Stories အတွက် screenshot alert များ Instagram စမ်းသပ်နေ

Instagram ဟာ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ story ကို screenshot ဖမ်းယူတဲ့အခါ သုံးစွဲသူတွေကို သတိပေးဖော်ပြမယ့် feature တစ်ခု စမ်းသပ်နေပါတယ်။

စမ်းသပ်မှုမှာပါဝင်တဲ့ user တွေဟာ သူငယ်ချင်းတစ်ယောက်ရဲ့ story ကို နောက်ထပ်တစ်ခါ screenshot ဖမ်းယူတာနဲ့ အဲ့ဒီသူငယ်ချင်းကို အသိပေးသွားမယ်ဆိုတဲ့ သတိပေးချက်တစ်ခုကို ရရှိခဲ့ကြပါတယ်။

ဒါ့အပြင် စမ်းသပ်မှုမှာပါဝင်တဲ့ Instagram သုံးစွဲသူတွေဟာ သူတို့ story ရဲ့ screenshot ဖမ်းယူသူကို story ကြည့်ရှုသူစာရင်းမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီစာရင်းမှာ screenshot ဖမ်းတဲ့သူကို camera shutter logo သစ်တစ်ခုနဲ့ တွေ့ရမှာဖြစ်ပါတယ်။

https://twitter.com/readbyher/status/962606574060490752

Instagram ဟာ ဒီ feature က engagement အပေါ် မြင်သာတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခြင်း ရှိ၊ မရှိ သိလိုတဲ့အတွက် အခုလိုစမ်းသပ်မှု ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဖန်တီးသူတွေမသိရှိဘဲ Story တွေကို screenshot ဖမ်းခွင့် မရတော့ဘူးဆိုရင် အချို့သော Instagram သုံးစွဲသူတွေက story တွေ ကြည့်ရှုတာကို ရပ်ဆိုင်းသွားနိုင်ပါတယ်။

-နောင်နောင်
Ref: TechCrunch