The Google Assistant (iOS)

မေလ ၁၈ ရက်မှာ ဖြန့်ချိပေးလိုက်တဲ့ Google Assistant app ဟာ မိုဘိုင်းဖုန်းပေါ်ကနေ အလုပ်လုပ်ဆောင် တာတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ဖို့ အကူအညီပေးနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။

အလျင်အမြန် ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျနဲ့ အီးမေးလ်ပေးပို့ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် reminder, event တွေကိုပါ အသုံးပြုနိုင်ပြီး သီချင်းတွေဖွင့်နိုင်ခြင်း၊ နေရာတွေကို ညွှန်ပြခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီ app ကို iTunes မှာ အခမဲ့ ရယူနိုင်ပြီး download လုပ်ရမယ့်ဖိုင်အရွယ်အစားက 148 MB ခန့်ဖြစ်ပါတယ်။ iOS version 9.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။