Ubuntu OS ပေါ်မှာ Flowblade ကို ဘယ်လို ထည့်သွင်းမလဲ

Flowblade ဆိုတာကတော့ Linux ကိုအခြေခံတဲ့ Operating System တွေပေါ်မှာ အသုံးပြုနိုင်တဲ့ video editing ဆော့ဖ်ဝဲတစ်ခုပဲ
ဖြစ်ပါတယ်။ Flowblade မှာ video edit ပြုလုပ်နိုင်မယ့် tool ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး video clip တွေကိုလည်း drag &
drop ပြုလုပ်ပြီး ထည့်သွင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။

Flowblade ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။  ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

Flowblade ကို Ubuntu OS 16.04 နဲ့ 16.10 တို့မှာ ထည့်သွင်း အသုံးပြုဖို့ http://bit.ly/2nYK0TU ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ
deb ဖိုင်ကို အရင် download လုပ်ထားရပါမယ်။ Download လုပ်ထားတဲ့ ဖိုင်ကို download ဆိုတဲ့ ဖိုဒါထဲမှာသာ ထည့်ထားလိုက်ပါ။

ပြီးရင် Terminal ကနေ cd ~/Downloads

sudo dpkg -i flowblade-1.12.0-1_all.deb

ဆိုတဲ့ command ကိုရိုက်ထည့်ပါ။ အဆိုပါ command ကိုထည့်သွင်းပြီးရင် sudo apt-get install -f ဆိုတဲ့ command နဲ့ additional package ကိုထပ်မံ ထည့်သွင်းပါ။ ပြီးသွားရင် ခေတ္တစောင့်ပေးလိုက်ပါ။ ဒါဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီးတာနဲ့ Ubuntu OS မှာ Flowblade ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။