December 13, 2017

v7.06e Kaldr the Ancient Apparition

တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ Dota 2 ကစားသမားတွေရဲ့ တစ်နှစ်တာအတွက် စိတ်ဝင်စားမှု အကြီးမားဆုံး ပြိုင်ပွဲကို ပြောရရင် The International Dota 2 ပြိုင်ပွဲကြီးကိုသာ ပြေးမြင်မိမှာ သေချာပါတယ်။ Dota 2 Esports အတွက်တော့ ကမ္ဘာ့ဖလားလို့ တင်စားခေါ်ဆိုလို့ ရလောက်အောင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး၊ ဆုကြေးငွေ အမြင့်မားဆုံး ပြိုင်ပွဲဖြစ်သည့်အလျောက် ကမ္ဘာအဝှမ်းက အကောင်းဆုံး အသင်းများကို တစ်နေရာတည်းမှာ စုစည်းတွေ့ဆုံရလေ့ ရှိပါတယ်။ ဒါကြောင့် နေရာဒေသအလိုက် ရေမြေ၊ သဘာဝ၊
အသားအရောင် ကွဲပြားခြားနား ကြသလို ကစားပုံ၊ နည်းဗျူဟာစသည့် အချက်တွေဟာလည်း မတူညီကြပါဘူး။ ဒါကြောင့် TI ပြိုင်ပွဲကြီးများမှာ Meta Hero များအပြင်၊ ဝှက်ဖဲ Hero များစွာလည်း ပေါ်ထွက်လာ လေ့ရှိတဲ့အတွက် ပိုမိုပြင်းထန်တဲ့ ပြိုင်ပွဲများ ဖြစ်လေ့ရှိပါတယ်။ ဒီနှစ် TI မှာလည်း Position 5 အတွက် Reliable Pick အဖြစ်မြင်လာရတဲ့ Hero တစ်ကောင်ကတော့ Kaldr The Ancient Apparition ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ ထွက်ရှိခဲ့တဲ့ v7.00 New Journey Update ကတည်းက Ancient Apparition ဟာ သိသာတဲ့ Buff
များစွာကို ရရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ Public Match Record တွေအရတော့ Ancient Apparition ဟာ Popularity 79th ဝန်းကျင်နားမှာသာ လည်နေခဲ့ပေမယ့် ၎င်းရဲ့ Talent ဖွဲ့စည်းပုံအရတော့ Support ကစားသမား များအတွက်ရွေးပျော်တဲ့ Hero တစ်ကောင်ဖြစ်နေတဲ့ အချက်ကိုထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ် ပါတယ်။

Abilities
Cold Feet

Single Target Ability တစ် ခုဖြစ်တဲ့ Cold Feet ကတော့အသုံးပြုခံရတဲ့ Unit အပေါ်ကို တစ်စက္ကန်တိုင်းမှာ တစ်ခါ သက်ရောက်မယ့် DPS တစ်ခုကို ၄ စက္ကန့်ကြာမြင့်အောင် တင်ပေးမှာဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ရဲ့ တည်နေရာမှာ Cold Feet အမှတ်အသားတစ်ခု ကျန်ခဲ့မှာဖြစ်ပြီး ၄ စက္ကန့် ကြာမြင့်တဲ့အထိ အဆိုပါအမှတ်အသား ရဲ့ 740 AoE အပြင်ဘက်ကို မထွက်နိုင်ရင် Unit အနေနဲ့ 2/2.5/3/3.5 seconds Stun ကိုခံစားရမှာပါ။ ဒါပေမဲ့ 740 AoE အပြင်ဘက်ကို ထွက်နိုင်ခဲ့မယ်ဆိုရင်တော့ DPS သက်ရောက်နေတဲ့ Cold Feet Debuff ပါ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

Ice

Vortex Damage မပါဝင်တဲ့ Ice Vortex ကို AoE Slow Ability တစ်ခုအဖြစ် ကစားသမားတိုင်း သိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ AoE Slow ထက် ပိုအရေးကြီးတဲ့ အခြားအားသာချက် များစွာလည်း ရှိပါသေးတယ်။ ပထမထူးခြားချက်ကတော့ သေးငယ်သော 275 AoE သာရှိတဲ့ Ice Vortex ဟာ Movement Speed Slow အပြင် Magic Resistance ကိုလည်း လျှော့ချပါသေးတယ်။ ဒီဘက်ခေတ်မှာ Core Hero Spell Caster အများစုစပ်လေ့ရှိသော Most Popular Item တစ်ခုဖြစ်တဲ့ Veil of Discord ရဲ့ Magic Resistance Reduction နဲ့ သဘောတရားချင်း အတူတူပဲဖြစ်ပါတယ်။ (Ice Vortex ကတောင် 5% ပိုလျော့ပါသေးတယ်) ဒုတိယ အားသာချက် တစ်ခုကတော့ Ice Vortex အပေါ်မှာရှိနေတဲ့ Enemy Hero ကို -30% Movement Speed လျော့သွားတဲ့အချိန် တစ်ပြိုင်တည်းမှာပဲ Ancient Apparition မှာ +30% Movement Speed လာပေါင်းနေမှာ ဖြစ်ပါတယ်။ ဒါဟာ Visage ရဲ့ Grave Chill Ability နဲ့ သဘောတရားချင်း ဆင်တူပါတယ်။ တတိယအားသာ ချက်ကတော့ 1600 Cast Range ရှိပြီး 200 AoE ကို Ground Vision
အဖြစ် ကြည့်ဖို့အသုံးပြုနိုင်တဲ့ အချက်ပါပဲ။

Chilling Touch

Mana Cost များပြီး မိမိကိုယ်ကို Attack Speed လျှော့တဲ့ Ability တစ်ခုဖြစ်လို့ ကစားသမား တော်တော်များများ မကြိုက်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေ ထည့်သွင်းပေးထားကတည်းက အားသာချက်တွေ များလို့ဆိုတဲ့ အချက်ကိုလည်း မေ့မထားသင့်ပါဘူး။ Chilling Touch ဟာ မိမိ Allied Hero တွေသာ Buff တင်ပေးဖို့အသုံးပြုနိုင်တဲ့ Ability ဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့ 525 AoE အတွင်းက Allied Hero တွေဟာ Buff တစ်ခုကိုရသွားပြီး နောက်လာမယ့် ၎င်းတို့ရဲ့ Right Click Attack 3/4/5/6 ချက်တိုင်းမှာ ပုံမှန် Physical Damage အပြင် Bonus Magic Damage ပါ သက်ရောက်စေမယ့် Buff ဖြစ်ပါတယ်။ အသုံးပြုပေးမယ့် AoE အတွင်းမှာ Ancient Apparition မပါဝင်ရင် တောင် AA အနေနဲ့ Bonus Buff ကျိန်းသေပေါက်ရမှာ ဖြစ်ပါတယ်။ ဥပမာ – ပွဲအစGankingမှာမိမိ Allied ၂ ကောင်လောက်ကို Chilling Touch သုံးပေးထားရင် ၎င်းတို့ရဲ့ Right Click အချက် ၃ ချက်မှာ +50 Damage စီပေါင်းနေမှာဖြစ်လို့ ၃ ချက်အတွက် Total 150 Bonus Damage, Hero ၃ ကောင် အတွက် 150 x 3 = 450 Magic Damage လောက်ကို Damage Deal နိုင်မှာ ဖြစ်ပါတယ်။

Ultimate Ice Blast

Global Cast Range Ability တစ်ခုဖြစ်တဲ့ Ice Blast ကတော့ Ancient ရဲ့ Signature Nuke Ability တစ်ခုဖြစ်ပါတယ်။ မိမိ ပစ်ခတ်ချင်တဲ့ တည်နေရာကို Tracking တစ်ခုဦးစွာ ပစ်လွှတ် လိုက်မှာဖြစ်ပြီး လိုချင်တဲ့ တည်နေရာကို ရောက်တဲ့အခါ နောက်ထပ်တစ်ခေါက် ထပ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့မှ Damage သက်ရောက်မယ့် Blast က ထွက်သွားမှာ ဖြစ်ပါတယ်။ Initial Damage သက်ရောက်ပြီး နောက်မှာ 8/9/10 seconds ကြာမြင့်တဲ့ Debuff တစ်ခု သက်ရောက်ပါလိမ့်မယ်။ အဆိုပါ Debuff သက်ရောက်နေတဲ့ အချိန်အတွင်းမှာ Enemy Hero အနေနဲ့ Hp Regen နဲ့ ဆိုင်သမျှ
အရာများ အားလုံးရပ်တန့်သွား မှာဖြစ်ပြီး Healing များကိုလည်း လက်ခံနိုင်စွမ်း ရပ်တန့်သွားပါမယ်။ ဒီလို Debuff ဝင်နေတဲ့ အချိန်မှာ Enemy Hero အနေနဲ့ ၎င်းရဲ့ Max HP 10%/11%/12% အောက်ကို ကျရောက်သွားတာနဲ့ ၎င်းရဲ့ လက်ကျန် HP အကုန်လုံး Remove ခံပြီး Instant Dead ဖြစ်သွားမှာ ဖြစ်ပါတယ်။ (Axe ရဲ့ Ultimate Culling Blade သက်ရောက်ပုံနဲ့ သဘောတရား ချင်းတူညီပါတယ်) Instant Dead ရဲ့ Damage Type ဟာ Hp Removal ဖြစ်လို့ Bkb သုံးပြီး ရှောင်လို့မရပါဘူး။ ဒါပေမဲ့ Dazzle ရဲ့ Shallow Grave, Oracle ရဲ့ False Promise တို့နဲ့ မသေအောင် ခဏတော့ ဟန့်တားထားနိုင် မှာ ဖြစ်ပါတယ်။ Aghanim’s Scepter စပ်လိုက်ရင်တော့ Debuff Duration ကို 17 seconds အထိ တိုးသွားစေမှာဖြစ်ပါတယ်။

Talents
Lvl 10 >> +8 Spell Amplification (or) +60 Gold/Min
Lvl 15 >> +30 Hp Regen (or) -1s Ice Vortex Cooldown
Lvl 20 >> +8% Ice Vortex Slow/ Resistance (or) +400 Health
Lvl 25 >> +100 Chilling Touch (or) 4 Charges of Cold Feet

Talent ရွေးချယ်မှုအနေနဲ့ ကတော့ အားသာချက်တွေ များတဲ့ Intelligence Hero တွေထဲမှာ Kaldr ဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ +8 Spell Amplification ဟာ အရိုး ရှင်းဆုံးတွက်ရရင် Cold Feet ကို Total 31 Damage, Ice Blast ကို 34 Damage ခန့်သာ တိုးစေမယ့် နည်းပါးလွန်းတဲ့ ပမာဏလေး ကိုသာ တိုးစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ Magic Resistance လျှော့တဲ့ Ability ဖြစ်တဲ့ Ice Vortex နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အားသာချက် နည်းနည်းပိုရှိလာ မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပိုင်း မှာတော့ +60 Gold/ Min ဟာ Position 5 Support Hero တစ်ကောင်အတွက် ရိုးရှင်းပြီး ယေဘုယျ ကျပါတယ်။

Hp Regen Talent ကို ပိုင် ဆိုင်ထားတဲ့ Dota Hero ဟာ (၁၃) ကောင်သာရှိပြီး ၎င်းတို့ထဲမှာ lvl 15 တည်းနဲ့ +30 Regen တောင်ရတဲ့ Hero ဟာ Kaldr တစ်ကောင်တည်းသာ ရှိပါတယ်။ Strength Grow, HP Pool နည်းပါးတဲ့ Hero တစ်ကောင်အ တွက် +30 Hp Regen ဟာ အဖိုးတန်တယ်ဆိုတာထက် အဖိုး ပိုတန်ပါတယ်။ တစ်ဖက်မှာတော့ မိမိရဲ့ Ice Vortex ကို 6 seconds cooldown ဖြစ်သွားစေမယ့် -1s Ice Vortex Cooldown Talent ကို ရွေးချယ်ခွင့်ပေးထားပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အ တိုင်း Ice Vortex ဟာ Slow အပြင်၊ MS Boosts, Magic Resistance Reduction တို့ကိုပါ
သက်ရောက်စေတဲ့ Ability ဖြစ်ပါတယ်။ ဒီ Buff/ Debuff တွေရဲ့ သက်ရောက်မှုနှုန်းကို +8% တိုးစေမယ့် Talent နဲ့ Flat Hp 400 တိုးစေမယ့် Talent ကို တွဲဖက်ပေးထားပါတယ်။ +400 HP ဆိုတာဟာ Clock, Meepo, Necrophos နဲ့ Spectre တို့လို Core/ Durable Hero တွေတောင် Lvl 25 ရောက်မှ ရွေးချယ်ခွင့်ရှိတဲ့ Talent ဖြစ်ပါတယ်။ ဒါကို Hpနည်းတဲ့ Ancient ကိုLvl 20 မှာ ရွေးချယ်ခွင့် ပေးထားခြင်းက +8% Ice Vortex Buff/ Debuff နဲ့ယှဉ်ရင် မြင်သာတဲ့ အားသာချက် တစ်ခု လည်း ဖြစ်နေပါတယ်။

Lvl 25 အရောက်မှာတော့ ၎င်းရဲ့ Ability တွေကို တိုးပေးထားတဲ့ Talent (၂) ခုကို ရွေးချယ်ရမှာပါ။ တစ်ခုကတော့ Cold Feet ကို (၄) ခေါက် သုံးလို့ရမယ့် Charge စနစ် ပြောင်းလဲပေးမယ့် Talent ဖြစ်ပြီး နောက်တစ်ခုကတော့ Chilling Touch Buff ကနေရှိမယ့် Bonus Damage ကို +100 တိုးပေးမယ့် Talent ဖြစ်ပါတယ်။ ဒီအပိုင်းမှာ နည်းနည်းလောက် အကြံပြုချင်တာ ရှိပါတယ်။
Cold Feet ဟာများများသုံးလို့ ရတဲ့အတွက် လူတိုင်းကြိုက်မှာ ဖြစ်လို့ ထွေထွေထူးထူး ပြောစရာ မရှိပေမယ့် Chilling Touch ရဲ့ အားသာချက်တွေက စိတ်ဝင်စားဖို့ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ Chilling Touch ကို မိမိ Allied Hero ၄ ကောင်စလုံးကို စုပြီးသုံးပေးလိုက် တယ်ဆိုပါစို့။ ၎င်းတို့ရဲ့လာမယ့် Right Click Attack (၆) ချက်မှာမူလ Damage အပြင် နောက်ထပ် +180 Magic Damage ပိုထိစေမှာဖြစ်လို့ Hero တစ်ကောင်စီမှာ 180 x 6 = 1080 Damage Output တိုးလာတာနဲ့ ညီမျှပါတယ်။ Hero (၅) ကောင်လုံးအတွက် 1080 x 5 = 5400 Damage ကို Chilling Touch ကနေရရှိစေမယ့် အချက်နဲ့ ညီမျှပါတယ်။ ဒါကြောင့်
Click တစ်ချက်တည်း နှိပ်ပြီး သုံးပေးရမယ့် Chilling Touch ကနေ အများဆုံး 5400 Magicl Damage Output ထိရှိနိုင်တဲ့
အားသာချက်ကိုတော့ မေ့မထားသင့်ကြောင်း အကြံပြုရခြင်း ဖြစ် ပါတယ်။

Item ရွေးချယ်မှုကတော့ Position 5 Hero တစ်ကောင် အတွက် များများစားစားမရှိ ပါ ဘူး။ ဒါပေမဲ့ ၎င်းရဲ့ Cold Feet နဲ့ Enemy ကို သေချာပေါက် ဖမ်းပေးနိုင်ဖို့ Cyclone Staff နဲ့ Rod of Atos တို့ကိုတော့ အခြေအနေအရစပ်ဖို့ အကြံပြုလို ပါတယ်။ Cold Feet တင်ပြီးသွားတဲ့ Unit ကို Cyclone တင်ပေးထားပြီး ပြန်ကျလာတဲ့အခါ Cold Feet Debuff က ပျောက်မသွား တဲ့အတွက် Cold Feet > Cyclone Combo (သို့မဟုတ်) Cold Feet > ROA Combo ဟာအဆိုပါ Unit ကို ကျိန်းသေပေါက်နီးပါး ဖမ်းပေးနိုင်ဖို့ အကျိုးပြုမယ့် Item တွေဖြစ်ပါတယ်။ Keeper of the Light နဲ့ Aghaim’s Scepter ဟာခွဲခြားလို့ မရသလို၊ Kaldr နဲ့ Aghanim’s Scepter ဟာလည်း အတူတူပဲဖြစ်ပါတယ်။ Force Staff, Drum, Aether Lens တို့ဟာ Core Item များအဖြစ် ရွေးချယ်နိုင်သလို Dagon, Octarine Core, Sycthe of Vyse တို့ကိုတော့ ပွဲနောက်ပိုင်း Item တွေအဖြစ် ရွေးချယ်နိုင်ပါ တယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အ ကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Tips: Dota မှာပါဝင်တဲ့ Fountain (၂) ခု ကြားအကွာ အဝေးဟာအကြမ်းဖျဉ်း 21000 Range အကွာအဝေးရှိပါတယ်။ Ultimate Ice Blast ဟာ 1 second ကို 1500 Distance နှုန်းနဲ့ သွားတာဖြစ်လို့ မိမိ Fountain ကနေ Enemy Fountain ကိုပစ်လွှတ်ဖို့အတွက် 14 seconds လောက် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒုတိယ Projectile က တည်နေရာကိုရောက်ဖို့ 2 seconds လောက် အချိန်ယူတာ
ဖြစ်တဲ့အတွက် Fountain to Fountain တိုက်ခိုက်တဲ့အခါမှာ စုစုပေါင်း ၁၆ စက္ကန့် စောပြီး ပစ်ဖို့ လိုပါလိမ့်မယ်။

yahooyeeha