USB Type-C

USB Type-C ဆိုတာက တော့ ယခုနောက်ပိုင်း စမတ် ဖုန်းတွေ၊ Laptop တွေမှာ ထည့်သွင်းအသုံး ပြုလာတဲ့ USB ရဲ့ မျိုးဆက်သစ်နည်းပညာပဲဖြစ် ပါတယ်။ ယခင်အသုံးပြုခဲ့တဲ့ USB တွေထက် ပိုမိုကျစ်လစ်သေးငယ် တဲ့အရွယ်အစားနဲ့ အသုံးပြုလာတဲ့ လုပ်ငန်းသုံးအမျိုးအစား USB Connector ဆိုရင်လည်း မမှားပါ ဘူး။

ဒီ USB Type-C connector တွေကို ပုံစံမျိုးစုံနဲ့ ချိတ်ဆက်အသုံး ပြုနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ဖန်တီး ထားတာလည်းဖြစ်ပါတယ်။ ဘာ လို့လဲဆိုတော့ Type-C connector က HDMI, VGA, DisplayPort နဲ့ တခြားသော ချိတ်ဆက်ဆောင် ရွက်နိုင်တဲ့ Port တော်တော်များနဲ့ တွဲဖက်အသုံးပြုလို့ပဲဖြစ်ပါတယ်။

တကယ်တော့ USB Type-C နည်းပညာက USB 3.0 Platform ပေါ်ကနေ ဟာ့ဒ်ဝဲနည်းပညာ နည်းနည်းထပ်ပေါင်း ဖန်တီးထား တာဖြစ်ပါတယ်။ နောက်တစ်ခု က Type-C  connector ရဲ့ Port တွေကို တခြားသော မည်သည့် connector နဲ့မဆို တွဲဖက်အသုံးပြုနိုင်ဖို့အတွက် ပြု လုပ်ထားတာကြောင့်ပါ။

USB Type-C connector တွေက အချက်အလက် Data တွေကို 10 Gb/s (Gigabits per second) ထိ သယ်ယူပို့ဆောင်ပေး နိုင်ပါတယ်။ နောက်ပြီး ပါဝါသယ် ဆောင်မှုကိုလည်း 100 Watts  (20 Volts) ထိ ထောက်ပံ့ပေးနိုင်တဲ့အပြင် အသံနဲ့ ဗီဒီယိုတွေကိုလည်း Input ကြိုးတစ်ချောင်းတည်းကနေပဲ ပို့ ဆောင်ပေးနိုင်ပါသေးတယ်။ သူ့ရဲ့ ကျစ်လစ်သေးငယ်တဲ့ကြိုးက လက်ရှိအသုံးပြုနေတဲ့ USB Type တွေနဲ့ တွဲဖက်အသုံးပြုနိုင်တာက လည်း ဒီ USB Tpye-C ရဲ့ အား သာချက်ပဲဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရ မယ်ဆိုရင် USB Type-C connector တွေက ပါဝါ၊ အချက် အလက် Data၊ Audoi နဲ့ Video ဖိုင်တွေကို ကြိုးတစ်ချောင်းထဲက နေပဲ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် USB 2.0, USB 3.1 (Gen 1), USB 3.1 (Gen 2) စတဲ့ Type တွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့အပြင် တခြားသော Connector တွေနဲ့ တွဲဖက်အသုံးပြုနိုင်ဖို့အတွက် သူရဲ့ခေါင်းကို လိုသလို ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သေး သွယ်တဲ့ ကြိုးက 20 Volt (100 Watts ) ပါဝါပမာဏ ပါဝါ စီးဆင်း မှုထိကောင်းစွာ ထောက်ပံ့ လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။