Sprinkles

Microsoft မှ ဖြန့်ချိပေးလိုက်တဲ့ Sprinkles camera app ဟာ ဓာတ်ပုံရိုက်လိုက်တာနဲ့ caption တစ်ခုကို အလို အလျောက် ထိုးပေးမှာဖြစ်ပြီး ဘယ် celebrities နဲ့တူတယ်ဆိုတာကိုပါ fun အနေနဲ့ ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် emoji, sticker အစရှိတာတွေကိုပါ ထည့်သွင်းနိုင်ကာ မျက်နှာကို ဖတ်ပြီး အသက်အရွယ်ကိုပါ ဖော်ပြပေးနိုင်မယ့် feature တွေကို ဒီ camera app ထဲမှာ ပေါင်းပြီး ထည့်သွင်းပေးထားပါတယ်။

Caption တွေနဲ့ sticker တွေ unlock ဖြစ်ဖို့အတွက် settings မှာ မွေးနေ့ကိုသွားရောက်ထည့်သွင်းပေးရပါမယ်။ ဒါ့အပြင် free sticker များကိုလည်း web မှနေ၍ ရှာဖွေပြီးထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုလိုသူတွေ အနေနဲ့ iTunes မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပြီး download လုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 28.1 MB ခန့်သာရှိပါတယ်။ iOS version 9.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်