April 21, 2018
[ Zawgyi ]
sudo apt-get update
-သီဟ
================
[ Unicode ]
Ubuntu OS ပေါ်တွင် Clonezilla ကို ထည့်သွင်းခြင်း
================
Clonezilla ဆိုတာကတော့ disk image တွေကို ဖန်တီးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Disk Image တွေကိုလည်း ဖန်တီးနိုင် မှာဖြစ်ပြီး disk image တွေကိုလည်း အလွယ်တကူနဲ့ ကူးနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Clonezilla ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို
အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရ ပါမယ်။
Clonezilla ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ပထမဆုံး
sudogedit /etc/apt/sources.list
ဆိုတဲ့ command နဲ့ source list ကို ပြင်ဖို့ဖွင့်ရပါမယ်။ Source list ထဲမှာ
deb http://us.archive.ubuntu.com/ubuntu xenial main universe
ဆိုတာကို ထည့်သွင်းပြီး save လုပ်လိုက်ပါ။ ပြီးရင်
sudo apt-get update
sudo apt-get install clonezilla
ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ စတင်
အသုံးပြုမယ်ဆိုရင် sudoclonezilla ဆိုတဲ့ command နဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
-သီဟ