June 25, 2017

Two-factor authentication ကို ဘယ်လို enable လုပ်မလဲ

အင်တာနက်ပေါ်မှာ ကိုယ့်ရဲ့ account တွေကို လုံခြုံမှုရှိစေဖို့ ပြုလုပ်နိုင်မယ့်နည်းလမ်းတွေထဲက အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ two-factor authentication ကို enable လုပ်ပြီး လုံခြုံရေးအလွှာကို ထပ်တိုးခြင်း ဖြစ်ပါတယ်။ Two-step verfication နဲ့ 2FA ဆိုပြီး လူသိများတဲ့ ဒီလုပ်ငန်းစဉ်မှာ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတစ်ခု ပါဝင်ပြီး account ပိုင်ရှင်က အွန်လိုင်းဝန်ဆောင်မှုတွေမှာ login လုပ်တဲ့အခါ ပိုင်ရှင် ဟုတ်၊ မဟုတ် အတည်ပြုပေးမှာ ဖြစ်ပါတယ်။

2FA ဟာ ဟက်ကာတွေရဲ့ရန်ကနေ လုံးဝအကာအကွယ်မပေးနိုင်ပေမယ့် ကိုယ့်ရဲ့ account တွေကို အခွင့်မရှိဘဲ သုံးစွဲသူတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်မယ့် အရေးပါတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်း account အားလုံးမှာ 2FA ကို enable လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

APPLE

လက်ရှိမှာ 2FA ကို iOS 9 နဲ့ Mac OS X El Capitan အထက် သုံးစွဲသူတွေကို ထောက်ပံ့ပေးထားပါတယ်။

iOS

ဒီနည်းလမ်းတွေကတော့ ကိုယ်အသုံးပြုထားတဲ့ iOS software အပေါ်မှာ မူတည်ပြီး အနည်းငယ်ကွဲပြားပါတယ်။ iOS 10.3 နဲ့အထက် သုံးစွဲသူတွေအနေနဲ့ Settings > [Your Name] > Password & Security ကိုသွားပါ။ Log in လုပ်တိုင်း code တစ်ခုကို text message နဲ့ ရရှိဖို့အတွက် Turn On Two-Factor Authentication ကို နှိပ်ပါ။
iOS 10.2 နဲ့ အစောပိုင်းဗားရှင်းတွေမှာတော့ iCloud > Apple ID > Password & Security မှာ ပြုလုပ်နိုင်ပါတယ်။

Mac OS

Screen အပေါ်ဘယ်ဘက်ထောင့်က Apple icon ကို နှိပ်ပြီး System Preferences > iCloud > Account Details ကို သွားပါ။ ပြီးရင် Security ကိုနှိပ်ပြီး 2FA ကို enable လုပ်ပါ။ ဂဏန်းခြောက်လုံးပါတဲ့ verification code ရဖို့အတွက် text message ဒါမှမဟုတ် phone call ကို ရွေးချယ်နိုင်ပါတယ်။

INSTAGRAM

Instagram ကို web browser တစ်ခုကနေ အသုံးပြုတယ်ဆိုရင်တောင်မှ 2FA ကို မိုဘိုင်း app ကနေ enable လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Profile ကိုသွားပြီး setting icon ကိုနှိပ်ပါ။ ပြီးရင် Account section အောက်က Two-Factor Authentication ကိုနှိပ်ပြီး Require Security code ကို enable လုပ်ပါ။ ဒါဆိုရင် Instagram ကို desktop ဒါမှမဟုတ် မိုဘိုင်းကနေ log in လုပ်တဲ့အခါတိုင်းမှာ account ရဲ့ ဖုန်းနံပါတ်ဆီကို login code တစ်ခု ပေးပို့ပါလိမ့်မယ်။

FACEBOOK

မိုဘိုင်း app တွေရဲ့ hamburger menu အောက်က ဒါမှမဟုတ် web browser ရဲ့ ညာဘက်အပေါ်ထောင့်က Settings > Security and Login ကိုနှိပ်ပါ။ ပြီးရင် Use two-factor authentication section အောက်မှာ login လုပ်တိုင်း code တစ်ခု လက်ခံရရှိမယ့် option တွေကို တွေ့ရပါမယ်။

ဒီနေရာမှာ USB နဲ့ NFC ကနေတစ်ဆင့် log in လုပ်နိုင်မယ့် Security Key နဲ့ cell service မရှိတဲ့နေရာကို ရောက်ရှိနေတဲ့အခါ သုံးနိုင်မယ့် Recovery Code တို့ကို set up လုပ်နိုင်ပါတယ်။
တူညီတဲ့ device ပေါ်ကနေ log in လုပ်တိုင်းမှာ 2FA ကို မသုံးချင်ဘူးဆိုရင် “Authorized Logins” menu အောက်မှာ trusted devices ကို သတ်မှတ်ထားနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Facebook account log in လုပ်ထားတဲ့ device တွေမှာ 2FA ကို ရှောင်လွှဲပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

TWITTER

Twitter မိုဘိုင်း app မှာပဲဖြစ်ဖြစ် browser ဗားရှင်းမှာပဲဖြစ်ဖြစ် profile avatar ကိုနှိပ်ပြီး Settings and privacy ကိုသွားပါ။ Log in လုပ်တိုင်း ဖုန်းနံပါတ်ကို code တစ်ခုပေးပို့ဖို့အတွက် Account > Security မှာ Login verification ကို enable လုပ်ပါ။
အပေါ်မှာဖော်ပြထားတဲ့ အခြားဝန်ဆောင်မှုတွေလိုပဲ အင်တာနက်ဝန်ဆောင်မှုမရှိတဲ့နေရာကို သွားရောက်ရတဲ့အခါမှာ အသုံးပြုဖို့အတွက် backup code တစ်ခု ဖန်တီးနိုင်သလို အခြား device တွေကနေ log in လုပ်ရာမှာသုံးဖို့အတွက် ယာယီ app password တစ်ခုကိုလည်း ဖန်တီးထားနိုင်ပါတယ်။ ယာယီ password ကတော့ ဖန်တီးပြီး ၁ နာရီအကြာမှာ expire ဖြစ်ပါလိမ့်မယ်။

AMAZON

Amazon homepage ကိုသွားပြီး log in လုပ်ပါ။ Account homepage မှာ Login & Security ကို ရှာပြီး Advanced Security Settings က edit ခလုတ်ကိုနှိပ်ပါ။ Set up လုပ်ဖို့အတွက် Get Started ကိုနှိပ်ပါ။ အဲ့ဒီနောက် ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရမယ့်နေရာကို ရောက်သွားပါလိမ့်မယ်။ Verifty လုပ်ပြီးပြီဆိုရင်တော့ မိုဘိုင်း app ကနေ login လုပ်ဖို့အတွက် code တစ်ခု ဖန်တီးနိုင်သလို 2FA ကို ရှောင်လွှဲဖို့အတွက် trusted device တွေကို ရွေးချယ်နိုင်ပါပြီ။

GOOGLE

Google account မှာ 2FA ကို enable လုပ်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းက 2FA စာမျက်နှာ ကိုသွားပြီး Get Started ကို နှိပ်ခြင်း ဖြစ်ပါတယ်။ Google account ကို log in လုပ်တိုင်း verification code တွေကို text message ဒါမှမဟုတ် phone call ကနေ လက်ခံရရှိဖို့အတွက် ဖုန်းနံပါတ်တစ်ခု ထည့်သွင်းပေးရပါမယ်။ Facebook လိုပဲ login လုပ်တဲ့အခါ Yes ဒါမှမဟုတ် No ကို နှိပ်ဖို့အတွက် “prompts” ကိုသုံးနိုင်သလို USB stick တစ်ခုနဲ့အတူ Security Key တစ်ခု ဖန်တီးနိုင်ပါတယ်။
Offline သုံးဖို့အတွက် backup code တွေကိုလည်း ဖန်တီးထားနိုင်ပါတယ်။

SNAPCHAT

App ရဲ့ main page မှာ gear icon ကို နှိပ်ပြီး Login Verification ကို နှိပ်ပါ။ ပြီးရင် log in လုပ်တိုင်း code တစ်ခု လက်ခံရရှိဖို့အတွက် SMS ကို ရွေးပါ။ Snapchat account အတွက် 2FA ကို enable လုပ်ပြီးတာနဲ့ trusted device တွေကိုထည့်သွင်းတာနဲ့ cellular service မရှိတဲ့နေရာမှာ အသုံးပြုဖို့အတွက် recovery code တစ်ခုရယူတာမျိုး ပြုလုပ်နိုင်ပါတယ်။

SLACK

2FA ကို enable လုပ်ဖို့အတွက် Account Settings စာမျက်နှာကို သွားရပါမယ်။ အီးမေးလ်လိပ်စာ အများအပြားရှိတယ်ဆိုရင်တော့ SMS ကနေ passcode တစ်ခုကို လက်မခံမီ default တစ်ခု ရွေးချယ်ထားဖို့လိုပါမယ်။

MICROSOFT

Microsoft account နဲ့ log in လုပ်ပြီး Security settings menu ကိုရှာပါ။ ပြီးရှင် 2FA ကို set up လုပ်ဖို့ရွေးချယ်ပါ။ ဖုန်းနံပါတ် ထည့်သွင်းရမယ့်နေရာရောက်ရင် အပေါ်က နည်းလမ်းအတိုင်း ဖုန်းနံပါတ်ထည့်သွင်းပါ။ Cell service မရှိတဲ့နေရာမှာ သုံးဖို့အတွက် App passwords ကိုနှိပ်ပြီး တစ်ကြိမ်သုံး login password တစ်ခု ဖန်တီးနိုင်ပါတယ်။

DROPBOX

Web ပေါ်က Dropbox homepage မှာ profile avatar ကိုနှိပ်ပြီး Settings > Security ကို ရှာပါ။ ပြီးရင် “Two-Step Verification” ကို ရှာပြီး enable လုပ်ပါ။ အဲ့ဒီနောက် verify လုပ်ဖို့ ဖုန်းနံပါတ် ထည့်သွင်းပါ။

WHATSAPP

WhatsApp ကိုဖွင့်ပြီး Setting meu ကိုရှာပါ။ Account > Two-step verification ကိုသွားပြီး enable လုပ်ပါ။ Verification code ရယူဖို့အတွက် ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာ ထည့်သွင်းနိုင်ပါတယ်။

PAYPAL

Main dashboard ပေါ်မှာ gear icon ကိုနှိပ်ပြီး Profile and settings ကိုရှာပါ။ PayPal မှာ “Two-Factor Authentication” ဆိုပြီး မသုံးထားတာကြောင့် Security Key ကို ရှာရပါမယ်။ ပြီးရင် ဖုန်းနံပါတ်ထည့်သွင်းပြီး SMS code နဲ့ verify လုပ်ပါ။ အကယ်လို့ ဖုန်းပျောက်သွားတဲ့အခါ ဒါမှမဟုတ် ဖုန်းနံပါတ်ပြောင်းထားတဲ့အခါမှာ အဲ့ဒီ menu ကိုပြန်သွားပြီး ပြင်ဆင်ပြုလုပ်နိုင်ပါတယ်။

-နောင်နောင်
Ref: TheVerge

//ambient pc code