Towers and Backdoor Protection

Version Update တွေ ပြောင်းလဲသွားတိုင်းမှာ Balance Change တွေ အမြဲတမ်း ပါဝင်လာလေ့ ရှိပါတယ်။ ရင်းနှီးပြီးသား ဖြစ်တဲ့အတိုင်း Hero တွေရဲ့ Ability တွေကို အဓိက အပြောင်းအလဲ လုပ်ပေးတော့မှ Meta Change တွေ ဖြစ်လာပြီး Premium Level Tournament ကြီးတွေမှာလည်း အသုံးပြုမယ့် Hero Pool တွေ ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ အခု v7.00 နောက်ပိုင်းမှာ Talent Tree တွေ ထည့်သွင်းပေးလာတဲ့ အခါမှာတော့ ယခင်ခေတ်တုန်းကလို Ability ကိုတိုက်ရိုက် Balance Change လုပ်နေစရာမလိုဘဲ Hero အဝင်အထွက်ကို Talent အပြောင်းအလဲလေး လုပ်ပေးရုံနဲ့ ထိရောက်မှုရှိတယ် ဆိုတာကတော့ ဒီ ၄ လအတွင်းမှာ ပြောင်းလဲခဲ့တဲ့ Version ၅ ခုကို ကြည့်ရုံနဲ့ သိနိုင်ပါ တယ်။ ဒီလို Balance Change တွေ၊ Hero တွေနဲ့ အဓိကဖွဲ့စည်း
ထားတဲ့ Defence of the Ancients 2 Video Game မှာတော့ Patch တိုင်းမှာ Hero တွေအပြင် မသိမသာနဲ့ Balance လုပ်ခံနေရတဲ့ ဇာတ်ကောင်တွေ ရှိပါတယ်။ သူတို့ကတော့ ၂ သင်းစလုံးမှာ ကိုယ်စီပါဝင်နေတဲ့ Tower များပဲဖြစ်ပါတယ်။

Dota မှာ balance တွေပြောင်း ပြီး Hero တွေ အပြောင်းအလဲ ဖြစ်သည့်တိုင်အောင် မပြောင်းလဲ ဘဲပါဝင်နေတဲ့ Tower များကတော့
Role တွေ မတူညီတဲ့ Dota ကစား သမားတိုင်း ကင်းကွာလို့ မရပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Dota ပွဲတိုင်းမှာ မြင်တွေ့နေရတဲ့ Tower များနဲ့ပတ်သက်ပြီး စိတ် ဝင်စားဖို့ကောင်းတဲ့ အချက်အလက်များကို စုစည်းတင်ပြလိုက် ပါတယ်။

Tower Abilities

Tower Tier တစ်ခုချင်းစီရဲ့ အချက်အလက်တွေကို မပြောခင် Tower တွေမှာရှိတဲ့ Ability ကို ဦးစွာ ရေးသားချင်ပါတယ်။ Tower များဟာ မိမိအသင်းကို အဓိက Protect လုပ်ပေးတဲ့ Building တွေဖြစ်လို့ ၎င်းတို့မှာလည်း Protection Ability (၂) ခု ပါဝင်ပါတယ်။ ၎င်းတို့ကတော့ Tower Protection နဲ့ Backdoor Protection လို့ ခေါ်ပါတယ်။

Tower Protection

Tower တိုင်းဟာ 900 Tower Protection AoE ရှိပါတယ်။ အဆိုပါ 900 AoE ထဲမှာရှိသမျှ မိမိအသင်းရဲ့ Hero များကို Bonus Armor ပေးမှာပါ။ Tier 1 Tower နားမှာတော့ +1 Armor ရရှိမှာဖြစ်ပြီး Tier 2, 3, 4 Tower များမှာတော့ +3 Armor Bonusကို ပေးမှာဖြစ်ပါတယ်။

Backdoor Protection

Backdoor Proection စနစ်ဆိုတာကတော့ Tower တစ်ခုရဲ့ 900 အတွင်းမှာ Enemy Team ရဲ့ Lane Creep တစ်ကောင် ကောင်က ခြေမချထားဘူး၊ မသေ ထားဘူးဆိုရင် အဆိုပါ Tower ဟာ +25% Damage Reduction နဲ့ +90 Hp Regen Buff (၂)ခုကို ရရှိနေမှာဖြစ်ပါတယ်။ Lane Creep Wave နဲ့ အတူလိုက်လာ တာမျိုးမဟုတ်ဘဲ Tower ကို Hero တွေ၊ Unit တွေ နဲ့ ခိုးရိုက်တဲ့ အခြေအနေကို ကာကွယ်ဖို့အတွက် Backdoor Protection စနစ်ကို ထည့်သွင်း ပေးထားခြင်း ဖြစ်ပါတယ်။

Enemy Team ရဲ့ Lane

Creep တစ်ကောင်က Tower ရဲ့ 900 AoE အတွင်းကို ခြေချလိုက်တာနဲ့ အဆိုပါ Backdoor Protection ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

Example Calculation

ဥပမာ – Travel + Battlefury + Manta + Abyssal + Fly + Aghanim’s Scepter ဆိုပြီး Item အပြည့်ထည့်ထားတဲ့ Lvl 25 Anti-Mage က Tier (3) Tower ကို Backdoor သွားရိုက်မယ်ဆိုပါစို့။ ၎င်းရဲ့ စုစုပေါင်း Damage ဟာ 189+95 = 284 Damage ရှိပါတယ်။ ၎င်းရဲ့ Manta Style Illusion တစ်ခုစီကတော့ Main Hero ရဲ့ 33% ခန့်သာ ရရှိမှာဖြစ်လို့ 93 Damage စီသက်ရောက်နိုင်ပြီး Illusion (၂) ခုစာအတွက် 93 + 93 = 186 Damage လို့ သတ်မှတ်ပါတယ်။ Illusion တွေက

Backdoor Protection ရရှိနေတဲ့ Tower ကိုတိုက်ခိုက်တဲ့အခါ 50% Damage Reduction နုတ်ပြီးသားဖြစ်လို့ Illusion နှစ်ခုပေါင်းမှ 93 Damage သာ သက်ရောက်ပါမယ်။

>> Under All Reduction <<

Tower Armor ဟာ 16 ရှိပြီး1 Hero အတွက် +1 Armor = 17 Armor = 49% Damage Reduction ရှိပါတယ်။ Backdoor
Protection ကနေလည်း နောက်ထပ် +25% Damage Reduction ကို ရရှိမှာမို့လို့ စုစုပေါင်း 74% Damage Reduction ရှိပါမယ်။

Main Anti-Mage

စုစုပေါင်း Damage = 284 – (74%) = 74 Damage တိတိ Tower ပေါ် သက်ရောက်ပါမယ်။

Illusion Anti-Mage

စုစုပေါင်း Damage = 93 – (74%) = 24 Damage တိတိ Tower ပေါ် သက်ရောက်ပါမယ်။

Anti-Mage ဟာ ဒီ Item နဲ့ Lvl အခြေအနေအရ 322 Attack Speed တိတိရှိတဲ့ အတွက် 1 seconds ကို ၂ ချက် တိတိ တိုက်ခိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း Damage 74+24 = 98 Damage x 2 = 196 Hp တိတိ လျှော့ နိုင်မှာဖြစ်ပါတယ်။

Backdoor Protection ဟာ Tower ကို +90 Hp Regen per -second ပေးနေမှာဖြစ်လို့ Anti-Mage ရဲ့ စုစုပေါင်းတိုက်ခိုက်မှု 196 Hp ကနေ +90 ပြန်ပေါင်း နေမှာဖြစ်လို့ တစ်စက္ကန့်မှာ 106 Hp လျှော့နိုင်မယ့် နောက်ဆုံးရလဒ် ကိုထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလို Backdoor အခြေအနေမှာ 1600 Hp ရှိတဲ့ Tower တစ်လုံး ကျိုးသွား အောင် Lvl 25 Full Item Anti-Mage က Backdoor ရိုက်တဲ့အခါ ၁၆ စက္ကန့်လောက် အနှောင့်အယှက်မရှိဘဲ ရိုက်နိုင် မှ Tower ကျိုးတော့မယ့် အခြေအနေဖြစ်ပါတယ်။ ဒီကြားထဲ Fortification Armor အသုံးပြုလိုက်ရင်တော့ Backdoor Protection ရှိခဲ့တဲ့ Hp အထိ သွေးပြန်ပြည့်သွားဦးမှာ ဖြစ်ပါတယ်။

Backdoor Protection ကို Tier 2, 3, 4 Tower များအားလုံးနဲ့ Building အားလုံးက ပိုင်ဆိုင်ထားပြီး Tier 3 Backdoor
Protection ကတော့ အားလုံး ချိတ်ဆက်နေပါတယ်။ Tier 3 Tower တစ်ခုမှာ Backdoor Protection ပျက်သွားတာနဲ့ ကျန်တဲ့ Tier 3 Tower (၂) လုံး စလုံးမှာလည်း Backdoor Protection disable ဖြစ်သွား ပါမယ်။ သဘောကတော့ High Ground Base နားတစ်ဝိုက်မှာ Enemy Team Creep တစ် ကောင်ကောင်ရှိနေတာနဲ့ High Ground တစ်ခုလုံးက Tower/Building များကို Backdoor Protection ကာကွယ်ထား တော့မှာ မဟုတ်ပါဘူး။

Backdoor Protection ရဲ့ Cooldown ကတော့ Enemy အသင်းရဲ့ Creep Wave တစ်ခု ကနေ နောက်ဆုံးကျန်တဲ့ Lane Creep သေသေပြီးချင်း ကနေစပြီး နောက်15 seconds ဖြစ်ပါတယ်။

Other Abilities

အခြားသော Ability များ အဖြစ် Tower များဟာ 700 Attack Range နဲ့ 700 True Sight AoE ရှိပြီး Illusion Unit များဖြင့် တိုက်ခိုက်ခြင်းခံရပါက 50% Damage Reduction ရှိပါတယ်။ Day Vision 1900 AoE နဲ့ Night Vision 800 AoE ခန့်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Tier Differences

လမ်း (၃) လမ်းဆက်သွယ် ထားတဲ့ Dota မြေပုံမှာတော့ လမ်းတစ်လမ်းစီမှာ Tier 1, Tier 2, Tier 3 လို့ အဆင့်ခွဲထားတဲ့ Tower (၃)လုံးစီဖြင့် အဆင့်ဆင့် ကာကွယ်ထားပြီး နောက်ဆုံး ပုလ္လင်ဖြစ်တဲ့ Throne ရှေ့မှာတော့ Tier 4 အဆင့်ရှိတဲ့ Tower (၂) လုံးနဲ့ ကာကွယ်ထားပါတယ်။ ဒါကြောင့် အသင်းတစ်သင်းမှာ Tower (၁၁) စီခန့်ပါဝင်ပါတယ်။ Tier 1 Tower ကတော့ အား အနည်းဆုံး Tower ဖြစ်ပြီး Tier မြင့်လေ Strong ဖြစ်သွားလေ ဖြစ်ပါတယ်။

အားအနည်းဆုံးဖြစ်တဲ့ Tier 1 Tower ကတော့ Hpအနည်းဆုံး 1400 သာရှိပြီး 14 Armor ရှိပါတယ်။ ၎င်းရဲ့ BAT (Base Attack Time) ဟာလည်း Tower အားလုံးထဲမှာ အနှေးဆုံးအနေနဲ့ 1 BAT တိတိသာရှိပါတယ်။ (အကြမ်းဖျင်း တွက်ချက်ရရင် 1 BAT = 1 Attack Per Second တစ်စက္ကန့်မှာတစ်ခါ တိုက်ခိုက်တာနဲ့ ညီမျှပါတယ်။) အဆိုးဆုံးကတော့ ၎င်းတို့ဟာ Backdoor Protection မရှိတဲ့ Tower များဖြစ်ပါတယ်။ Tier 2, 3, 4 Tower များကတော့ 1600 Hp, 0.95 BAT, 16 Armor ရှိမှာဖြစ်ပါတယ်။ Throne ရှေ့
က Tier 4 tower များရဲ့ အားသာ ချက်ကတော့ +3 Hp Regen ရှိနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Tier 4 Tower များကတော့ နောက်ဆုံး အခြေအနေအထိ Deny မလုပ်သင့်တဲ့ Tower များ ဖြစ်ပါတယ်။

V7.03 biggest change

Tower များဟာ 14/ 16/ 16/ 16 Armor ဆီရှိ နေမှာဖြစ်ပေမယ့် Tower များရဲ့ 1200 AoEအတွင်းမှာ Enemy Hero တစ်ကောင်ကောင်လာပြီး ခြေချလိုက်တိုင်း +3 Armor တိုးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Hero (၅) ကောင်  စုပြီး အတွန်းခံ
ရတဲ့လမ်းက Tower ဟာ +15 Armor တောင် ပေါင်းထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ် ကောင်ချင်းစီအလုပ်ဖြစ်တဲ့ R.A.T Hero တွေ တစ်ခေတ်ပြန်ထလာ မလားဆိုတာကတော့ Kiev Major မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Note

Tower များဟာ Building Unit များဖြစ်ပေမယ့် Armor အတိုးရှိသလို အလျော့လည်း ရှိပါတယ်။ Tower တစ်လုံးကို Armor လျှော့နိုင်တဲ့ Item များကတော့ Blight Stone, Desolator နဲ့ Assault Cuirass တို့ပဲဖြစ်ပါတယ်။ Desolator စပ်ထားတဲ့ Hero က Blight Stone ကိုပါ ကိုင်ထားပြီး တိုက်ခိုက်တဲ့အခါ Blight Stone အတွက် -2 Armor မနှုတ် ပေမယ့် တခြား Hero တစ်
ကောင်ကကိုင်ပေးရင်တော့ -2 armor သက်ရောက်စေမှာပါ။ ဒါကြောင့် Desolator (-7), Blight Stone (-2), Assault (-5) = စုစုပေါင်း -14 Armor ခန့် နှုတ်ပေးနိုင်မယ့် အားသာချက် ကိုလည်း Trick တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ် ပါလိမ့်မယ်။

yahooyeeha