Ubuntu OS မှာ MakeMKV ကို ဘယ်လိုထည့်သွင်းမလဲ

MakeMKV ဆိုတာကတော့ video clip တွေကို DVD/ Blu-ray အစရှိတာတွေကနေ mkv ဖိုင်အဖြစ် ပြောင်းလဲနိုင်ရန် စီစဉ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ MakeMKV ဆော့ဖ်ဝဲကို Ubuntu OS 17.04 ပေါ် ထည့်သွင်းအသုံးပြု ချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

MakeMKV ကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

MakeMKV ကို Ubuntu OS 17.04 မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်းပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo apt-get install build-essential pkg-config libc6-dev libssl-dev libexpat1-dev libavcodec-dev libgl1-mesa-dev libqt4-dev
wget http://www.makemkv.com/download/makemkv-bin-1.10.5.tar.gz
wget http://www.makemkv.com/download/makemkv-oss-1.10.5.tar.gz
tar -xvf makemkv-bin-1.10.5.tar.gz
tar -xvf makemkv-oss-1.10.5.tar.gz
cd makemkv-oss-1.10.5/
./configure
make
sudo make install
cd ..
cd makemkv-bin-1.10.5/
make
sudo make install

ဆိုတဲ့ command တွေကို ထည့်သွင်းပေးပြီးရင် MakeMKV ဖိုင်ကို download လုပ်ပြီး ထည့်သွင်းပေးသွား ပါလိမ့်မယ်။