November 19, 2017

Tech Career Expo 2017

  • ကျင်းပပြုလုပ်မည့်နေ့ -၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊
  • ကျင်းပပြုလုပ်မည့်အချိန်- နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
  • ကျင်းပပြုလုပ်မည့်နေရာ- Sedona Hotel (Grand Ball Room)

Job portal တစ်ခုဖြစ်တဲ့ JobNet.com.mm မှ ကြီးမှူးကျင်းပမယ့် မြန်မာ့Tech Career Expo 2017 ကို ဇူလိုင်လ ၃၀ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ရှိ Sedona Hotel (Grand Ball Room) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၅) နှစ် နိုင်ငံရဲ့ စီးပွားရေး တံခါးဖွင့်ပြီး နောက်ပိုင်းကတည်းက နိုင်ငံအတွင်းသတင်းနှင့် အချက်အလက်ရရှိနိုင်မှု လိုအပ်ချက်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး နိုင်ငံအတွင်း SIM Card တစ်ကတ်တန်ဖိုး ဒေါ်လာ ၂၀၀ ခန့်ရှိနေခဲ့ရာမှ ၂၀၁၄ ခုနှစ်အတွင်း
မှာ ၁.၅ ဒေါ်လာခန့်အထိ လျှော့ချသွားခဲ့ပြီး နောက်ပိုင်းမှာ မိုဘိုင်းဖုန်းများမှတစ်ဆင့် ကမ္ဘာ့အခြားနေရာဒေသများမှ သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းများမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ရရှိနိုင်လာတာကြောင့် ကမ္ဘာ့အ့ခြားနေရာများသို့ လျင်မြန်သည့် ချိတ်ဆက်နိုင်မှုများလည်း မြင့်တက်လာခဲ့ကြောင်း၊ ထိုသို့သတင်းအချက်အလက်များ ရရှိလာနိုင်မှုမှတစ်ဆင့် လက်ရှိကာလမှာ နိုင်ငံအနေနဲ့ကမ္ဘာ့အခြား နိုင်ငံများနည်းတူ IT နှင့် Tech နယ်ပယ်များတွင် အခွင့်အလမ်းများ ပိုမိုတိုးတက် ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

JobNet.com.mm ရဲ့ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Mr. Matt De Luca က “ CNBC ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ Asian ရဲ့ နောက်ဆုံး Technology Frontier လို့ဆိုပါတယ်။ ကျွန်တော်တို့ JobNet.com.mm အနေနဲ့လည်း ယခုလိုမျိုး IT နှင့် Tech နယ်ပယ်တစ်ခုလုံးအနေနဲ့ သိသင့်သိထိုက်သည်များ လေ့လာသိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီးများ စုစည်းဟောပြောစေခြင်းက နိုင်ငံရဲ့ မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမယ့် အရေးပါမှုတစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်”  လို့ ဆိုပါတယ်။

Tech Career Expo 2017 ကို ဘယ်သူတွေ တက်ရောက်သင့်လဲ

နိုင်ငံအတွင်းရှိ ထိပ်တန်းလုပ်ငန်းရှင်ကြီးများမှ IT နှင့် Tech ကဏ္ဍရှိ အလုပ်အကိုင်နေရာများအတွက် အလျင်အမြန်လုပ်သားခေါ်ယူရန် စိတ်အားထက်သန် နေကြတာလည်းဖြစ်ပါတယ်။ အလုပ်ရှာဖွေသူတွေ အနေနဲ့လည်း IT နှင့် Tech ကဏ္ဍတစ်ခုလုံးရှိ အလုပ်အကိုင် အမျိုးမျိုးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အလုပ်အခွင့်အလမ်းများသာမက အဆိုပါကဏ္ဍရှိ ကျွမ်းကျင်သူတို့ရဲ့ တန်ဖိုးရှိတဲ့ အတွေးအမြင်နဲ့ သိမှတ်ဖွယ်ရာတွေကိုလည်း ကြားသိနိုင်မှာဖြစ်တဲ့အပြင် အိုင်တီနယ်ပယ်မှ ကျွမ်းကျင်သူများနဲ့တွေ့ဆုံကာ အဆက်အသွယ် ကောင်းများလည်း ရရှိနိုင်မှာဖြစ်တာကြောင့် နိုင်ငံအတွင်းရှိ IT နှင့် Tech ပိုင်းဆိုင်ရာ လုပ်သားများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်သော ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Tech Career Expo 2017 မှာ ကြားသိရမယ့် CEO နှင့် CTO များ၏အတွေးအမြင်

Tech Career Expo 2017 ပွဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် Information Matrix မှ CEO ဖြစ်သူ ဦးသောင်းစုငြိမ်း၊ Nex Labs မှ CEO ဖြစ်သူဦးရဲမြတ်မင်း၊ 360ed ၏ CEO ဖြစ်သူ ဒေါ်လှလှဝင်း၊ MCPA မှ ဒုဥက္ကဋ္ဌဖြစ်သူ ဦးငြိမ်းဦး၊ Blip မှ CEO ဖြစ်သူ Jason Brown၊ JobNet.com.mm နှင့် ShweProerty.com မှ CEO ဖြစ်သူ Justin Sway, Wave Money မှ Head of Technology ဖြစ်သူ Justin Hadgkiss, MCPA မှ Executive Committee ဖြစ်သူ ဦးမင်းအောင်ကျော်၊ Zwenexsys မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးသာထက်၊ M-spiral မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Thomas Feichter Phandee-yar မှ CEO ဖြစ်သူ JesKaliebe Petersen၊ Jzoo မှ Founder ဖြစ်သူ Rita Nguyen နှင့် MCPA မှ U Ravi စသော ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ ကဏ္ဍမှာ ကျွမ်းကျင်တဲ့ ဝါရင့်ပုဂ္ဂိုလ်ကြီးများနဲ့ နိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ CEO နှင့် CTO များရဲ့ တန်ဖိုးရှိတဲ့ အတွေးအမြင်များကိုလည်း ကြားသိနိုင်မှာ ဖြစ်ပါတယ်။

Tech Career Expo 2017 ဘယ်လိုအလုပ်အကိုင် နေရာတွေကို ခေါ်ယူသွားမှာလဲ

အဆိုပါ ပွဲကြီးဟာမြန်မာနိုင်ငံတွင်းရှိ အိုင်တီပိုင်း လုပ်သားခေါ်ယူလိုတဲ့ ကုမ္ပဏီများနဲ့ နိုင်ငံတွင်းရှိ IT နှင့် Tech ကဏ္ဍလုပ်သားများ ထိပ်တိုက်တွေ့ဆုံစေတဲ့ အခြေအနေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး နိုင်ငံတွင်းရှိ IT နှင့် Tech နယ်ပယ်ရှိ လုပ်သားများအတွက် အလုပ်သမား ရှာဖွေနေတဲ့ ထိပ်တန်းကုမ္ပဏီကြီး များမှ Computer and Information Systems ပိုင်းမှ စတင်ကာ IT Systems, Network Management, Programming, Web Administration များနဲ့ အခြားအိုင်တီနှင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင် လှစ်လပ်နေရာများအတွက် ခေါ်ယူသွားမှာဖြစ်တဲ့အတွက် နိုင်ငံအတွင်းရှိ IT နှင့် Tech ပိုင်းများမှာ အလုပ်အကိုင် ရှာဖွေနေသူတွေအတွက် အခွင့်အလမ်းကောင်းများလည်း ရရှိနိုင်မယ့်ပွဲတစ်ပွဲ ဖြစ်ပါတယ်။

Tech Career Expo 2017 နဲ့ ပတ်သက်တာတွေကို ဘယ်မှာဝင်ကြည့်မလဲ

Tech Career Expo 2017 ပွဲနဲ့ပက်သတ်တဲ့ အသေးစိတ်အချက်အလတ်တွေကို https://www.jobnet.com.mm/tech-career-expo မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Tech Career Expo 2017 တက်ရောက်သူတွေအနေနဲ့ ဘာတွေယူဆောင်လာဖို့လိုမလဲ

Tech Career Expo 2017 ပွဲကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး ပွဲတက်ရောက်လို သူတွေအနေနဲ့ https://www.jobnet.com.mm/tech-careerexpo မှာ register လုပ်ပြီးလာရောက်နိုင်မှာဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံအတွင်းရှိ လုပ်ငန်းကြီးများမှလည်း အလုပ်သမားများ ရှာဖွေခေါ်ယူသွားမှာ ဖြစ်တဲ့အတွက် အလုပ်လိုချင်သူတွေအနေနဲ့ မိမိတို့ရဲ့ CV တွေကို လုံလုံလောက်လောက် ယူဆောင်လာဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဆိုပါ Tech Career Expo 2017 ပွဲကို Platinum sponsor များအဖြစ် MyWorld Career, Information Matrix နှင့် MIT, Gold Sponsor များအဖြစ် NTT Data, Shwe Lamin Nagar နှင့် Wave Money တို့မှ ပါဝင်ပံ့ပိုးပေးထားကြတာ ဖြစ်ပါတယ်။ Official Media Partner တွေအနေနဲ့ အင်တာနက်ဂျာနယ်၊ CEO မဂ္ဂဇင်း၊ ကုမုဒြာသတင်းဂျာနယ်၊ ပြည်မြန်မာသတင်း ဂျာနယ်၊ Duwun နှင့်
Myanmar Media 7 News တို့မှ ပါဝင်ခဲ့ကြသလို Digital Media Partner အနေနဲ့Dedaa Box မှ ပါဝင်ကာပွဲနှင့် ပက်သက်တဲ့သတင်းများ ထုတ်ပြန်ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။။

JobNet.com.mm မှာ မြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်တဲ့ အလုပ်သမားများ ရှာဖွေပေးမှုနှင့် အလုပ်အကိုင် ရှာဖွေနေသူများအတွက် အခြားမည်သည့်နေရာတွင်မှ ရှာဖွေမရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များ ရရှိနိုင်ရန် ကြိုးစားလုပ်ဆောင် ကူညီပေးနေတဲ့ ဝဘ်ဆိုက်တစ်ခုဖြစ်ကြောင်း၊ JobNet.com.mm ဝဘ်ဆိုက်မှာ ထောင်ပေါင်းများစွာသော job vacancies များကို အွန်လိုင်းမှတစ်ဆင့် click တစ်ချက်တည်းနဲ့ ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်ပါတယ်။

-အောင်သူ