Ubuntu OS ပေါ်မှာ RawTherapee ကို ဘယ်လို ထည့်သွင်းမလဲ

Ubuntu OS ပေါ်ကနေ Raw ပုံတွေကို အသုံးပြုပြီး ပြင်ဆင်ချင်တယ်ဆိုရင် RawTherapee က အထောက်အပံ့ ပေးနိုင်ပါတယ်။ RawTherapee ဟာ Raw ပုံတွေကို ကြည့်ရှုနိုင်သလို ပြင်ဆင်ဖို့ အတွက်လည်း feature တွေအများအပြား ထည့်သွင်းပေးထားပါတယ်။ RawTherapee ကို Ubuntu OS 16.04, 16.10 နဲ့ Linux Mint 18 တို့မှာ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။

RawTherapee ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

RawTherapee ကို Ubuntu OS 16.04, 16.10 နဲ့ Linux Mint 18 တို့မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo add-apt-repository ppa:dhor/myway

sudo apt-get update

sudo apt-get install rawtherapee

ဆိုတဲ့ command ကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command ကို ထည့်သွင်း ပြီးရင်သက်ဆိုင်ရာ ဖိုင်တွေ ကို download ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးပါ။ download ပြုလုပ်ပြီးရင် တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။

Install ပြုလုပ်ပြီးရင် Dash Home key ရဲ့ search box မှာ raw therapee ဆိုတဲ့ keyword ကို ရိုက်ထည့်ပြီး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။