July 15, 2018

SuperTuxKart ကို Ubuntu OS မှာ ထည့်သွင်းခြင်း

[ Zawgyi ]





sudo apt-get update



-သီဟ

[ Unicode ]

SuperTuxKart ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း ကစားနိုင်မယ့် racing game အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Linux ပေါ်မှာသာမက OS X, Windows တို့ပေါ်မှာ ကစားနိုင် အောင် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ SuperTuxKart ကို ထည့်သွင်း ဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်aတာ့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။ SuperTuxKart ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:stk/dev

sudo apt-get update

sudo apt-get install supertuxkart

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download ပြုလုပ်သွားမှာဖြစ်ပြီး တစ်ခါတည်းထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ မကစားချင်တော့လို့ ပြန်လည် ဖယ်ရှားချင်
တယ်ဆိုရင် sudo apt-get remove –autoremove supertuxkart ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်ပါတယ်။

-သီဟ