December 12, 2017

Teclast Tbook 16s

ပါးလွှာပြီးဖက်ရှင်ကျသော Tablet တစ်လုံးအနေဖြင့်သာမက စွမ်းဆောင်ရည်ပြည့်ဝသော laptop တစ်လုံးအနေဖြင့်ပါအသုံးပြုနိုင်သည့် 2 in 1 Tbook 16s Tablet PC ဖြစ်သည်။ ဂိမ်းနှင့်ဗီဒီယိုများကို ကြည့်ရှုနိုင်သလို ရုံလုပ်ငန်းသုံး office application များကိုလည်း အဆင်
ပြေစွာအသုံးပြုနိုင်မည် ဖြစ်သည်။ Magnalium metal body အသုံးပြုထားသောကြောင့် ပေါ့ပါးခိုင်မာသည့်အပြင် Wi-Fi လိုင်းဆွဲအားလည်း ပိုကောင်းမွန်မည်ဖြစ်သည်။ Multi-position kickstand ပါဝင်သည့် အတွက် မိမိနှစ်သက် ရာအနေအထားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 1920×1080 IPS Display ကိုအသုံးပြုထားပြီး 178 degree viewing angle ဖြင့် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ Intel ® ၏ Cherry Trail 64-bit Atom™ x5-Z8300 (2M Cache) အသုံးပြု ထားသောကြောင့် စွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 12 Core 8th Generation HD Graphic ပါ ၀င်သည့်အတွက် ဂိမ်းများကို အဆင်ပြေစွာဖြင့် ကစားနိုင်မည်ဖြစ်သည်။ RAM 4GB ထည့်သွင်း အသုံးပြုထားသည်။ Internal Storage Memory အနေ
ဖြင့် 64GB ပါဝင်ပြီး microSD ဖြင့် 128GB အထိ ထပ်တိုးအသုံးပြုနိုင်မည်ဖြစ်သည်။ 5MP Auto focus camera ပါဝင်သည်။ 4K Video များကို tablet တွင် ကြည့်နိုင်မည်ဖြစ်သည်။HDMI နှင့် Wifi output မှတစ်ဆင့် large TV screen ပေါ်တွင်ကြည့်ရှုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၃၃၀,၀၀၀ ကျပ်ဖြစ်ပြီး Teclast Myanmar ဖုန်း ၀၁- ၂၄၅၈၀၅ နှင့် ၂၄၈၂၅၇ တွင် ဆက်သွယ်ဝယ်ယူ နိုင်မည်ဖြစ်သည်။

-ဝေဝေ