November 19, 2017

v7.06e Magix The Brewmaster

Dota ဟာ Strategy Game အမျိုးအစား ဖြစ်တဲ့အတွက် သင်ယူစရာတွေ များပါတယ်။ သာမန်အတိုင်း Hero တစ်ကောင် ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ရုံနဲ့ မကျေနပ်နိုင်သေးတဲ့ ကစားသမားတွေအတွက် Macro Management လိုအပ်တဲ့ Hero တွေ အများကြီးရှိပါတယ်။ အသေးစိတ်အထိ လေ့လာရင် လေ့လာသလောက် စိတ်ဝင်စားစရာကောင်းတဲ့ Invoker, Rubick, Earth spirit, Puck ကဲ့သို့ Hero တွေဟာလည်း လူကြိုက်များပြီးသား High Difficulty Macro Hero များအဖြစ်တည်ရှိပြီး Micro Management လိုအပ်တဲ့ Chen, Meepo, Enchantress, Visage တို့ကဲ့သို့သော Hero များလည်း Dota မှာရှိပါတယ်။ ဒီအပိုင်းမှာတော့ Micro Hero တွေအနေနဲ့ Meepo ဟာ Pro Scene မှာသာမက Pub မှာပါ မြင်ရလေ့ရှိတဲ့ Hero ဖြစ်ပြီး Chen, Enchantress တို့ကတော့ Pro Scene ရဲ့ Meta တစ်ခုချင်းဆီမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ Core Hero များအဖြစ် တည်ရှိ လျက် ရှိပါတယ်။ ဒါပေမဲ့ Macro ရော Micro Management ပါရောထွေးနေတဲ့ Hero တစ်ကောင်ကတော့ Pro Scene ရော Pub မှာပါ မြင်တွေ့ရဖို့အတွက် အခုချိန်အထိ ခက်ခဲနေပြီး Dotabuff Statistics များအရ Hero ပေါင်း ၁၁၃ ကောင်မှာ Popular ဖြစ်မှု ၁၁ဝ ကနေ ၁၁၃ ကြားမှာ အမြဲနေရာ ယူထားတဲ့ Senior Hero တစ်ကောင်ကတော့ Mangix, The Brewmaster ပဲဖြစ်ပါတယ်။

Brewmaster ဟာ မှတ်မှတ်ရရ v6.79 Update မှာ ၎င်းရဲ့ Aghanim’s Scepter Upgrade ကို Rework လုပ်ပေးလိုက်ပြီး နောက်မှာတော့ ယခင်ကထက် Macro, Micro Skill များ ပိုမိုလိုအပ်သွားပြီး Pick Rate ဟာလည်း အဆိုပါ အချိန်ကစပြီး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ v6.79 မတိုင်ခင်က Brewmaster ရဲ့ Aghanim’s Upgrade ဟာ ၎င်းရဲ့ Ultimate ကို Duration တိုး၊ Cooldown လျှော့ချပေးပြီး Ultimate Spirits (၃) ကောင်ကို Damage, Hp, Mana Pool စသည်ဖြင့် ရိုးရိုးရှင်းရှင်း Upgrade ပေးခဲ့တာဖြစ်ပေမယ့် v6.79 မှာတော့ အဆိုပါ Upgrade များ မရှိတော့ဘဲ Brewmaster ရဲ့ Thunder Clap, Drunken Haze, Drunken Brawler Ability တွေကို Earth, Storm, Fire Spirit အသီးသီးစီမှာ သီးခြားစီ အသုံးပြုလို့ရတဲ့ Ability များအဖြစ် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။ IceFrog ဟာ ပိုမိုအနှစ်သာရရှိပြီး ပိုမို Strong ဖြစ်အောင် Buff ပေးလိုက်တာဖြစ်ပေမယ့် ကစားသမားများအတွက်ကတော့ ပိုမိုခက်ခဲတဲ့ Hero တစ်ကောင်ဖြစ်သွားစေပါတယ်။ Dota လိုမျိုးရွေးချယ်စရာများတဲ့ Game တစ်ခုအတွက်တော့ Brewmaster ရဲ့ Buff ဟာ စိတ်ဝင်စားမှု တစ်ခုဖြစ်မလာဘဲ အခြားရွေးချယ်မှုတွေကို ဦးတည်သွားစေခဲ့ပါတယ်။

ဒါကြောင့်ပဲ Brewmaster ဟာ v6.79 နောက်ပိုင်း Update ၁၉ ခုမှာ ၁၅ ခုခန့် Buff ခံရတဲ့စံချိန်တင် Hero တစ်ကောင်ဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ Ability တစ်ခုချင်းစီကိုလည်း Patch တိုင်းနီးပါးမှာ Rework လုပ်ခဲ့ပြီး စိတ်ဝင်စားမှုကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ Brewmaster ဟာ TI7 Regional Qualifier မှာတစ်ကောင်တည်းသော Unplayed Hero အဖြစ်တည်ရှိဆဲပဲ ဖြစ်ပါတယ်။ လက်ရှိ v7.06e အတွက် ၎င်းရဲ့ Ability တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Thunder Clap

AoE Damage, Slow Ability တစ်ခုဖြစ်ပြီး Brewmaster အတွက် Initiate Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့ 400 AoE အတွင်းက Enemy Unit တိုင်းဟာ 55% MS Slow နဲ့ 55 AS Slow ကိုခံစားရမှာပါ။

Drunken Haze

လက်ရှိ Version မှာတော့ Drunken Haze ဟာ Single Target Slow Ability ပြန်ဖြစ်သွားပါပြီ။ အသုံးပြုခံရတဲ့ Unit
အနေနဲ့ 40% MS Slow နဲ့ 70% Miss Chance ကို 4.5 seconds ကြာမြင့်အောင် ခံစားရပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာတော့ Cooldown ဟာ 5 seconds အထိ ကျဆင်းသွားပါတယ်။

Drunken Brawler

Passive Ability တစ်ခုဖြစ်ပြီး Brewmaster ကို Evasion နဲ့ Critical Chance ကို ရရှိစေပါမယ်။ ထူးခြားချက်ကတော့ သတ်မှတ်ထားတဲ့ 16/14/12/10 seconds အတွင်းမှာ တိုက်ခိုက်မခံရရင်၊ တိုက်ခိုက်မှုတစ်ခုမပြု လုပ်ရသေးရင် လာမယ့် First Attack အတွက် 100% Evasion, 100% Critical Chance ရရှိစေမှာဖြစ်ပါတယ်။

Ultimate Primal Split

အားလုံးသိပြီးသားဖြစ်တဲ့ Dota ရဲ့ အခက်ခဲဆုံး Micro Control Ability တွေထဲက တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့အခါ Brewmaster ဟာ မြေပုံကနေ ပျောက်သွားမှာဖြစ်ပြီး Earth, Storm, Fire ဆိုတဲ့ Element ၃ ကောင်ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ၎င်း Element တစ်ခုချင်းစီရဲ့ Ability အသီးသီးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Earth Element (Green)

– 100% Magic Resistance and Immunity. (Passive)

– Hurl Boulder Ability = Single Target 2 seconds Disable (Active)

– Demolish = Building တွေကိုတိုက်ခိုက်တဲ့အခါ 180/ 270/360 Attack Damage ဖြစ်သွားခြင်း (Passive)

Storm Element (Blue)

– Dispel Magic = 600 AoE Basic Dispel (AoE) / 1000 Damage to Summon Unit (Active)

– Cyclone = Single Target Cyclone/ 6 seconds Duration (Active)

– Wind Walk = Invisible and Backstab Damage (Active)

Fire Element (Red)

– Permanent Immolation = AoE DPS (Passive)

– 550 Movement Speed and Phase

ဒါကြောင့် Primal Split မှာ Earth Element အတွက် နှိပ်သုံးရမယ့် Ability ၁ ခု၊ Storm Element အတွက်တော့ ၃ ခု စုစုပေါင်းနှိပ်သုံးစရာ Ability ၄ ခုရှိနေပါတယ်။ ဒီအခြေအနေမှာ Brewmaster Player အနေနဲ့ Aghanim’s Scepter ကို ထပ်ရွေးချယ်တဲ့အခါမှာသုံးစရာ Ability ၂ ခု (Thunder Clap, Drunken Haze) ထပ်တိုးလာမှာ ဖြစ်ပါတယ်။ Primal Split ရဲ့ထူးခြားချက်ကတော့ Brewmaster စပ် ထားတဲ့ Item တွေရဲ့ Aura များအားလုံးဟာ Earth Element ဆီမှာ အကုန်ရရှိနေမှာ ဖြစ်ပါတယ်။

အဆိုပါ အချက်တွေကြောင့် v7.00 Version ကနေစတင်ပြီး ပါဝင်လာတဲ့ Talent Tree စနစ်မှာတော့ Brewmaster ကို Micro Hero တစ်ကောင်အပြင် Right Click DPS Hero တစ်ကောင်အဖြစ်ပါ ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

Talents

lvl 10 >> +3 Mana Regen (or) +30 Damage
lvl 15 >> +15% Magic Resistance (or) +75 Thunder Clap Damage
lvl 20 >> +20 Strength (or) +2s Thunder Clap Slow
lvl 25 >> +2000 Primal Split Units Health (or) +140 Attack Speed

Lvl 10 မှာတော့ Intelligence Grow လွန်စွာမှ နည်းပါးတဲ့ Mangix အတွက် +30 Damage ဟာ ရွေးချယ်ချင်စရာကောင်းပြီး +3 Mana Regen ကတော့မက်လောက်စရာ ကောင်းပါတယ်။ +30 Damage ကိုသာ ရွေးထားရင် ရိုးရှင်းတဲ့ Right-Click Attack, Creep Score တို့အတွက် ပိုမိုလွယ်ကူစေပေမယ့် Cooldown နည်းတဲ့ Ability တွေဖြစ်တဲ့ Thunder Clap, Drunken Haze တို့ကို Spam ဖို့အတွက်တော့ +3 Mana Regen က ပိုအကျိုးရှိပါတယ်။

Aghanim’s Scepter ကိုရွေးချယ်ဖို့ အစီအစဉ်မရှိရင် +15%Magic Resistance ကိုခြွင်းချက်မရှိ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ +75 Thunder Clap ကြောင့် 375 Damage ဖြစ်သွားခြင်းက Mid Game Creep Wave ရှင်းဖို့အတွက် လွန်စွာလွယ်ကူတဲ့ Farming Machine တစ်ခုဖြစ်စေမယ့် အချက်ကိုလည်း မေ့မထားသင့်ပါဘူး။

ဒီ Lvl 20 မှာတော့ +20 Strength ကိုသာ ရွေးချယ်ဖို့အကြံပြုလိုပါတယ်။ +400 Hp,+20 Damage ဟာ -2 seconds
Slow ထက်အချိန်တိုင်း အသုံးဝင်နေစေမယ့် Passive တစ်ခုကဲ့သို့ ဖြစ်နေပါတယ်။

တကယ်လို့ သင်က Aghanim’s Scepter နဲ့ ဆော့ကစားတဲ့ Mangix ဆိုရင်တော့ သင့်ရဲ့ Element ၃ ကောင်ရဲ့ HP တွေကို Earth (5000 HP), Storm (3900 Hp), Fire (3300 HP) ဖြစ်စေမယ့် Telent ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရှေ့မှာ ရွေးချယ်ခဲ့တဲ့ Talent များအရ Right-Click DPS Brewmaster ဆိုရင်တော့ +140 Attack Speed ဆိုတာက Overpower Damage Dealer တစ်ကောင်အဖြစ် ပြောင်းသွားစေမှာပါ။

ဒါကြောင့် Item နဲ့ Talent ရွေးချယ်မှု အတွက်ကိုတော့ အောက်ပါအတိုင်း အမျိုးအစားခွဲခြား ရွေးချယ်နိုင်ပါတယ်။

DPS Brewmaster

Talents

lvl 10 >> +30 Damage
lvl 15 >> +15% Magic Resistance
lvl 20 >> +20 Strength
lvl 25 >> +140 Attack Speed

Items

Power Tread, Dagger, Drum, Offering, Assault, Bkb, Heart, Radiance.
Micro/ Macro Brewmaster

Talents

lvl 10 >> +3 Mana Regen
lvl 15 >> +75 Thunder Clap Damage
lvl 20 >> +20 Strength
lvl 25 >> +2000 Primal Split Units Health

Items

Phase Boots, Dagger, Drum, Offering, Aghanim’s Scepter, Shiva Guard, Radiance.

တကယ်တော့ Micro Command ချင်းအတူတူမှာ Brewmaster ရဲ့ Micro Control တွေဟာ အချိန်အတိုလေးသာ
အသုံးပြုတဲ့ Micro ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Micro တစ်ခုချင်းစီမှာ မတူညီတဲ့ Ability အရေအတွက်၊ အမျိုးအစားများ ကြောင့် ပိုမိုအသေးစိတ်ကျတဲ့ Macro ကျွမ်းကျင်မှုကို ထပ်မံလို အပ်ပါတယ်။ (Meepo ဟာ Micro (၅) ကောင်ထိန်းရပေမယ့် Ability တွေဟာ အကုန်အတူတူပဲဖြစ်လို့ Macro Skill အများကြီး အာရုံစိုက်စရာ မလိုပါဘူး) ဒါကြောင့် အကြံပြုချက်အနေနဲ့ Dota 2 > In-game Option > Advanced > Auto Select Summon Units ကိုသာ ရွေးချယ်ထားမယ်ဆိုရင် Primal Split အသုံးပြုပြီးတာနဲ့ Element Unit အားလုံးကို Control ရနေမှာဖြစ်ပါတယ်။ တကယ်လို့ Unit တစ်ခုချင်းစီကို ပြောင်းလဲဖို့အတွက် Tab key ကို အသုံးပြုမယ်ဆိုရင် ၎င်းရဲ့ Neutral Unit Ability တွေကို Q/W/E/R စသည်ဖြင့် အစဉ်လိုက်ပုံစံ ပေးထားခြင်းက သင့်အတွက် ပိုမိုလွယ်ကူတဲ့ Control တစ်ခု ဖြစ်စေပါလိမ့်မယ်။ အကြောင်းက Aghanim’s Scepter စပ်လိုက်တဲ့အခါ ရရှိလာမယ့် Drunken Haze နဲ့ Thunder Clap တို့ဟာ Element များရဲ့ (၄) ခုမြောက် Ability Slot ကို ရောက်ရှိလာမယ့်အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အစဉ်လိုက် Hotkey များသာ ပေးထားမယ်ဆိုရင် Tab > Q > R > Tab > Q > R စသည့်ဖြင့် အရေးကြီးတဲ့ Ability တွေကို ရိုးရှင်းစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၎င်းရဲ့ lvl 10 Talent မှာ Mana Regen အစား၊ 200 Mana Pool လောက်သာ အစားထိုးပေးခဲ့မယ်ဆိုရင် ကစားသမားတွေ ပြန်လည်စိတ်ဝင်စား လာနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်အရေးအကြီးဆုံး လိုအပ်နေတဲ့ အချက်ကတော့ ၎င်းရဲ့ Ultimate Duration ဖြစ်ပါတယ်။ အခု Ultimate အဖြစ် 16/ 18/ 20 Seconds Druation ဟာ လုံလောက်မှုမရှိသေးဘဲ 20/23/26 seconds ဖြစ်ခဲ့ရင် (ဒါမှမဟုတ်) +5 Seconds Primal Spirits Duration အဖြစ် -2 seconds slow thunder clap Talent တစ်ခုခုမှာ ထည့်သွင်းပေး ထားခဲ့ရင် Brewmaster ဟာ Meta ထဲ ပြန်မြင်လာရနိုင်ခြေ ရှိပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-yahooyeeha