September 24, 2017

v7 Razzil Darkbrew The Alchemist

v7.00 ကနေစလို့ Talent Tree များ ထည့်သွင်းပေးထားပြီး ယခုလက်ရှိ v7.04 အထိ ပြောင်းလဲခဲ့တဲ့ Version Update ၅ ခုအတွင်းမှာ Hero တွေကို Balance လုပ်ဖို့အတွက် အရင်လို Ability များကို တိုက်ရိုက် ပြောင်းလဲရခြင်းမျိုး မဟုတ်တော့ဘဲ Talent အတိုး၊ အ
လျှော့တွေကိုသာ အသားပေးပြီး Update လုပ်ခဲ့တာကို တွေ့ရ မှာပါ။ ဒီလိုအပြောင်းအလဲ တွေပေါ်မူတည်ပြီး Meta အတွင်းသို့ ဝင်လာတဲ့ Hero တွေရှိသလို၊ ပြန်ထွက်သွားတဲ့ Hero တွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ အနည်းစုသော Hero တွေကတော့ ဒီ Version Update
၅ ခုအတွင်းမှာ သိသိသာ သာ Nerf ခြင်း၊ Buff ခြင်းမခံရသည့်တိုင်အောင် Meta အတွင်းမှာ ဆက်လက်လည်ပတ်နေတဲ့ Hero တွေ
လည်း ရှိနေပါသေးတယ်။ ဒီလို Hero တွေထဲကမှ Meta Change ဘယ်လောက်ဖြစ်ဖြစ် အသုံးဝင်နေဆဲဖြစ်တဲ့ Razzil Darkbrew, The Alchemist ကတော့ Professional Player များသာ မက၊ Pub game များစွာမှာပါ အပြောင်းအလဲမရှိ၊ ဆက်လက်ရပ်တည်
နေနိုင်ခြင်းကတော့ ၎င်းရဲ့ အားသာချက်ပဲ ဖြစ်ပါ တယ်။ ဒီလိုအားသာချက်တွေ ပြည့်နှက်နေတာကြောင့်ဘဲ ပူပူနွေးနွေး ထွက်ရှိထားတဲ့ v7.05 မှာတော့ အချိန်ကာလ အတန်ကြာ လိုအပ်နေပြီဖြစ်တဲ့ Nerf တစ်ခုကို လက်ခံရရှိထားတဲ့ Alchemist အနေနဲ့ Meta အတွင်းမှာ ဘယ် လောက်တောင် အပြောင်းအလဲ ဖြစ်နိုင်လဲဆိုတာ စိတ်ဝင် စားဖို့တော့ ကောင်းပါတယ်။

Overview

ဒီတစ်ခေါက် Version Update မှာတော့ ၎င်းရဲ့ Signature Ability ဖြစ်တဲ့ Greevil’s Greed ကို ထိခိုက်ခြင်းမရှိဘဲ Acid Spray
နဲ့ Ultimate Chemical Rage တို့ကို Nerf ထားတာကို တွေ့ရပါတယ်။ ဒါဟာ 6.86/ 6.87c/ 7.00 စတဲ့ Patch ၅ ခုဆက်တိုက်မှာ Greevil’s Greed ကိုဦးတည်ပြီး Nerf တွေလုပ်ခဲ့ပေမယ့် Alchemist ကို meta အတွင်းအ ပြောင်းအလဲ မဖြစ်စေခဲ့တဲ့အ တွက်ဒီတစ်
ခေါက် Patch မှာတော့ Ultimate ရဲ့ Cooldown ကို 10 seconds တိုးပြီး Acid Spray ရဲ့ AoE ကို 400/475/550/625 ဆိုပြီး နောက်ဆုံးအဆင့်မှာနဂို AoE လောက်ဖြစ်အောင် လျှော့ ချခဲ့တာဖြစ်ပါတယ်။ v6.84 က စလို့ 90% သော Alchemist တိုင်းဟာ Octarine Core + Radiance + Manta Style + Armlet ဆိုတဲ့ item Build Meta ပြောင်းလဲပြီးချိန်ကတည်းက ၎င်းရဲ့ Ultimate ဟာလည်း Cooldown 33.7 Seconds တိုင်း တစ်ခါသုံးလို့ရ နေတဲ့အတွက် Duration 25 seconds ကို ပြန်ဖယ်လိုက်ရင် Chemical Rage မရှိတဲ့အချိန်ဟာ 8.7 seconds သာရှိနေခဲ့ပါတယ်။ ဒါကြောင့် အခုပြောင်းလဲသွားတဲ့ 55 seconds Ultimate Cooldown ကြောင့် Octarine Core စပ်သည့်တိုင်အောင် 41.25 seconds cooldown ထိ ကြာမြင့်တော့မှာပါ။ ဒါကြောင့် Ultimate ဖြစ်မနေချိန်ဟာ 16.25 seconds
အထိ မြင့်တက်သွားတော့မှာဖြစ် ပါတယ်။ Acid Spray ကို မြှင့်တင်လိုက်ခြင်းကလည်း lvl 2 လောက်ကတည်းက တစ်ဖက်အသင်းရဲ့ Melee Hero တွေကို နေစရာမရှိအောင် အလွယ်တကူ Harass လုပ်နိုင်တဲ့ Ability တစ်ခုမဖြစ်စေတော့ပါဘူး။ Dota မှာရှိသမျှ Hero တိုင်းထက် အားသာ နေတဲ့ ဒီ Unreliable Gold တွေ အလွယ်တကူ ရရှိနေစေမယ့် Alchemist အတွက် late game potential ကို သိသိသာသာ မထိခိုက်စေသေးပေမယ့် Early Game မှာတော့ Ultimate ကို လက်လွှတ်စပယ်သုံးလို့မရစေ တော့ချင်းဟာ မိနစ် ၂ဝ မတိုင်ခင်ကတည်းက GPM ထိပ်ဆုံးမှာ ပြေးနေမယ့် Alchemist ကို သိသိသာသာ ထိခိုက် သွားစေပါလိမ့်မယ်။ ခြုံငုံပြောရင်တော့ Alchemist ရဲ့ Win Rate ဟာ v7.04 ကထက် တစ်ပတ်အတွင်းမှာပင် 1.45% ခန့် ကျဆင်းသွားခဲ့ပါပြီ။

Abilities
Acid Spray

AoE Ability တစ်ခုဖြစ်ပြီး Armor Reduction ပါဝင်တဲ့ Debuff DPS Ability တစ်ခုလည်း ဖြစ်ပါတယ်။ Cooldown 22 seconds (Octarine Core: 16.5 seconds Cooldown) Duration 16 Seconds ရှိပြီး Jungle Stack Farming, Lane Harassing အတွက် ထိရောက်တဲ့ Skill တစ်ခုဖြစ်ပါတယ်။ ထူးခြား ချက်ကတော့ Acid Spray ကနေ ရရှိတဲ့ DPS ဟာ Physical Damage Type ဖြစ်တဲ့
အတွက် ၎င်းကနေရရှိမယ့် 4/ 5/ 6/ 7 Armor Reduction နဲ့ တိုက်ရိုက် အကျိုးရှိစေပါတယ်။ ဒါကြောင့်ပဲ Jungle Stack စားတဲ့အခါမှာ အခြားသော Carry Hero တွေနဲ့ယှဉ်ရင် 160 Mana ကို အသုံးပြုရုံနဲ့ Stack ၆ ခုလောက်ကို တစ်ပြိုင် တည်းစားနိုင်စွမ်း ရှိတဲ့အ
တွက် သိသိသာသာ အကျိုးရှိတဲ့ Farmer တစ်ကောင်ဖြစ်နေပါတယ်။

Unstable Concoction

Concoction ပေါက်ကွဲဖို့ 5.5 seconds အချိန်ရပါတယ်။ 5 seconds အထိ လက်ထဲ ကိုင်ထားနိုင်ရင် Concoction ရဲ့ အကျိုးသက်
ရောက်မှု အမြင့်ဆုံး အခြေအနေကို ရောက်ရှိ စေမှာဖြစ်ပြီး 4 seconds stun, 360 Damage အထိ သက်ရောက် စေမှာပါ။ အဆိုပါ Debuff နဲ့ Damage ဟာပစ်ခံရတဲ့ Unit ရဲ့ 175 AoE အတွင်းမှာပါ ညီတူညီမျှ သက်ရောက် စေပါမယ်။ Cooldown 16 seconds (Octarine Core: 12 seconds) ရှိပါတယ်။ 5.5 seconds ပြည့်သည့်တိုင်အောင် မပစ်လွှတ်နိုင် ရင်တော့ 4 seconds stun, 360 Damage မှာ မိမိဘာသာ သက်ရောက်သွားမှာဖြစ်ပါတယ်။

Greevil’s Greed

အဆင့်များများ တင်လေ Alchemist စားလိုက်သမျှ Creep တိုင်းရဲ့ မူလပိုက်ဆံအပြင် Bonus gold တွေပါ ရရှိနေစေမယ့် Signature Ability ဖြစ်ပါတယ်။ Creep တစ်ကောင်စားလိုက်တိုင်း မှာ 6/ 8/ 10/ 12 gold ဆီ ပိုပိုရလာမှာဖြစ်ပြီး မိမိယူထား တဲ့ အဆင့်အလိုက် အများဆုံး 12/ 20/ 28/ 36 Gold အထိ ရစေမှာဖြစ်ပါတယ်။ ဥပမာ – နောက်ဆုံးအဆင့်မှာ Lane Creep တစ်ကောင်ကို စားလိုက် ရင် 40 + (12) = 55 Gold ကို ရရှိပါမယ်။ နောက်ထပ် တစ်ကောင်ကို ထပ်စားတဲ့အခါ 40 + (12 + 12) = 64 Gold ရရှိပြီး နောက်တစ်
ကောင်အတွက် 40 + (12 + 12+ 12) = 76 Gold ကို ရရှိပါမယ်။ အပိုရတဲ့ ပိုက်ဆံဟာ အဆင့်အလိုက် အများဆုံး 12 + 12 + 12 = 36 Gold ကို ရောက်ရှိသွားပြီဖြစ်လို့ ၄ ကောင်မြောက်ကနေ နောက်ထပ်စားသမျှ Creep တိုင်းဟာ လည်း +36 Extra Gold ဆီ ဆက်တိုက်ရသွားမှာ ဖြစ်ပါတယ်။ 30 seconds အတွင်းမှာ Creep တစ်ကောင်မှ မစားနိုင်ခဲ့ရင် Extra Gold ဟာ 12 ကနေ ပြန်စတွက်မှာ ဖြစ်ပါ
တယ်။ Rune, Manta Style Illusion တွေကတော့ ဒီ Gold Bonus ကို မရရှိနိုင်ပါဘူး။

Ultimate Chemical Rage

+50/ +75/ +100 Hp Regen ကို ဆက်တိုက် ရနေမှာ ဖြစ်ပြီး အဆိုပါ 25 seconds Duration အတွင်းမှာ +30/ +40/ +50 Move Speed, +3/+7.5/+12 Mana Regen စတဲ့ Buff ၃ ခုကိုရရှိနေမယ့်အပြင် Base Attack Time ကလည်း 1.4/ 1.2/ 1 အထိကျ ဆင်းသွားစေမှာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Cooldown 55 Seconds (Octarine Core: 41.25 seconds) ရှိမှာဖြစ်ပါ
တယ်။ (Chemical Rage ပြောင်းလဲတဲ့ 0.35 transforma tiontime အတွင်းမှာ Alchemist ဟာ Invulnerable ဖြစ်သွားမှာ ဖြစ်ပါ
တယ်) Alchemist ရဲ့ Aghanim’s Scepter Upgrade ကတော့ မိမိ Allied Hero တွေကို Aghanim’s Scepter ကိုယ်စားဝယ်ပေးလို့ ရမယ့် Buff ဖြစ်ပါတယ်။ မိမိဘာသာ သုံးရင်တော့ +10 All Stats, +250 Hp, +200 Mana ကို Permanent ရရှိမှာဖြစ်ပြီး Upgrade မရှိတဲ့ Hero ကို ပေးရင်တောင် ဒီ Buff ကို ရရှိမှာ ဖြစ်ပါတယ်။

Talents

Lvl 10 >> +4 Armor (or) +20 Damage

Lvl 15 >> +6 All Stats (or) +80 Unstable Concoction Minimum Damage

Lvl 20 >> + 300 Health (or) +30 Attack Speed

Lvl 25 >> -5 Acid Spray Armor (or) +30% Lifesteal

Talent ရွေးချယ်မှုအပိုင်း မှာတော့ Alchemist ရဲ့ လိုအပ်ချက်တွေကို ကြည့်ပြီး တင်ရုံပဲ ဖြစ်ပါတယ်။ lvl 10 မှာတော့ Base Armor 1.57 သာရှိပြီး Agility Grow လွန်စွာမှ နည်းတဲ့ Alchemist အတွက် Armor လိုအပ်ချက်ကို ဖြည့်ဆည်း ပေးထားတာကို တွေ့ရပါတယ်။ +20 Damage ထက် +4 Armor ဟာ Physical Damage Carry တွေနဲ့ပဲ Counter လုပ်ခံရတာများတဲ့ Alchemist အတွက် တော့ ပိုမိုထိုက်တန်ပါတယ်။ အကြမ်းဖျဉ်းတွက်ရရင် +120 Hp, + 72 Mana, +0.86 Armor ကိုပေးမယ့် +6 All Stats Talent နဲ့ +80 Unstable Concoction Minimum Damage Talent ရွေးချယ်မှုကိုတော့ lvl 15 မှာရရှိမှာပါ။ ဒါကြောင့် lvl 4 Unstable Concoction Maximum Damage ဟာ 440 Damage ထိ ရှိသွားမှာဖြစ်ပြီး သုံးပြီးပြီးချင်း ပစ်လွှတ် ပေးရင်တောင် 80 Damage သက်ရောက်စေဦးမှာပါ။ ဒီအပိုင်းမှာတော့ Survive ဖြစ် လေလေ အသင်းအတွက် အကျိုးရှိလေလေဖြစ်တဲ့ +6 All Stats Talent ကိုပိုမို နှစ်သက်ပါတယ်။ lvl 15 ကနေ 20 ကို အရောက် မှာတော့ Alchemist အတွက် လုံလောက်တဲ့ Meta Item Build တွေကိုလည်း ရသင့် သလောက်ရပြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ +300 Hp ရော +30 Attack Speed ပါ အသုံးဝင်တဲ့ အခြေအနေဖြစ်ပေမယ့် +30 Attack Speed က
တော့ Ultimate ကနေလျော့သွားမယ့် Base Attack Time 1 နဲ့တွဲဖက်တဲ့အခါ သာလွန်တဲ့ Attack Speed ကို ရရှိစေမယ့် အချက်ကို
တော့ မေ့မထားသင့်ပါဘူး။ -5 Armor Acid Spray Talent ကို ရွေးချယ်ရင်တော့ စုစုပေါင်း -12 Armor Reduction ကို 625 AoE အတွင်းမှာ သက်ရောက်စေမှာပါ။ တကယ်လို့ သင်ကOctarine Core စပ်တဲ့ Alchemist ဆိုရင်တော့ 16.5 seconds တိုင်းမှာတစ်ခါ ပြန်သုံးလို့ရမယ့် Acid Spray ကိုအကျိုးရှိစေမယ့် ဒီ Talent ကို ပိုမိုရွေးချယ်သင့်ပေမယ့် Hitter နည်းပါးလို့ ကိုယ်တိုင် Carry ဆော့ရတဲ့
အခြေအနေမျိုးမှာတော့ 30% Lifesteal ကို ရွေးချယ်နိုင်ပါတယ်။

Why?

လက်ရှိ Meta Build ဖြစ်တဲ့ Armlet + Manta + Octarine Core + Radiance စပ်ရတဲ့ အကြောင်းရင်းကို ဆွေး နွေးချင်ပါတယ်။ သိ
ပြီးသားဖြစ်တဲ့ Armor အားနည်းချက် ရှိတဲ့ Alchemist ဟာကုန်ကျ စရိတ်သိပ်မရှိတဲ့ Mid Game Item Armlet ကိုရွေးချယ်ခဲ့ရင် +5 Armor ရမယ့်အပြင် +31 Damage, +25 Attack Speed, +25 Strength တို့ကိုရရှိမှာဖြစ်လို့ Hp Regen ပူစရာမလိုတဲ့ Alchemist အတွက် အခြေခံ Survival Item ဖြစ်နေရခြင်းပါပဲ။ Manta Style ကတော့ Alchemist အတွက် အခြေခံ Lane Push, Illusion Farming အပြင် Debuff ဖြည်ဖို့အတွက် ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ lvl 18 မှာ Alchemist ဟာ Ultimate ကနေ +100 Hp Regen ကို ရရှိနေမှာဖြစ်ပါတယ်။ Radiance ဟာ 65 DPS ရှိပြီး Octarine Core ကြောင့် Creep တစ်ကောင်ဆီကနေ +3.25 Hp Heal, Hero တစ်ကောင်စီကနေ +16.25 Hp Heal ကို ပြန်လည် ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် Teamfight တစ်ခုအတွင်းမှာ Radiance AoE အတွင်းက Unit များရင် များသလောက် Alchemist မှာလည်းHp Regen နှုန်းတွေ မြင့်တက်နေမှာ ဖြစ်လို့ပါဘဲ။ ဒါ့အပြင် Acid Spray, Unstable Concoction, Chemical Rage အပြင် Manta Style ရဲ့ Cooldown ကိုလည်း 30 > 22.5 seconds အထိ ကျဆင်းကုန်
စေတဲ့အတွက် လက်ရှိ Meta မှာ Carry Build ထက် ယခု Build က ခေတ်စားနေဆဲ ဖြစ်နေရခြင်း ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ် သက်သော ကစားကွက်သည် သာလျှင် မိမိအတွက် အကောင်း ဆုံးဖြစ်ပါလိမ့်မယ်။

yahooyeeha