September 26, 2017

TEDxYangon 2017 အခမ်းအနားကို Ooredoo Myanmar ဖေ့စ်ဘုတ်စာမျက်နှာမှ တိုက်ရိုက်လွှင့်မည်

TEDxYangon 2017 အခမ်းအနားကို Ooredoo Myanmar ဖေ့စ်ဘုတ်စာမျက်နှာမှ တိုက်ရိုက်လွှင့်မယ်လို့ သိရပါတယ်။

ဟောပြောဆွေးနွေးမယ့် အကြောင်းအရာကို “Tapestry” လို့ ခေါင်းစဉ်ပေးထားပြီး ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ ၂၀၁၇ ခုနှစ် မေလ ၂၁ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဟောပြောပွဲမှာ David Madden (နည်းပညာလုပ်ငန်းစုတည်ထောင်သူ)၊ Emilie Röell (မနုဿဗေဒပညာရှင်၊ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးမှုဆိုင်ရာ စွန့်ဦးတီထွင်သူ)၊ Ewan Lamont (စိုက်ပျိုးရေးပညာရှင်)၊ မထားထား (Akhaya Women ၏ တည်ထောင်သူနှင့် ဒါရိုက်တာ)၊ ကိုထက်မြက်ဦး (စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်နှင့် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သုံးသပ်သူ), International School Yangon Playback Theatre (Playback Theatre group), James Erskine (Shakespeare Schools Myanmar ကိုတည်ထောင်သူ)၊ ကိုလမင်းဦး (ပုံပြင်ပြောသူ)၊ မသီတာ (စာရေးဆရာမ၊ ဆရာဝန်၊ အယ်ဒီတာနှင့် တက်ကြွလှုပ်ရှားသူ)၊ မမေစပယ်ဖြူ ( မြန်မာနိုင်ငံရှိ လိင်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ)၊ Melinda Tun (ရှေ့နေနှင့် မြန်မာနိုင်ငံ ဥပဒေသမိုင်းကြောင်းကို လေ့လာသူ)၊ မမိုးသစ္စာ (Foggy Spring အမည်ရှိ ရွေ့လျားစာကြည့်တိုက် တည်ထောင်သူ)၊ ကိုဖုန်းကျော်မိုးမြင့် (အားကစားမန်နေဂျာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ)၊ ကိုပြည့်ဝေ ( န၀ဒေးသာလာ ပန်းချီပြခန်း တည်ထောင်သူနှင့် ပြတိုက်မှူး)၊ ဦးဆန်နီဆွေ (သတင်းစာထုတ်ဝေသူ)၊ မသဲစုမွန် (ကလေးသူငယ်ပညာရေးအတွက် တက်ကြွလှုပ်ရှားသူ မိခင်တစ်ဦး)၊ Vicky Bowman (ပွင်လင်းမြင်သာမှုအရေး တရားလွှတ်တော်ရှေ့နေ) နဲ့ ကိုဂျင်မီကိုကို (အကပညာရှင်) တို့ ပါဝင်ဟောပြောသွားမယ်လို့ သိရပါတယ်။