






sudo apt-get update



-သီဟ

Ubuntu OS မှာ Shotwell ကို ထည့်သွင်းခြင်း

Shotwell ဆိုတာကတော့ ကိုယ့်ရဲ့ ဓာတ်ပုံတွေကို စီမံခန့်ခွဲ နိုင်အောင် စီစဉ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ digital camera တွေနဲ့ ချိတ်ဆက်ပြီးလည်း ဓာတ်ပုံတွေကို တိုက် ရိုက် သိမ်းဆည်းနိုင်အောင် စီစဉ် ပေးထားပါတယ်။

Ubuntu OS မှာ Shotwell ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Shotwell ကို Ubuntu 16.04 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်း ရမယ့် command တွေကတော့ –

sudo apt-get remove –purge shotwellshotwell-common

sudo add-apt-repository ppa:yg-jensge/shotwell

sudo apt-get update

sudo apt-get install Shotwell

ဆိုတဲ့ command တွေကို အသုံးပြုပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင် Shotwell ကို Ubuntu OS မှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

-သီဟ