July 15, 2018

UK ႏိုင္ငံ၏အဆင့္ျမင့္ အင္ဂ်င္နီယာဘြဲ႔ကို Chindwin – PSB Institute တြင္ တက္ေရာက္ႏိုင္

[ Zawgyi ]

UK ႏိုင္ငံရဲ႕အဆင့္ျမင့္ အင္ဂ်င္နီယာေက်ာင္းျဖစ္တဲ့ University of Portsmouth ကဘြဲ႔ေတြကို Chindwin – PSB Institute မွာ တက္ေရာက္ႏိုင္ေၾကာင္း သိရပါတယ္။

အဆိုပါေက်ာင္းကို စကၤာပူႏိုင္ငံ PSB Academy နဲ႔ Chindwin College တို႔ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ကာ University of Portsmouth ကအင္ဂ်င္နီယာဘာ သာရပ္ေတြျဖစ္တဲ့ Business and Management, Engineering (Civil, Electronic, Mechanical) နဲ႔ Hospitality Management ဘြဲ႔တန္းေတြကို သင္ၾကားသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ “ဒီသင္တန္းကို Chindwin College နဲ႔ PSB Academy က ပူးေပါင္းဖြင့္လွစ္ေပမယ့္ သင္ၾကားျပသေပးမယ့္ ဆရာေတြကေတာ့ University of Portsmouth ကနည္းျပဆရာေတြ ျဖစ္ပါတယ္၊ ဒီအတန္းကုိ တက္ဖို႔အတြက္ HND Level 4 နဲ႔ Level 5 ကိုေအာင္ျမင္ထားၿပီး သူျဖစ္ဖို႔ေတာ့ လိုပါတယ္” လို႔ Chindwin – PSB Institute က Director of Marketing and Student Recruitment ကတာဝန္ရွိသူ ေဒၚဝင္းပပမ်ိဳးျမင့္က ေျပာပါတယ္။
University of Portsmouth ဟာ UK ရဲ႕ ထိပ္တန္းတကၠသိုလ္ ၂၅ ခုမွာပါဝင္ကာ ႏိုင္ငံတကာမွာလည္း ထင္ရွားေၾကာင္း၊ ဒီဘာသာရပ္ေတြကို ႏိုင္ငံျခားမွာ သြားေရာက္တက္ေရာက္ စရာမလိုဘဲ ျပည္တြင္းမွာပါ တက္ေရာက္ႏိုင္မွာျဖစ္ေၾကာင္း ၎က ဆက္ေျပာပါတယ္။

-ေအာင္သက္ကို

[ Unicode ]

UK နိုင်ငံရဲ့အဆင့်မြင့် အင်ဂျင်နီယာကျောင်းဖြစ်တဲ့ University of Portsmouth ကဘွဲ့တွေကို Chindwin – PSB Institute မှာ တက်ရောက်နိုင်ကြောင်း သိရပါတယ်။

အဆိုပါကျောင်းကို စင်္ကာပူနိုင်ငံ PSB Academy နဲ့ Chindwin College တို့ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကာ University of Portsmouth ကအင်ဂျင်နီယာဘာ သာရပ်တွေဖြစ်တဲ့ Business and Management, Engineering (Civil, Electronic, Mechanical) နဲ့ Hospitality Management ဘွဲ့တန်းတွေကို သင်ကြားသွားမှာဖြစ်ကြောင်း သိရပါတယ်။ “ဒီသင်တန်းကို Chindwin College နဲ့ PSB Academy က ပူးပေါင်းဖွင့်လှစ်ပေမယ့် သင်ကြားပြသပေးမယ့် ဆရာတွေကတော့ University of Portsmouth ကနည်းပြဆရာတွေ ဖြစ်ပါတယ်၊ ဒီအတန်းကို တက်ဖို့အတွက် HND Level 4 နဲ့ Level 5 ကိုအောင်မြင်ထားပြီး သူဖြစ်ဖို့တော့ လိုပါတယ်” လို့ Chindwin – PSB Institute က Director of Marketing and Student Recruitment ကတာဝန်ရှိသူ ဒေါ်ဝင်းပပမျိုးမြင့်က ပြောပါတယ်။
University of Portsmouth ဟာ UK ရဲ့ ထိပ်တန်းတက္ကသိုလ် ၂၅ ခုမှာပါဝင်ကာ နိုင်ငံတကာမှာလည်း ထင်ရှားကြောင်း၊ ဒီဘာသာရပ်တွေကို နိုင်ငံခြားမှာ သွားရောက်တက်ရောက် စရာမလိုဘဲ ပြည်တွင်းမှာပါ တက်ရောက်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

-အောင်သက်ကို