December 12, 2017

Top Folder Pro (iOS)

$ 4.99 == > Free (Limited Time)

Top Folder Pro ဆိုတဲ့ app ဟာ document တွေကိုအလွယ်တကူနဲ့ pdf အဖြစ် ဖန်တီးနိုင်အောင် စီစဉ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ စာရွက်စာတမ်းနဲ့ လက်မှတ်တွေကို iPhone camera ကနေ scan လုပ်ပြီး PDF အဖြစ်ပြောင်းလဲနိုင်မှာဖြစ်သလို cloud storage တွေပေါ်မှာလည်း သိမ်းဆည်းနိုင်အောင် စီစဉ်ပေးထားတဲ့ app ဖြစ်ပါတယ်။

အဆိုပါ app ကို အရင်က App Store မှာ ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာအသုံးပြုနိုင်မှာဖြစ်ပေမယ့် အခုအခါ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ iOS version 8.2 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ