Toukiden 2

Developer – Omega Force
Publisher – Tecmo Koei
Platforms – PC, PS4, PSVita
Genre – Open World, Action RPG
Release Date – February 26th, 2017
Gameplay – 9
Story – 8
Graphics – 8
Presentation – 9.5
Final Score – 8.5 out of 10

PS4 မှာ ၂၀၁၆  ခုနှစ်က Japan version ပဲထွက်ရှိခဲ့တဲ့ Toukiden 2 ဂိမ်းရဲ့ English Version ဖြစ်ပြီး အရင်က PlayStation consoles တွေမှာပဲ ထွက်ပေမယ့် English Version မှာတော့ PC အတွက်ပါ တွဲဖက်ပြီး ထွက်ရှိလာပါတယ်။ Sony အနေနဲ့ PlayStation Portable (PSP) ဂိမ်းစက်ကို Japan နိုင်ငံတွင်း အရမ်း ရောင်းကောင်းအောင် ပံ့ပိုးပေးခဲ့တဲ့ Monster Hunter ဂိမ်းရဲ့ main series title တွေက ခုနောက်ပိုင်းမှာ Nintendo ဘက်ကို ရောက်သွားပေမယ့် Action RPG Monster Hunter Game Series ပရိသတ်တွေ အကြိုက်တွေ့မယ့် Hunting Game ဂိမ်းစီးရီးတွေ အများကြီးကို PlayStation ဂိမ်းစက်မှာ ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါ တယ်။ Soul Sacrifice, Ragnarok Odyssey, Freedom Wars, God Eater 2 နဲ့ Toukiden လို ဂိမ်းတွေကို ဆက်တိုက် ထုတ်လုပ်ရာမှာ အခုဆိုရင် Toukiden ရဲ့ ဂိမ်းသစ်ဖြစ်တဲ့ Toukiden 2 ကိုဖြန့်ချိခဲ့ပါတယ်။ Toukiden 2 ကတော့ Toukiden ဂိမ်းရဲ့ ဇာတ်လမ်းအဆက်ဖြစ်ပြီး Story Mode အပြင် ဇာတ်လမ်းသစ်တွေနဲ့အတူ ဇာတ်ကောင်များရဲ့ တိုက်ခိုက်ရေး ability သစ်များ၊ Quest အသစ်များနှင့် ရန်သူ monster အသစ်များကို အရင်ထက် နှစ်ဆကျော်  ထည့်ပေါင်းပေးထားတဲ့ ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

Tecmo Koei ကိုတော့ Dynasty Warriors နှင့် Samurai Warriors ဂိမ်းတွေကြောင့် အဓိက လူသိများမှာဖြစ်ပြီး ဇာတ်ကောင် ဒီဇိုင်းပိုင်းဟာဆိုရင်လည်း Samurai Warriors ဂိမ်းတွေပုံစံမျိုး ကြည့်ကောင်းကာ ပုံစံဆန်းသစ်တဲ့ ဇာတ်ကောင်တွေကို ထည့်သွင်းပေးထားနိုင်သလို Storyline မရှိတဲ့ Hunting  gameplay အသားပေး Monster Hunter ဂိမ်းစီးရီးတွေနဲ့ အဓိကကွဲပြားတဲ့ အချက်ကတော့ စိတ်ဝင်စားစရာကောင်းပြီး ဇာတ်လမ်းရှည်တဲ့ Story Mode ပါဝင်ထားခြင်း ဖြစ်ပါတယ်။ Single player အဖြစ်လည်း A.I partners တွေနဲ့ကစားနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ A.I partners တွေနဲ့ကစားရတာ အားမရရင်တောင်မှ Online mode မှာ အချိန်မရွေး ကစားသူ လေးယောက်ပေါင်းပြီး Oni အမည်ရ သတ္တဝါဆိုးတွေကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ အရင် Toukiden ဂိမ်းတွေအပြင် အခြား Hunting ဂိမ်းတွေနဲ့ မတူတဲ့ အချက်ကတော့ Hunting ဂိမ်းအများစုမှာလို သတ်မှတ်ထားတဲ့ Arena အတွင်းမှာပဲ တိုက်ခိုက်ရတော့မှာ မဟုတ်ဘဲ Open World ပုံစံမြေပုံနဲ့ ကွင်းပြင်ကျယ်ကြီးတွေမှာ ကစားနိုင်တော့မယ့် အချက်ပဲဖြစ်ပါတယ်။

Toukiden 2 ရဲ့ storyline ဟာ အလယ်ခေတ် Japan နိုင်ငံဆန်ဆန် NakatsuKuni အမည်ရ စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှာ အခြေခံထားပြီး mononofu လို့ခေါ်တဲ့ monster slayer သူရဲကောင်းတွေဟာ မကောင်းဆိုးဝါး Oni တွေကို နှိမ်နင်းရပုံ ဇာတ်လမ်းဆင်ထား ပါတယ်။ Toukiden:Kiwami ရဲ့ဇာတ်လမ်းမစခင် ရှစ်နှစ်ကျော်မှာတော့ NakatsuKuni နယ်မြေအတွင်းသို့ မကောင်းဆိုးဝါး Oni များရဲ့ ခေါင်းဆောင်ဦးဆောင်တဲ့ တိုက် ခိုက်မှုတွေကြောင့် mononofu သူရဲကောင်းတွေ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။ ကစားသူအနေနဲ့ မိမိစိတ်ကြိုက် ဇာတ်ကောင်ပုံစံနဲ့ သူတို့အသုံးပြုတဲ့ ဓား၊ လှံနဲ့ အဝေးပစ်လက်နက် မျိုးစုံကို customize ပြုလုပ်နိုင်သလို mitama လို့ခေါ်တဲ့ magical spirits တွေရဲ့အစွမ်းနဲ့ attack boost သို့မဟုတ် defensive shield အစရှိတဲ့ magic spell တွေကိုလည်း တွဲဖက်အသုံးပြုနိုင်မှာပါ။ အရင်ဂိမ်းတွေထဲမှာ မပါသေးတဲ့ လက်နက်တွေအဖြစ် Sword & Shield နှင့် Trick Whip လိုမျိုးလက်နက်တွေအပြင် Devil May Cry 4 ထဲက Neo လိုမျိုး Oni တွေကို ချိတ်ပြီးတိုက်ခိုက်လို့ရတဲ့ Demon Hand အစွမ်းသစ်လည်း ပါဝင်လာပါတယ်။

ရန်သူ Oni တွေနဲ့ တိုက်ပွဲဝင်တဲ့ အခါမှာတော့ Monster Hunter နှင့် Soul Sacrifice တို့လိုမျိုးပဲ Arena ပုံစံမြေပုံ အသေးစားလေးတွေမှာ တိုက်ခိုက်ရမှာဖြစ်ပြီး ရန်သူ Oni အကြီးစားတွေနဲ့ ရင်မဆိုင်ခင် လမ်းတစ်လျှောက်မှာလည်း အကောင်သေးလေးတွေနဲ့ တိုက်ခိုက်ရဦးမှာပါ။ Oni တွေရဲ့ ပုံစံကတော့ ရှေးဟောင်း Japan Monster ကြီးတွေပုံစံမျိုးတွေကို JRPG ဂိမ်းတွေထဲက boss design တွေ ပုံစံမျိုးနှစ်ခုပေါင်းပြီး အမြင်ဆန်းအောင် ဖန်တီးထားနိုင်တာ တွေ့ရပါ တယ်။ Oni တွေရဲ့ Attack Pattern နဲ့ A.I ပိုင်းကတော့ Monster Hunter က အကောင်ကြီးတွေလောက် အရမ်းမရှုပ်ထွေးဘဲ အချို့အကောင်တွေက မှန်းရလွယ်ပေမယ့် Mon Hun မှာ မပါဝင်ထားတဲ့ body parts တွေနဲ့ weak points တွေ တစ်ခုချင်းကို lock-on လုပ်နိုင်မယ့် function လည်း ပါဝင်လာ ပါတယ်။ Soundtrack ပိုင်းကတော့ Action RPG ဂိမ်းတွေ ထဲမှာ အကောင်းဆုံး တစ်ခုတည်းပါ တယ်လို့ ပြောလို့ရတဲ့အထိ တော်တော်လေး ကောင်းပါတယ်။

Open World ဂိမ်းဖြစ်သွားလို့ Arena ထဲမှာပဲ တစ်ချိန်လုံး ကစားနေရလို့ ဆက်တိုက်အကြာ ကြီး ကစားပြီး အီသွားမှာ ပူစရာမလိုတော့ဘဲ ကစားသူကို သူ့ရဲ့ကောင်းမွန်တဲ့ gameplay, graphics, Oni monster design တွေနဲ့ total gameplay time အများကြီး ကစားဖြစ်အောင်တော့ ဆွဲဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ Toukiden 2 ဟာ Hunting Series တွေထဲက ဂိမ်းကောင်း တစ်ခုဖြစ်ပြီး Action RPG ပရိသတ်တွေရော၊ ဇာတ်လမ်းထက် gameplay ပိုင်းကို အသားပေးထားတဲ့ ဂိမ်းများကို ကစားချင်တဲ့ gamer တွေပါ သဘောကျမယ့် ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။