October 20, 2017

v7.06d-Ymir-The-Tusk

Dota မှာ စိတ်ဝင်စားစရာ ကောင်းတာဟာ Hero Lore တွေဖြစ်ပါတယ်။ Hero တစ်ကောင်ချင်းစီမှာ ထူးဆန်းတဲ့နောက်ကြောင်း ရာဇဝင်ဆက်သွယ်မှုတွေရှိပြီး တစ်ချို့ Hero တွေဟာ တစ်ကောင်နဲ့တစ်ကောင် ချိတ်ဆက်နေတဲ့ နောက်ကြောင်း ရာဇဝင်များ ရှိပါတယ်။ ဒီထဲကမြင်သာတဲ့ ရာဇဝင်တွေကတော့ Lina နဲ့ Rylai, Viper နဲ့ Pugna, Vengeful Spirit နဲ့ Skywrath Mage, Kunkka နဲ့ Tidehunter, The Spirit Brothers, Four Fundamentals စသည်တို့အပြင် အခြားသောစိတ်ဝင်စားဖွယ် နောက်ကြောင်းတွေနဲ့ Hero Lore များစွာရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က ရေးသားခဲ့တဲ့ Rigwarl The Bristleback နဲ့ပတ်သတ်ပြီး နောက်ကြောင်း ရာဇဝင်ဆက်သွယ်နေတဲ့ Hero တစ်ကောင်လည်း ရှိပါတယ်။ သူကတော့ လက်ရှိ Meta ရဲ့ Premium ပွဲတွေမှာ Situational Pick အဖြစ် ပြန်လည်မြင်တွေ့လာရပြီဖြစ်တဲ့ Ymir The Tusk ပဲ ဖြစ်ပါတယ်။ Rigwarl နှင့် Tusk တို့ရဲ့ ရာဇဝင်ကတော့ အရက်ဘားမှာဖြစ်ခဲ့တဲ့ စိန်ခေါ်ပွဲရဲ့ သွေးကြွေးပဲဖြစ်ပါတယ်။ အဆိုပါစိန်ခေါ်ပွဲမှာတော့ Tusk ဟာ Rigwarl ကို မလှုပ်ရှားနိုင် တော့လောက်အောင်၊ ကျောမှာရှိသမျှ အဆူးတွေ အကုန်ကျွတ်ထွက်သွားအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့အတွက် Rigwarl က မကျေပွဲနွှဲဖို့ သွေးကျွေးမှတ်တေးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Bristleback ကို ဆိုးဆိုးရွားရွား အနိုင်ပိုင်းခဲ့တဲ့ Ymir, The Tusk ရဲ့အကြောင်းကို ရေးသားဖို့ ရွေးချယ်ထားပါတယ်။

Overview

Tusk ရဲ့ Ability ဖွဲ့စည်းပုံကတော့ Disable, Slow, Trap, Nuke စသည်တို့ဖြင့် ဖွဲ့စည်းထားတဲ့ Mobility ကောင်းတဲ့ Initiator တစ်ကောင် ဖြစ်ပါတယ်။ Ability လေး ကွက်စလုံးဟာ Active Ability တွေဖြစ်ပြီး Long Range Initiation Ability ၂ ခု၊ AoE Slow နဲ့ Single Target Nuke/ Slow Ability တွေကြောင့် ကစားပွဲအစ မှာကတည်းက Enemy Core Hero တစ်ကောင်ကို Shutdown ချထားလို့ရလောက်အောင် ပြည့်စုံတဲ့ဖွဲ့စည်းပုံကို တွေ့ရပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တော် Carry ဆော့ကစားဖို့ခက်ခဲတဲ့ Base Attack Time, AoE High Damage Output မျိုးမပါဝင်တဲ့အတွက် Public Match တွေမှာတော့ Popular ဖြစ်မှုနံပါတ်စဉ် 84th မှာသာ ရပ်တည်လျက် ရှိပါတယ်။

Ice Shard

Target Point Ability တစ်ခုဖြစ်ပြီး Cast Range 2000 ရှိပါတယ်။ မိမိ Point ထောက် လိုက်တဲ့ နေရာကို Ice Shards တစ်လုံးပစ်လိုက်မှာဖြစ်ပြီး အဆိုပါ တည်နေရာကိုရောက်တဲ့အခါ AoE 200 ကျယ်တဲ့စက်ဝိုင်းခြမ်းပုံ Ice Shards (၇) ချောင်း ပေါ်လာမှာဖြစ်ပါတယ်။ အဆိုပါ Ice Shards တံတိုင်းဟာ (၇) စက္ကန့်ကြာမြင့်မှာဖြစ်ပြီး သာမန် Movement, Phase Movement တို့ဖြင့် ကျော်ဖြတ်လို့ရမှာ မဟုတ်ဘဲ Flying Movement တစ်မျိုးနဲ့သာ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ Ice Shards စက်ဝိုင်းခြမ်း ဟာ Tusk ဘက်ကို အပွင့်ထားပြီး တစ်ဖက်ကို အပိတ်ထားမှာဖြစ်လို့ Hero ကို တည်ပြီး သုံးတာထက်၊ Enemy Hero သွားမယ့်ကုန်းတက်၊ ကုန်းဆင်း၊ လမ်းကျဉ်း၊ သစ်ပင်ကြားစတဲ့ ကျဉ်းမြောင်းသော နေရာများကို ရိုးရှင်းစွာ အသုံးပြုခြင်းက Ice Shards ရဲ့ Trap အားသာချက်ကို ထိရောက်စွာ အသုံးချခြင်းပဲ ဖြစ်ပါတယ်။

Snowball

AoE Stun, AoE Hidden တစ်ခုလို့ပြောလို့ရတဲ့ Snowball ဟာ Cast Range 1250 ရှိတဲ့ Target Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့အခါ Tusk ရဲ့တည်နေရာမှာ Snowball ဖြစ်သွားပြီး Tusk ဟာ Hidden Unit ဖြစ်သွားပါတယ်။ Snowball ဟာ အသုံးပြုထားတဲ့ နေရာကို မထွက်ခွာခင် (၃) စက္ကန့်အချိန်ရပြီး အဆိုပါ အချိန်အတွင်းမှာ Snowball ရဲ့ 350 AoE အတွင်းက Allied Hero တွေကို Right-Click နှိပ်ပြီး မိမိရဲ့ Snowball ထဲကို ဆွဲထည့်လို့ရပါတယ်။ အဆိုပါဆွဲထည့်ခံရတဲ့ Allied Hero တွေဟာလည်း Hidden ဖြစ်သွား မှာဖြစ်ပါတယ်။ Snowball ဟာ 80/ 120/ 160/ 200 Damage သက်ရောက်မှာဖြစ်ပြီး ဆွဲထည့်ထားတဲ့ Allied Hero တစ်ကောင်ချင်းစီတိုင်းအတွက် 20/ 30/40/ 50 Damage ဆီတိုးလာမှာ ဖြစ်ပါတယ်။ Snowball Duration သုံးစက္ကန့်အတွင်းမှာ နောက်တစ်ခေါက် အသုံးပြုရင်တော့ ချက်ချင်းထွက်ခွာသွားမှာ ဖြစ်ပါတယ်။ သာမာန် 200 AoE Disable တစ်ခုအဖြစ် အသုံးပြုနိုင်တဲ့အပြင် အထူးသဖြင့် မိမိကိုယ့်ကို (၃) စက္ကန့်ခန့် Spell များ ရှောင်ဖို့သုံးနိုင်တဲ့အပြင် အန္တရာယ်ကြားကျရောက်နေတဲ့ မိမိအသင်းရဲ့ Core Hero ကိုလည်း (၃) စက္ကန့်ခန့်ဖွက်ထားပေးနိုင်မယ့် Ability ကောင်းတစ်ခု ဖြစ်ပါ တယ်။

Frozen Sigil

ရိုးရှင်းတဲ့ AoE Slow Frozen Sigil ကတော့ Summon Unit Abiity ဖြစ်ပါတယ်။ Sigil ရဲ့ 600 AoE အတွင်းက Enemy များကို 10%/ 15%/ 20%/ 25% MS Slow, 30/ 40/ 50/ 60 AS Slow ကို သက်ရောက်စေပြီး 50 seconds Cooldown, 30 seconds Duration ရှိကာ Count Hp 3/3/4/4 ရှိပါတယ်။

Ultimate Walrus PUNCH!

Single Target Ultimate Walrus PUNCH! ကတော့ အသုံးပြုလိုက်တဲ့ Unit ကို Tusk မှာရှိသမျှ Total Damage ကို 3.5 နဲ့မြှောက်ပြီး Damage သက်ရောက်စေမယ့် Ultimate ဖြစ်ပါ တယ်။ ဥပမာ Tusk မှာ စုစုပေါင်း Damage 200 ရှိမယ်ဆိုရင် 200 x 3.5 = 700 Damage ကို အဆိုပါ Unit အား သက်ရောက်စေမှာပါ။ Damage Multiply က ပြောင်းလဲ သွားခြင်းမရှိဘဲ များများတင်ရင် Cooldown 36/24/12 seconds ဆိုပြီး ကျကာ Slow Duration ကို 3/4/5 seconds ထိတိုးလာမှာ ဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ဟာ 40% MS Slow ကို ခံစားရမှာဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ကို လေထဲသို့ 650 Range မြောက်တက် သွားစေမှာဖြစ်ပြီး Never Miss Ability တစ်ခုလည်း ဖြစ်ပါတယ်။

Aghanim’s Scepter

Aghanim’s Scepter ကို ရွေးချယ်လိုက်ရင် Walrus Kick ဆိုတဲ့ Ability တစ်ခု Unlock ဖြစ်လာမှာပါ။ Walrus Kick ကတော့ ပုံသေ Damage 350 ရှိပြီး အသုံးပြုခံရတဲ့ Unit ကို Tusk ရဲ့ ဆန့်ကျင်ဘက် 1400 Range ကို ကန်ထုတ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Walrus PUNCH! ကဲ့သို့ပင် 40% MS Slow သက် ရောက်မှာဖြစ်ပြီး Duration 5 seconds ရှိပါတယ်။

Talents
Lvl 10 >> +35 Damage (or) +40% XP Gain
Lvl 15 >> +90 GPM (or) +150 Snowball Damage
Lvl 20 >> +12% Magic Resistance (or) +6 Armor
Lvl 25 >> +150% Walrus PUNCH! (or) +700 Health

Tusk ရဲ့ Talent တွေဟာ အခြား Hero တွေလို Talent အကူးအပြောင်းမှာ သိသိသာသာ ကောင်းသွားတဲ့ Talent မျိုးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Initiator တစ်ကောင်အနေနဲ့တော့ ကောင်းမွန်တဲ့ ရွေးချယ်စရာများ ဖြစ်ပါတယ်။ lvl 10 မှာ ရွေးချယ်ရတဲ့ +40% EXP gain Talent ဟာ lvl 10 Exp Talent တွေထဲမှာ အများဆုံးဖြစ်ပါတယ်။ Tusk လို Roamer, Initiator တစ်ကောင်အတွက် Exp Gain ဟာ အရေးကြီးတာ မှန်ပေမယ့် တစ်ဖက် Talent ကလည်း များပြားတဲ့ +35 Damage Talent ဖြစ်ပါတယ်။ Last Hitting, Ultimate Damage တို့အတွက် များစွာထိရောက်တဲ့ +35 Damage ဟာ Tusk အတွက် ပိုအကျိုးရှိပါတယ်။ lvl 15 မှာ ရရှိမယ့် +90 GPM ဟာ Unreliable Gold များဖြစ်ပြီး Item ရရှိဖို့အထောက်အကူ ဖြစ်ပေမယ့် တစ်ဖက်က +150 Snowball Damage ဟာလည်း Damage Output နည်းတဲ့ Tusk အတွက် အကျိုးရှိတဲ့ Talent ဖြစ်လို့ Snowball Damage Talent ကို ပိုအလေးပေးပြီး ရွေးချယ်သင့်ပါတယ်။ တစ်ဖက်အသင်းရဲ့ Hero ကိုကြည့်ပြီး Lvl 20 talent မှာ Armor (or) magicresistant စိတ်တိုင်းကျ ရွေးချယ်နိုင်ပြီး lvl 25 Talent ကိုတော့ မိမိတစ်ပွဲလုံး ဆော့ခဲ့တဲ့ ပုံစံကို လိုက်ပြီး ရွေးချယ်နိုင်ပါတယ်။ မိမိကိုယ်တိုင် Core အနေနဲ့ဆော့ပြီး၂၅ ထိရောက်ခဲ့ရင် +150 Walrus PUNCH! Talent, ဒါမှမဟုတ် မိမိဟာ Tusk ရဲ့ Role အတိုင်း Initiator ဖြစ်ခဲ့ရင်တော့ Flat HP 700 Talent ကို ရွေးချယ်သင့်ပါတယ်။

Tusk ရဲ့ Ultimate Damage တွက်ချက်ပုံဟာ v6.80 ကတည်းက ရိုးရှင်းသွားခဲ့ပြီဖြစ်ပါတယ်။ အရင်က Hp နည်းနေတဲ့ Unit ကိုသုံးမှ Damage ပိုထိခဲ့ပေမယ့် အခုကတော့ Total Damage ကို ရိုးရိုးရှင်းရှင်းမြှောက်ပြီး သက်ရောက်တာဖြစ်လို့ Flat Damage Item တွေကို ရွေးချယ်လေ့ရှိပါတယ်။ ဥပမာ Phase Boots, Shadow Blade, Desolator တို့ဟာ Tusk Player တွေရဲ့ Favourite Item တွေဖြစ်ပါတယ်။ ဒါပေမဲ့ Shadow Blade က ရရှိမယ့် +175 Backstab Damage ကိုတော့ Walrus PUNCH! Multiplier မှာထည့်သွင်း မတွက်ချက်ပါဘူး။Core Item တွေအဖြစ် Phase Boots, Urn, Drum တို့ဟာ အားလုံးသိပြီးတဲ့အတိုင်း Initiator Starter Pack အဖြစ်ရွေးချယ်သင့်ပြီး Solar Crest ကိုလည်း ဦးစားပေး ဆက်သင့်ပါတယ်။ Ultimate ဟာ Physical Flat Damage အမျိုးအစားဖြစ်လို့ တစ်ဖက် Hero ကို Armor လျှော့နိုင်လေ အားသာချက်ရှိလေ ဖြစ်ပါတယ်။ ဒါကြောင့် Medallion, Solar Crest, Desolator စသဖြင့်သော Item တွေကို ရွေးချယ်လေ့ရှိခြင်း ဖြစ်ပါတယ်။ တကယ်တော့ Tusk ဟာ Ability ဖွဲ့စည်းပုံအရကို Roamer တစ်ကောင်အဖြစ် ပွဲထုတ်သင့်တဲ့ Hero ဖြစ်ပြီး အဆိုပါ Ability တွေသုံးပြီးတိုင်း Team Fight တစ်ခုရဲ့ အလယ်ကောင်ကို ရောက်သွားလေ့ရှိလို့ Blade Mail, Vanguard, Shadow Blade, Eul, Ghost Scepter စတဲ့ Item တွေကိုလည်း ရွေးချယ်သင့်ပါတယ်။ Long Range Disable, Trap တို့ဟာ early game, lvl 2~3 လောက်မှာ ကတည်းက Power Spike အကောင်းဆုံးဖြစ်လို့ လမ်းတစ်လမ်းမှာ အခြေချပြီး Farm နေတာ ထက်စာရင် မိမိရဲ့ Allied တွေနဲ့ ပူးပေါင်းပြီး တစ်ဖက်အသင်းရဲ့ Core Hero များကို Shutdown လိုက်ချတဲ့ပုံစံက ဒီ Meta မှာ ရွေးချယ်ဖို့ အသင့်တော်ဆုံး ကစားပုံတစ်ခု ဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-Yahooyeeha