SoundCloud က အသံဖိုင်တွေကိုဘယ်လို Download လုပ်မလဲ

SoundCloud က အသံဖိုင်တွေကို download လုပ်ယူချင်သူတွေအတွက် အလွယ်တကူ နဲ့ download လုပ်ယူနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ SoundCloud က အသံဖိုင်တွေကို download လုပ်ဖို့အတွက် SoundCloud download လုပ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်နဲ့ Chrome browser မှာ SoundCloud Downloader Free ဆိုတဲ့ extension ကိုထည့်သွင်းပြီး download လုပ်ယူနိုင်မယ့် နည်းလမ်း၂ မျိုးရှိပါတယ်။

ဝက်ဘ်ဆိုက်ကနေ download လုပ်မယ့်သူတွေအတွက် http://scdownloader.net ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပြီး ကိုယ် download လုပ်ချင်တဲ့ SoundCloud အသံဖိုင်ရှိတဲ့ link ကို ထည့်သွင်းကာ download လုပ်ယူနိုင်ပါတယ်။

Chrome browser extension ကို အသုံးပြုမယ်ဆိုရင် http://bit.ly/2pW2QLC ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပါ။ ပြီးရင် Add to Chrome ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ Extension ကို install လုပ်ပြီးရင် SoundCloud အသံဖိုင် ရှိတဲ့ လိပ်စာကို ကူးပြီး browser ညာဘက်ထောင့်အပေါ်နားမှာ ရှိတဲ့ SoundCloud downloader icon ကို နှိပ်ပြီး အဆိုပါ link ကို paste လုပ်လိုက်ရပါမယ်။ ပြီးရင် download now ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ SoundCloud က အသံဖိုင်ကို စတင် download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

-သီဟ