October 20, 2017

Ubuntu OS မှာ Photo FlimStrip ကို ထည့်သွင်းခြင်း

PhotoFlimStrip ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Ubuntu OS ပေါ်ကနေ ဗီဒီယိုဖိုင်တွေအတွက် cover picture တွေကို ဓာတ်ပုံအနေနဲ့ အသုံးပြုနိုင်အောင် အဆင့်သုံးဆင့်ဖြင့် ဖန်တီးပြုလုပ်နိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဖိုင်တွေကိုလည်း ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပြီး slideshow များကိုလည်း ဖန်တီးပြုလုပ်နိုင်မည် ဖြစ်သည်။

PhotoFlimStrip ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

PhotoFlimStrip ကို Ubuntu OS 16.04  မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb apps” >> /etc/apt/sources.list.d/get

deb.list’

wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install photo

filmstrip

ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပြီး 16.10 မှာ ထည့်သွင်းမယ်ဆိုရင်

sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu yakkety-getdeb apps” >> /etc/apt/sources.list.d/getdeb.list’

wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install photofilmstrip

ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ တစ်ကယ်လို့ အသုံးမပြုလိုတဲ့ အခါမှာ ပြန်ပြီး Uninstall ပြုလုပ်မယ်ဆိုရင် sudo apt-get remove photofilmstrip

sudo apt-get autoremove

ဆိုတဲ့ command ကို သုံးစွဲရမှာ ဖြစ်ပါတယ်။