Telecom Asia Awards ဆုချီးမြှင့်ပွဲ Telenor Myanmar ဆုရရှိ ဟုသိရ

Telecom Asia Awards ဆုချီးမြှင့်ပွဲမှာ Telenor Myanmar ဆုရရှိခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မေ ၃ ရက်ကကျင်းပခဲ့တဲ့ အကြိမ် (၂၀) မြောက် Telecom Asia Awards ဆုချီးမြှင့်ပွဲမှာ အတိုးတက်ဆုံးဈေးကွက်အော်ပရေတာဆုကို ရရှိခဲ့တာလို့ဆိုပါတယ်။ Telecom Asia ဟာ ယခုနှစ် ဆုချီးမြှင့်ပွဲမှာ စုစုပေါင်း ဆု ၂၁ ခုအား ဆုရရှိသူ ၁၈ ဦးထံ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Telecom Asia Awards ဆုတွေဟာ ဒေသတွင်း ဆက်သွယ်ရေးကဏ္ဍဆိုင်ရာဆုများဖြစ်ပြီး အာရှတိုက်အတွင်းမှာရှိ တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ထူးချွန်တဲ့ ဆောင်ရွက်ချက်တွေအတွက် ချီးမြှင့်တဲ့ ဆုတံဆိပ်များ ဖြစ်တယ်လို့ ဆိုပါတယ်။