August 22, 2017

v7 Viper, The Netherdrake

Dota 2 သက်တမ်း ၇ နှစ်အတွင်းမှာ Valve ဟာ Community ရဲ့ Feedback များကို နားထောင်ပြီး အတတ်နိုင်ဆုံး အပြောင်းအလဲများ လုပ်ပေးခဲ့ပါတယ်။ ဒီထဲမှာ TI4 ကာလများတုန်းက Model Rework Vote များလည်း ပါဝင်ခဲ့ပါတယ်။ Community ထဲမှာတော့ Viper
ကို Model Rework လုပ်ချင်စေခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ Faceless Void ဟာ Vote အများဆုံးနဲ့ ရပ်တည်ခဲ့ပါတယ်။ TI5 မှာတော့ Model rework Vote ပါဝင်မလာခဲ့တော့ဘဲ ၆ နှစ်ဆက်တိုက်လောက် Community က ပြောင်းလဲစေချင်ခဲ့တဲ့ Viper ရဲ့ Model ဟာ TI6 အပြီး v7.00 အရောက်မှာတော့ Slardar, Enigma တို့နဲ့အတူ လှပပြီးစတိုင်ကျတဲ့ Skin တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲနဲ့အတူ Viper ဟာ ဆက်တိုက်ဆိုသလို v6.84 လောက်ကနေ Patch ၇ ခုလောက် ဆက်တိုက် Buff ခံခဲ့ရသည့်တိုင်အောင် Meta ထဲ ပြန်လည်ပါဝင်လာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ v7.05 Patch Update မှာတော့ သိသာထင်ရှားတဲ့ Talent Update များကို ထည့်သွင်းပေးခဲ့တာကြောင့် Viper The Netherdrake ဟာ ၎င်းရဲ့ Role နဲ့ လိုက်ဖက်ညီတဲ့ အပြောင်းအလဲများကို စတင်မြင်တွေ့လာရပြီး သိပ်မကြာခင်မှာတော့ Meta ထဲ ပြန်မြင်ရဖို့ အလားအလာကောင်းများနဲ့ ပြည့်နှက်နေတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။

Overview

ဒီတစ်ခေါက် Update မှာတော့ ၎င်းရဲ့ Talent တွေကိုသာ အပြောင်းအလဲ လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ v7.00 ရဲ့ Formula အရ Hero ကိုယ်တိုင်က Strong ဖြစ်ပြီးသား Hero တွေကို Talent မှာ သာမန်ရွေးချယ်မှုများ ထည့်ပေးခဲ့ပြီး Viper ဟာလည်း Late Game Talent များကိုသာ ကောင်းမွန်အောင် ထည့်သွင်းပေးထားခဲ့တာကို တွေ့ရပါတယ်။ Talent စနစ် ပါဝင်လာလာချင်းမှာတော့ Viper ရဲ့ Talent တွေဟာ အခြား Hero များနဲ့ယှဉ်ရင် စိတ်ဝင်စားဖို့ သိပ်မကောင်းအောင် အားနည်းနေခဲ့ပါတယ်။ v7.05 မှာတော့ lvl 10/ 15/ 20/ 25 အားလုံးကို Buff ပေးထားပြီး အသိသာဆုံးထဲက တစ်ခုကတော့ lvl 15 Talent ဖြစ်ပါတယ်။ +14 Agility ကနေ +16 Agility / +8 Strength ကနေ +10 Strength ဆိုပြီး တိုးမြှင့်ပေးလိုက်ခြင်းက Premium တန်း ကစားသမားတွေအတွက် Situational Pick အဖြစ် ရောက်ရှိစေဖို့ အလားအလာတစ်ခုလို့ ပြောလို့ရပါတယ်။ ကျန်တဲ့ Poison Touch To Tower Talent က lvl 20 ကိုချပေးလိုက်ခြင်းနဲ့ lvl 25 မှာ +20 Armor Talent ထည့်ပေးလိုက်ခြင်းကြောင့် Viper ကို Late Game Carry အဖြစ် ဆော့စေချင်တဲ့ ပုံစံကို ထင်ထင်ရှားရှား မြင်တွေ့နေရ ပါတယ်။

Abilities
Poison Attack

Viper ဟာ 550 Attack Range ရှိပါတယ်။ Poison Attack ကတော့ 600 Attack Range ရှိပါတယ်။ Right Click ဖြင့် Auto Attack သုံးကာ Poison Attack ကိုအသုံးပြုမယ် ဆိုရင်တော့ 550 Attack Range အတိုင်းပစ်ခတ်မှာ ဖြစ်ပေမယ့် တစ်ချက်ချင်းဆီ (Q/ C) ကို နှိပ်ပြီးသုံးရင်တော့ 600 Range အထိ တိုက်ခိုက်နိုင်စွမ်း ရှိမှာပါ။ နောက်ဆုံးအဆင့်မှာ 40% MS Slow + 40 AS slow ကို 2 seconds အကြာထိ သက်ရောက်စေမယ့်အပြင် 28 Magic DPS ကိုလည်း သက် ရောက်စေဦးမှာပါ။

Nethertoxin

Viper ရဲ့ Normal Attack နဲ့ တိုက်ခိုက်ခံရတဲ့ Unit ဟာ Hp နည်းလေ၊ Bonus Damage များများနဲ့ တိုက်ခိုက်ခံရလေ ဖြစ်ပါတယ်။
Hp 80% နဲ့အထက် ကျန်တဲ့ Hero ကို တိုက်ခိုက်တဲ့အခါ Bonus 12 Damage, 60% နဲ့အထက် ကျန်တဲ့ Hero ကို Bonus 24 Damage, 40% နဲ့အထက် ကျန်တဲ့ Hero ကို Bonus 48 Damage, 20% နဲ့အထက် ကျန်တဲ့ Hero ကို Bonus 98 Damage, 20% အောက် ရောက်နေတဲ့ Hero ကိုတော့ 192 Bonus Damage သက်ရောက်စေမှာပါ။

Corrosive Skin

Magic Resistance ကိုပေးစွမ်းမယ့်အပြင် မိမိကို လာရောက်တိုက်ခိုက်မယ့် Enemy ကိုလည်း Magic DPS ပြန်လည် သက်ရောက်စေမယ့် Passive Ability တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အဆိုပါ Enemy ကို MS/ AS Slow ကိုပါ သက်ရောက်စေဦးမှာပါ။

Ultimate Viper Strike

အထူးသဖြင့် Initiator, Tank Hero တွေကိုအဓိက Counter တဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ Slow ကို Ultimate Viper Strike ကနေ ရရှိစေမှာဖြစ်ပါတယ်။ 5.1 seconds duration ရှိပြီး 40%/ 60%/ 80% MS Slow နဲ့ 40/ 60/ 80 AS Slow ကိုလည်း 60/ 100/ 145 DPS ကိုလည်း တစ်ပြိုင်နက်တည်း သက်ရောက်စေမှာ ဖြစ်ပါတယ်။ Aghanim’s Upgrade ကတော့ Cooldown ကို 70/ 50/ 30
ကနေ 10 seconds အထိ ကျဆင်းသွားစေမှာဖြစ်ပြီး Cast Range ကိုလည်း 500 မှ 900 အထိ တိုးသွားစေမှာပါ။

Talents

Lvl 10 >> +175 Hp (or) +15 Damage

Lvl 15 >> +16 Agility (or) +10 Strength

Lvl 20 >> +75 Attack Range (or) Poison Attack Can Target Building

Lvl 25 >> +80 Viper Strike DPS (or) +20 Armor

Talent ရွေးချယ်မှုကတော့ v7.05 ကနေစပြီး စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။

Lvl 10 မှာယခင်ကဘယ်သူမှ ရွေးချယ်ခြင်းမခံရတဲ့ +125 Hp Talent ကိုတော့ +175 Hpအထိ တိုးမြှင့် ပေးလိုက်ပါတယ်။ ဒါပေမဲ့ အစောပိုင်းမှာ Damage ရှိခြင်းက Viper လို item လိုတဲ့ Hero အတွက် အထောက်အကူ ဖြစ်စေမယ့်အချက်ကိုလည်း မေ့မထား သင့်ပါဘူး။

+16 Agility ဟာ +16 Damage, +2.2 Armor, +16 Attack Speed နဲ့ ညီမျှပြီး +10 Strength ကတော့ +200 Hp, 0.3 Hp Regen ကို ရရှိမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ Viper လို Armor လိုတဲ့ Agility Hero အတွက် +16 Agility Talent ကို ပိုတန်တယ်လို့ သက်မှတ်ပါတယ်။

ယခင်က lvl 20 Talent မှာ +7 Armor (or) +75 Attack Range ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအချက်ကြောင့်ဘဲ Viper ဟာ
လူကြိုက်နည်းခဲ့ရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ lvl 20 ရောက်နေတဲ့ Hero တစ်ကောင်အတွက် Talent ရွေး ချယ်မှုအပိုင်းမှာ တစ်ဖက်တည်းကိုသာ ရွေးချယ်စေတဲ့ သဘောဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ယခင် lvl 25 ရောက်မှ ယူလို့ရမယ့် Poison Attack Can Target Building Talent ကိုlvl 20 ကို ချပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် lvl 20 လောက်ရောက်တဲ့အချိန် မှာ တိုက်ခိုက်ဖို့ Building များကျန်ရှိနေနိုင်ပြီး နောက်တစ်ချက်က Building တွေဟာ Magic Resistance မရှိတဲ့အတွက် Damage အပြည့်အဝ သက်ရောက်စေနိုင်တဲ့အပြင် Tower များရဲ့ Attack Speed ကိုလည်း 40 တောင် လျှော့ချပေးဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ +75
Attack Range Talent ကို ရွေးချယ်မယ် ဆိုရင်တော့ Poison Attack ရဲ့ Cast Range ကို 675 အထိ တိုးစေမှာလည်း ဖြစ်ပါတယ်။

ယခု version မှာ +20 Armor Talent ကို lvl 25 မှာ ရွေးချယ်ခွင့်ရသွားပြီ ဖြစ်ပါတယ်။ Magic Resistance Passive ပါပြီးသား Viper အတွက် Armor ဆိုတာ ပိုက်ဆံပေးဝယ်ဖြည့်ရတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် Armor လိုအပ်ချက်ကို Talent တစ်ခုအနေနဲ့ ရွေးချယ်ခွင့် ရရုံမကဘဲ များပြားတဲ့ +20 ဆိုတဲ့ပမာဏ ဖြစ်နေခြင်းက Viper ရဲ့ ကွက်လပ်ကို ဖြည့်ပေးလိုက် သလိုပါပဲ။ ဒါကြောင့်ပဲ နောက်ထပ် Talent တစ်ခုကတော့ ရွေးချယ်စရာမလိုတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ Viper ရဲ့ Ultimate ကို +80 DPS ပေါင်းစေမှာဖြစ်လို့ နဂိုစုစုပေါင်း +725 Damage ကနေ +1125 Damage ဆိုပြီး တိုးသွားမှပါ။ တကယ်လို့ lvl 25 မရောက်ခင်မှာ Aghanim’s Scepter ရွေးချယ်ထားတဲ့ Viper ဖြစ်မယ်ဆိုရင်တော့ +80 DPS Talent ကို ရွေးချယ်ဖို့ စဉ်းစား သင့်ပေမယ့် Aghanim’s Scepter မစပ်ထားရင်တော့ ပြတ်ပြတ်သားသား +20 Armor Talent ရွေးချယ်ဖို့ အကြံပြု လိုပါတယ်။

Suggestion

Viper ရဲ့ Play Style က (၃) မျိုး ရှိပါတယ်။ Tank Carry, Tank Initiator (သို့မဟုတ်) Attack Speed Carry ဆိုပြီး ဖြစ်ပါတယ်။ Tank Carry Style မှာ Power Tread + Dragon Lance ပြီးတာနဲ့ Manta Style, Assault, Hurricane Pike, Butterfly, MkB, Tank Initiator အနေနဲ့ Power Tread + Hurricane Pike + Blade Mail + Pipe + Crimsom Guard + Aghanim’s (သို့မဟုတ်) Carry Style အဖြစ် Power Tread + Hurricane Pike + Silver Edge + Aghanim’s Scepter + Diffusal Blade + Butterfly တို့ ဖြစ်ပါတယ်။ Item တွေဟာ ပွဲအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲစဉ်းစားဖို့ လိုတယ်ဆိုတဲ့ အချက်ကိုတော့ မေ့မထားသင့်ပါဘူး။ ဥပမာ – Eye of Skadi ဟာ MS, AS Slow ကိုပေးတဲ့အပြင် များပြားတဲ့ Attribute တွေနဲ့ Hp, Mana Pool ကိုလည်း ပေးပါတယ်။ ဒါကြောင့် Situational Item အဖြစ် ထည့်သွင်း စဉ်းစားနိုင်ပါ တယ်။ Hurricane Pike ကို မဖြစ်မနေ ထည့်ရခြင်းက Before
15 minutes မှာလိုအပ်တဲ့ Damage နဲ့ Hp Pool ကိုပေးတဲ့အပြင် Attack Range ဟာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် Dragon Lance ကို ရွေးချယ်စေဖို့ ဖြစ်ပါတယ်။ ဖိနပ်ရွေးချယ်မှု အပိုင်းမှာလည်း Power Tread ကို Default အဖြစ် ရွေးချယ်ထားပေမယ့် အစောပိုင်း Last Hit နဲ့ Escape အတွက် Phase Boots ကိုလည်း အခြေအနေအရ ရွေးချယ်ထားနိုင်ပါတယ်။

ဒီတစ်ခေါက် v7.05 Version Update မှာတော့ Talent အပြောင်းအလဲတွေကြောင့် တစ်ပတ်အတွင်းမှာ Pick rate ရော Win Rate ပါ 1.5% ထိတိုးလာခဲ့ရတဲ့ ရလဒ်ကောင်းတွေနဲ့ Viper The Netherdrake ကို တွေ့မြင် ရမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-yahooyeeha