June 24, 2018

Tesla Semi လျှပ်စစ်ထရပ်ကားကို Elon Musk ပွဲထုတ်မိတ်ဆက်

ကယ်လီဖိုးနီးယားပြည်နယ် ဟော်သွန်းမြို့ Space X ဌာနချုပ်မှာ Elon Musk က လျှပ်စစ်ထရပ်ကား Tesla Semi ကို မိတ်ဆက်ခဲ့ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Tesla Semi မှာ သမားရိုးကျ ထရပ်ကားတွေမှာ ဖြစ်တတ်တဲ့ နောက်တွဲခါးကျိုးပြီး အန္တရာယ်ဖြစ်နိုင်တဲ့ jackknife ပြဿနာကို ရှောင်လွှဲနိုင်အောင် ပြုလုပ်ထားပါတယ်။

Jackknife ဆိုတာက ထရပ်ကားတွေ အရှိန်ပြင်းပြင်းနဲ့ ကွေ့လိုက်တဲ့အခါမှာ နောက်တွဲက ဆန့်ကျင်ဘက်အရပ်ကို ရောက်သွားပြီး အလေးချိန် မညီမျှမှု ဖြစ်ပေါ်စေတဲ့ ပြဿနာဖြစ်ပါတယ်။ အဲဒီအခါမှာ ထရပ်ကားက မှောက်သွားပြီး အဝေးပြေးလမ်းကြောတွေမှာ အဟန့်အတားတွေ ဖြစ်ပေါ်စေပါတယ်။

Tesla Semi မှာတော့ အဲဒီပြဿနာမဖြစ်ပေါ်အောင် လုံခြုံရေးအစီမံတွေနဲ့ တားဆီးထားပါတယ်။ အဲဒီ ထရပ်ကားမှာ ထူးခြားတဲ့ လျှပ်စစ် drivetrain ကိုအသုံးပြုထားပြီး ဘီးတစ်ခုချင်းစီမှာ သီးခြားမော်တာတွေ ပါဝင်လာပါတယ်။ ထရပ်ကားက ဘီးတွေပေါ် သက်ရောက်တဲ့ အလေးချိန်ကိုသိရှိပြီး နောက်တွဲဆွဲအားထိန်းချုပ်မှုကို မှန်မှန်ကန်ကန်အသုံးချဖို့ မော်တာတွေ ဒါမှမဟုတ် ဘရိတ်ကို အားပြုထားပါတယ်။ အလေးချိန်အပြောင်းလဲ အပေါ်မူတည်ပြီး ကားကွေ့တာတွေကို မှန်ကန်အောင် အလိုအလျောက် ပြုပြင်ပေးနိုင်ပါတယ်။

ဒီထရပ်ကားမှာ ယာဉ်မောင်းရဲ့ ကြားဝင်ဆောင်ရွက်မှုမလိုဘဲ jackknife ပြဿနာကို အလိုအလျောက် ရှောင်လွှဲနိုင်အောင် အစွမ်းကုန်ထောက်ပံ့ ထားပါတယ်။ Tesla Semi ကို ထုတ်ဖော်မိတ်ဆက်ရာမှာ Elon Musk က “Jackknife ပြဿနာဆိုတာ မဖြစ်နိုင်တော့ဘူး” ဆိုပြီး စင်ပေါ်မှာ ပြောဆိုခဲ့ပါတယ်။

စိုးထက်
Ref: TechCrunch