June 23, 2018


[ Zawgyi ]












-သီဟ

====================

[ Unicode ]

Sweet Home 3D ကို Ubuntu OS တွင် ထည့်သွင်းခြင်း

====================

Sweet Home 3D ဆိုတာ ကတော့ Interior design တွေကို ကိုယ်တိုင်ရေးဆွဲနိုင်အောင် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။ Ubuntu OS ပေါ်ကနေ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ Sweet Home 3D ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Sweet Home 3Dကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့ အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ 32bit အတွက်ဆိုရင် –

wget https://sourceforge.net/projects/sweethome3d/files/SweetHome3D/SweetHome3D-5.3/SweetHome3D-5.3-linux-x86.tgz

tar -zxvf SweetHome3D-5.3-linux-x86.tgz

sudo mv SweetHome3D-5.3 /opt/

ဆိုတဲ့ command ကို အသုံး ပြုရပါမယ်။ 64 bit version အတွက်ဆိုရင်

wget https://sourceforge.net/projects/sweethome3d/files/SweetHome3D/SweetHome3D-5.3/SweetHome3D-5.3-linux-x64.tgz

tar -zxvf SweetHome3D-5.3-linux-x64.tgz

sudo mv SweetHome3D-5.3 /opt/

ဆိုတဲ့ command နဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ