September 26, 2017

Spark (Mac)

Spark ဆိုတဲ့ app ကတော့ Mac OS သုံးစွဲသူတွေ အတွက် email client ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ iOS အတွက်လည်း ထုတ်လုပ်ဖြန့်ချိပေးထားတာဖြစ်ပြီး နောက်ပိုင်းမှာ Desktop version အတွက်ပါ ဖြန့်ချိပေးလိုက်တဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။

Spark ဆော့ဖ်ဝဲမှာ inbox အတွင်းမှ အရေးကြီးတဲ့ email တွေကို ပထမဆုံးမြင်နိုင်ဖို့နဲ့ အရေးမကြီးတဲ့ email တွေကို အလွယ်တကူ ရှာဖွေ ရှင်းလင်း နိုင်ဖို့ အတွက် စီစဉ်ပေးထားပါတယ်။

ဒီဆော့ဖ်ဝဲကို ထည့်သွင်းသုံးစွဲလိုတယ်ဆိုရင် Mac App Store မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 12.5MB ခန့်သာ ရှိမှာဖြစ်ပြီး OS X 10.11 နဲ့ အထက်မှာ ထည့်သွင်း သုံးစွဲ နိုင်မယ့် ဆော့ဖ်ဝဲတစ်ခုလည်းဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ