June 27, 2017

Tesla Model 3 တွင် 100kWh ဘက်ထရီ ပါဝင်မည်မဟုတ်

လက်ရှိ Model S နဲ့ Model X မှာ ရရှိနိုင်တဲ့ 100kWh ဘက်ထရီကို Tesla ရဲ့ Model 3 sedan သစ်မှာ တွေ့မြင်ရမှာ မဟုတ်ဘူးလို့ Tesla အမှုဆောင် အရာရှိချုပ် Elon Musk က ပြောကြားလိုက်ပါတယ်။

Tesla Model S 100D ကို ၃၃၅ မိုင် အကွာအဝေးထိ မောင်းနှင်နိုင်ပြီး Model X 100D ကိုတော့ ၂၉၅ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ Model 3 ကိုတော့ အနည်းဆုံး ၂၁၅ မိုင် မောင်းနှင်နိုင်မယ်လို့ Tesla က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

အဲ့ဒီထုတ်ဖော် ပြောကြားချက်ကို Musk က Twitter ကနေ ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် Model S နဲ့ Model X မှာ 100kWh ထက် ပိုကြီးတဲ့ ဘက်ထရီကို တပ်ဆင်သွားဖို့ အစီအစဉ် မရှိဘူးလို့လည်း Musk က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

Ref: TheVerge

//ambient pc code