December 12, 2017

Telenor Facebook နှင့် Youtube တွင် ဗီဒီယိုဇာတ်လမ်းတွဲ ထုတ်လွှင့်

Telenor Facebook နှင့် Youtube စာမျက်နှာမှာ ပညာပေးဗီဒီယို ဇာတ်လမ်းတွဲတစ်ခု ထုတ်လွှင့်လိုက်တယ်လို့ သိရပါတယ်။

အပိုင်းခြောက်ပိုင်း ပါဝင်မှာဖြစ်ပြီး စဉ်းစားဆင်ခြင် စာနာချစ်ခင် အမည်ဖြစ်ပါတယ်။ ဗီဒီယိုတွေကို ကဏ္ဍ ၃ မျိုး ခွဲခြားထားပြီး ပထမကဏ္ဍမှာ အင်တာနက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ (ဇာတ်လမ်းတွဲ အပိုင်း ၁)၊ ဒုတိယကဏ္ဍမှာ အွန်လိုင်းအား လုံခြုံစိတ်ချစွာ အသုံးပြုခြင်း/ တာဝန်သိစွာ အင်တာနက်အသုံးပြုခြင်း (ဇာတ်လမ်းတွဲ အပိုင်း ၂၊ ၃၊ ၄ နှင့် ၅)၊ နဲ့ တတိယကဏ္ဍမှာ သုံးစွဲသူများ ဘေးကင်းလုံခြုံစွာ အင်တာနက် အသုံးပြုတတ်စေရန် တယ်လီနောမြန်မာ၏ အသိပညာပေးမှုများ (ဇာတ်လမ်းတွဲ အပိုင်း ၆) တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဇာတ်လမ်းတွဲရဲ့ ပထမအပိုင်းဖြစ်တဲ့ အင်တာနက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အရင်သီတင်းပတ်အတွင်း ထုတ်လွှင့်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်းနဲ့ အဲဒီအကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝ ရရှိနိုင်စေဖို့ ဘယ်လိုအသုံးချကြောင်း ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီဇာတ်လမ်းတွဲတွေဟာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှာ တယ်လီနော မြန်မာက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ “ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု” အစီအစဉ်ရဲ့ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်အရ Telenor ဟာ ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အစိုးရနဲ့ ပုဂ္ဂလိက ကျောင်းတွေ၊ မန္တလေးမြို့ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” ဟောပြောပွဲတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း