူ တွေအနေနဲ့ ငွေကြေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေတိုးမြှင့်ပေးဖို့လိုအပ်နေပြီးတော့ ကို်ယ်ရေးကိုယ်တာ ဆိုင်ရာငွေ ကြေးကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်နေတဲ့အသိပညာနဲ့ သတင်းအချက်အလက်တွေကို မြန်မာအာဏာပိုင် အဖွဲ့အစည်းတွေ လုပ်ဆောင်ဖို့အချိန်ကျနေပါပြီ” လို့၎င်းကပြောကြားခဲ့ပါတယ်။
ပြည်သူတွေကိုငွေကြေးဆိုင်အသိပညာတွေပေးခြင်းဟာ လူနေမှုဘဝတွေကိုမြှင့် တင်ပေးနိုင် ကြောင်း၊ နိုင်ငံတော်ရဲ့ စီးပွားရေးကိုလည်း တိုးတက်စေကာ ဒီဂျစ်တယ်နည်းပညာရဲ့ငွေပေးချေမှုကြောင့် မြန်မာပြည်ရဲ့စီးပွားရေးဟာ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အတွင်း ကျပ်ငွေ ၅၅ ဘီလီယံတိုး မြှင့်စေခဲ့ကြောင်း Mr. Planell ကစစ်တမ်းတစ်ခုကနေကောက်နှုတ်ပြောကြားခဲ့ပါတယ်။
ကောက်ယူထားတဲ့ စစ်တမ်းအရ မြို့ပြနေအရွယ်ရောက်သူ ၃၈ ရာခိုင်နှုန်းမှာ ဘဏ်စာ ရင်းရှိကြပြီး ၄၉ ရာခိုင်နှုန်းမှာ ဘဏ်စာရင်း ဖွင့်လှစ်လိုတဲ့ ဆန္ဒရှိကြသော်လည်း ၁၆ ရာခိုင်နှုန်းမှာ အကြွေးဝယ်ကတ်နဲ့ အာမခံထားရှိခြင်းအကြောင်းကို ကြားဖူးနားဝသာ သိရှိထားတယ်လို့ Mr. Planell ကပြောပါတယ်။
-အောင်သက်ကို