November 18, 2017

Steven Universe: Save the Light

စွန့်စားခန်း ဂိမ်းကောင်းကောင်း ကစားချင်သူတွေအတွက်ကတော့ ရင်ခုန်စရာ ဂိမ်းတစ်ခု ထပ်ထွက်လာပြန်ပြီဗျ။ Grum-pyface Studios ကနေ ဖန်တီးတယ်၊ Cartoon Network Games ကနေ ဖြန့်ချိတဲ့ အခု Steven Universe က ရုပ်သံ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Steven Universe ကိုပဲဂိမ်းအဖြစ် အသက်သွင်ထားတာ။ ဒီတော့ Steven Universe ကြည့်ဖူးသူတွေ
အတွက်တော့ မစိမ်းဘူး။ ဇာတ်ကောင်က ဘယ်သူလဲ၊ ရန်သူက ဘယ်သူလဲ၊ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ရင်ဆိုင်ရမလဲ ဆိုတာ သိထားမှာပေါ့။ ဒါပေမဲ့ မသိသေးသူတွေနဲ့ အခုဂိမ်းကိုနည်းနည်းတော့ မိတ်ဆက်ပေးမယ်။

ဒါနဲ့ ၂၀၁၅ ခုနှစ်ထဲမှာ Steven Universe: Attack the light!ထွက်ခဲ့တာကို သတိထားမိကြသေးလား။ သိရသလောက်တော့ ပြည်တွင်းမှာ Attack the light! ကတည်းက ကစားခဲ့သူ မနည်းဘူးဆိုပဲ။ ဒါဆိုရင်တော့ အခု Save the Light က နောက်ဆက်တွဲ အနေနဲ့လာတာ။ ပြီးခဲ့တဲ့ မတ်လအတွင်းကမှ မိတ်ဆက်ထားတဲ့ အခုဂိမ်းက PS4 အတွက်ဆိုရင် အောက်တိုဘာ ၃၁ ရက်ကမှ ထွက်တယ်၊ Xbox One အတွက်က အခု နိုဝင်ဘာ ၃ရက်မှာမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ Windows သမားတွေ အတွက်တော့ မလာပါဘူး။

Attack of Light မှာ Steven ရယ် Gems နဲ့ သူ့ သူငယ်ချင်း တစ်ခုကနေ Light Prism ကိုပြန်ရှာပြီး အနိုင်ရအောင် ကစားရမယ်။ ဒီဂိမ်းမှာ Light Prism ကို ထူးဆန်းပြီး လျှို့ဂှက်တဲ့ ရန်သူက ခိုးထားခဲ့တာပါ။ Search and Destroy ဆိုတဲ့ စကားလုံးလေးအတိုင်းပဲ Light ကို ပြန်ရှာရမယ်၊ ရန်သူကို တိုက်ခိုက် ရင်ဆိုင်ရမယ် ပေါ့။

Save the Light မှာ ကစားသူအနေနဲ့ ဝင်ရောက်ကစားနိုင်တဲ့ နေရာ ၇ ခုထိအောင် ရှိပါတယ်။ အဓိက ဇာတ်ကောင် Steven နေရာက ကစားမလား၊ သူ့သူငယ်ချင်းတွေ ဖြစ်တဲ့ Garnet, Amethyst, Pearl, Connie, Greg နဲ့ Peridot တို့ရဲ့ နေရာက နေလည်း စိတ်ကြိုက်ရွေးချယ်ဝင် ကစားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဖန်တီးသူတွေကတော့ နောက်ပိုင်းမှာ ဇာတ်ရုပ် ၈ ရုပ်ဖြစ်လာမယ်၊ ဝင်ကစားနိုင်မှု တိုးလာမယ်လို့ ဆိုထားပါသေးတယ်။

ဇာတ်ကောင်တွေက ဂိမ်းစတာနဲ့ Beach City ထဲ ရောက်သွားမယ်၊ ရှာဖွေရေး လုပ်နေချိန်အတွင်း ရန်သူနဲ့ တွေ့ရမယ်၊ ရင်ဆိုင်ရမယ်၊ ကျော်ဖြတ်အနိုင်ယူရမယ်ပေါ့။ ကစားကွက်ထဲမှာ ထူးခြားချက်က အများစုသော တိုက်ခိုက်ရေး စွန့်စားခန်း
ဂိမ်းတွေမှာ တိုက်ခိုက်မှုပဲ လုပ်နိုင်တယ်၊ အားမမျှရင် ပြန်ဆုတ်နိုင် တယ်ပေါ့၊ ဒါပေမဲ့ အခုဂိမ်းမှာ ခုခံကာကွယ်မှု လုပ်ဆောင်ချက် ပါရှိလာပါတယ်။ တိုက်ခိုက်မှုမဟုတ်ဘူး၊ နောက်ဆုတ်ခြင်းလည်း မဟုတ်ဘဲ ရောက်နေတဲ့ နေရာမှာတင် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ခုခံကာကွယ် ခြင်းပါ။ ပြီးတော့ လုပ်ဆောင်ချက် အသစ်နောက်တစ်ခု သုံးလာနိုတာက ဇာတ်ကောင် Steven နဲ့
Connie တို့ နှစ်ယောက်ကို၊ တစ်ယောက်ထဲအဖြစ် ပေါင်းစည်းလိုက်နိုင်ပြီး နှစ်ဦးပေါင်း စွမ်းအားရှင် Stevonnie ဖြစ်လာမယ်၊
တိုက်ခိုက်လို့ ပိုကောင်းစေမှာလည်း ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကစားသူအနေနဲ့ Steven ကို ယူပြီး ဝင်ကစားရင် ကစား၊ မဟုတ်ရင် Connie ကို ယူပြီး ကစား၊ အဓိက
ခက်ခဲတဲ့ နေရာတွေမှာ တခြားသူတွေနဲ့ နီးနီးကပ်ကပ် မနေရင်တောင် Steven နဲ့ Connie တို့ နှစ်ယောက်ကတော့ အခု Save the Light ကနေစပြီး ပူးပူးတွဲတွဲ ရင်ဆိုင်ကျော်ဖြတ်မှ စွမ်းအားပိုကောင်းပြီး အနိုင်ရဖို့ အခွင့်အလမ်း များလာပြီဆိုတာ
မေ့ထားလို့တော့ မရတော့ပါဘူးနော်။

-သက်နိုင်ဦး (UCSL)