April 21, 2018

Sony Xperia XA2

Price : 459,000

အားသာခ်က္

ကင္မရာပိုင္းမွာ Megapixels ျမင့္မားျခင္းက ဒီဖုန္းရဲ႕ အားသာခ်က္ တစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ေတာ့ ကင္မရာရဲ႕ Megapixels က အရမ္းကိုျမင့္မားေနတဲ့အျပင္ေလဆာ Focus နည္းပညာေတြပါဝင္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ဆိုရမွာပါ။ မွတ္ဉာဏ္ပိုင္းကလည္း သင့္တင့္ေကာင္းမြန္တဲ့အျပင္ Bluetooth ဗားရွင္းျမင့္မားၿပီး အသံစနစ္ပိုင္းမွာလည္း ေကာင္းတာေတြ႕ရပါတယ္။ ပါဝါသိုေလွာင္မႈပမာဏ ျမင့္မားတဲ့ ဘက္ထရီကိုလည္း အသံုးျပဳထား တာေတြ႕ရပါတယ္။

အားနည္းခ်က္

ေရစိုခံစနစ္ မပါသလို ဖုန္းရဲ႕ Sim Card Adapter ကလည္းေပ်ာ့ ေပ်ာင္းတဲ့ ပလတ္စတစ္သားကို ေရာစပ္အသံုးျပဳထားတဲ့အတြက္ ထုတ္သြင္းျပဳလုပ္ခ်ိန္မွာ က်ိဳးပဲ့ႏိုင္ျခင္းကို ဂ႐ုစိုက္သင့္ပါတယ္။

ဒီဇိုင္း

ဒီဇိုုင္းကေတာ့ ဖုန္းရဲ႕အနားေထာင့္ေလးဖက္က ေထာင့္က်က်ပံုစံမ်ိဳး နဲ႔ တည္ၿငိမ္တဲ့ဒီဇိုင္းမ်ိဳးရွိေပမယ့္ ဖုန္းရဲ႕ေရွ႕မ်က္ႏွာျပင္ အေပၚထိပ္ဘက္ နဲ႔ ေအာက္ေျခဘက္ အနားေဘာင္ေတြက က်ယ္လြန္းေနသလိုခံစားရၿပီး ေဘးေဘာင္ေတြကေတာ့ ေတာ္ေတာ္ေလးပါးပါတယ္။ ဖုန္းရဲ႕ညာဖက္ေဘးေဘာင္ေပၚမွာ ပါဝါခလုတ္၊ Volume Key နဲ႔ ကင္မရာခလုတ္ေတြရွိေနၿပီး ဘယ္ဖက္ေဘးေဘာင္မွာေတာ့ Sim Slot ရွိပါတယ္။ ေရွ႕မ်က္ႏွာျပင္ေပၚမွာ Button ခလုတ္ေတြ ဘာတစ္ခုမွရွိမေနပဲ Back, Home, Menu ေတြကို Touch Screen ေပၚမွာပဲ အသံုးျပဳရမွာပါ။ စပီကာနဲ႔ USB Port ကိုေတာ့ ဖုန္းရဲ႕ေအာက္ေျခေဘာင္ေပၚမွာ တပ္ဆင္ေပးထားပါတယ္။ Fingerprint ကိုေတာ့ ဖုန္းရဲ႕ ေက်ာဘက္ကင္မရာေအာက္နားမွာ တပ္ဆင္ေပး ထားပါတယ္။

ျမင္ကြင္း

၅.၂ လက္မရွိတဲ့ IPS LCD Screen ျဖစ္ၿပီး Screen Resolution ကေတာ့ 1080 x 1920 Pixels ရွိတဲ့ Full HD Screen ပါ။

နည္းပညာ

ဖုန္း Screen ရဲ႕အလင္းအေမွာင္နဲ႔ အေရာင္ေတြကို အသံုးျပဳတဲ့သူက ကိုယ္တိုင္ စိတ္ႀကိဳက္ခ်ိန္ညႇိၿပီး သံုးႏိုင္ပါတယ္။ ကင္မရာစနစ္မွာပါဝင္တဲ့ Object Tracking ဆိုတဲ့ စနစ္ကလည္းေကာင္းမြန္တဲ့ စနစ္တစ္ခုပါ ပဲ။ ကိုယ္လိုခ်င္တဲ့ Focus ကို ေထာက္ထားၿပီးရင္ ကင္မရာကို လႈပ္ရွားေနေပမယ့္ Focus မေပ်ာက္သြားႏိုင္ပါဘူး။ Sony ရဲ႕ Timeshift burst ဆိုတဲ့ စနစ္ကလည္း ေကာင္းမြန္တဲ့ ကင္မရာ Feature တစ္ခုပါပဲ။ ဓာတ္ပံုေတြကို ဖရိတ္ေပါင္း ၆၀ ေက်ာ္အထိ ခြဲျခားေပးထားၿပီး လႈပ္ရွားမႈ ပံုရိပ္ေတြကို ႐ိုက္တဲ့အခါမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တာကို ေတြ႕ရ မွာပါ။ Smart Backlight Control ဆိုတဲ့ နည္းပညာကိုလည္း ဒီဖုန္းမွာ ျမင္ေတြ႔ရပါလိမ့္မယ္။

သံုးသပ္ခ်က္

ဒီဖုန္းဟာကင္မရာပိုင္းမွာ ေကာင္းမြန္တယ္လို႔ ေျပာလို႔ ရပါတယ္။ ေနာက္ဘက္ကင္မရာရဲ႕ Megapixels ကေတာ္ေတာ္ေလး ေကာင္းမြန္ၿပီး ဓာတ္ပံုရဲ႕ ႐ုပ္ထြက္ပိုင္းကလည္း ေကာင္းပါတယ္။ ကင္မရာနဲ႔တြဲၿပီး အသံုးျပဳႏိုင္တဲ့ ကင္မရာ Feature ေတြကေတာ့ သိပ္အမ်ားႀကီး မပါပါဘူး။ မွတ္ဉာဏ္ပိုင္းကေတာ့ သင့္တင့္ပါတယ္။ ပံုစံဒီဇိုင္းပိုင္းမွာဆိုရင္လည္း ဒီဇိုင္းက ႐ိုး႐ိုးရွင္းရွင္းနဲ႔ ကိုင္လို႔ ေကာင္းတဲ့ပံုစံမ်ိဳး ရွိေနၿပီး ေဘးေဘာင္ေတြ ပါးလႊာေပမယ့္ ဖုန္းမ်က္ႏွာျပင္ရဲ႕အေပၚထိပ္နဲ႔ ေအာက္ေျခအနားေဘာင္ေတြက က်ယ္ျပန္႔လြန္း ေနသလိုထင္ရပါတယ္။ Sim Card ႏွစ္ကတ္စလံုးနဲ႔ SD Card ကိုတစ္ၿပိဳင္တည္း သံုးႏိုင္တာကေတာ့ ေကာင္းတဲ့အခ်က္ပါပဲ။

Network GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0
CPU – Octa-core 2.2 GHz Cortex-A53
GPU – Adreno 508
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 23 MP (f/2.0, 24mm, 1/2.3″), phase detection autofocus, LED flash, Geo-tagging, touch focus, face/smile detection, HDR, panorama Video, stereo sound rec., HDR, Secondary 8 MP (f/2.4, 1/4″)
Wi-Fi – 802.11 a/b/g/n, Wi-Fi Direct, hotspot
Bluetooth – 5.0, A2DP, aptX HD, LE
Battery – Li-Ion 3300 mAh Battery

သူတို႔အျမင္

ကိုသန္႔ဇင္ေအာင္ (စမ္းသပ္အသံုးျပဳသူ)

ေနာက္ဘက္ကင္မရာကေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္။ ေနာက္ဘက္ကင္မရာနဲ႔ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာေတာ့ ပံုထြက္ေတြနဲ႔ အလင္းအေမွာင္ေတြ၊ Focus ေတြ ေတာ္ေတာ္ေလးေကာင္းတာ ေတြ႕ရတယ္။ ဓာတ္ပံုသမားေတြအတြက္ေတာ့ စိတ္ႀကိဳက္ျဖစ္မွာပါ။ ေရွ႕ ကင္မရာကလည္းမဆိုးပါဘူး။ Memory ပိုင္းကေတာ့ 32GB ဆိုတာကေတာ့ ခုေနာက္ပိုင္းထြက္ ဖုန္းေတြမွာ ပံုမွန္ Memory လို႔ပဲ ေျပာရေတာ့မယ္ထင္တယ္။ CPU ပိုင္းေတြ၊ GPU ေတြကလည္း မဆိုးဘူးလို႔ပဲ ေျပာရမွာေပါ့။ ေရစိုခံဖုန္းမဟုတ္တဲ့ အတြက္ေတာ့ ေစ်းႏႈန္းအရ နည္းနည္းေလးျမင့္တယ္လို႔ ခံစားရတယ္။

မစိုးျပည့္ခိုင္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာအရမ္းသေဘာက်တယ္။ ကင္မရာက ခ်ိန္လိုက္တာနဲ႔ ကိုအလင္းအေမွာင္နဲ႔ ႐ုပ္ထြက္က ေကာင္းတယ္ဆိုတာ သိေနရတယ္။ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ေလးၾကည္ လင္ျပတ္သားပါတယ္။ အႀကိဳက္ဆံုးကေတာ့ Timeshift burst ဆို တဲ့စနစ္ပဲ။ အရင္ Sony ဖုန္းေတြမွာလည္း ဒီစနစ္ကို ျမင္ဘူးပါတယ္။ ဒါေပမယ့္ ဒီဖုန္းကေတာ့ကင္မရာ အရမ္းေကာင္းေတာ့ Timeshift နဲ႔႐ိုက္ရတာ အရမ္းမိုက္တယ္။ ကင္မရာ Feature ေတြေတာ့နည္း သြားတယ္လို႔ ျမင္မိတယ္။ Memory ပိုင္းလည္းသိပ္အမ်ားႀကီးမ ဟုတ္ေပမယ့္ မဆိုးပါဘူး။

ကိုေအးမင္းထြန္း (စမ္းသပ္အသံုးျပဳသူ)

CPU, GPU ေတြမဆိုးဘူးလို႔ ေျပာရမယ္။ သူ႔ေစ်းနဲ႔ ဆိုရင္ေတာ့ Memory ပိုင္းက နည္းနည္းေလး နိမ့္ေနတယ္လို႔ ထင္ရတယ္။ RAM ကေတာ့ ေကာင္းပါတယ္။ ကင္မရာပိုင္းကေတာ့ အေကာင္းဆံုးလို႔ ေျပာရမယ္။ ဒီေစ်းႏႈန္းနဲ႔ ကင္မရာ 23 Megapixels ဆိုေတာ့ ကင္မရာပိုင္းက ၾကည့္ရင္ေတာ့ တန္တယ္လို႔ ေျပာရမယ္။ ကင္မရာျမင့္သလို Focus ပိုင္းေတြနဲ႔ ပံုထြက္ပိုင္းေတြကလည္း ေကာင္းပါတယ္။ Sim Card ႏွစ္ကတ္နဲ႔ SD Card ေတြကို တစ္ၿပိဳင္တည္း သံုးႏိုင္တာကေတာ့ ေကာင္းတဲ့အခ်က္ေတြပဲ။ Screen ကလည္းေကာင္းပါတယ္။ ေရစိုခံစနစ္ေလးပါရင္ ပိုေကာင္းမယ္လုိ႔ ျမင္မိတယ္။ ေစ်းနဲ႔လည္း တန္တယ္လို႔ ပိုခံစားရတာေပါ့။

-ကိုသက္

===============

[ Unicode ]

Sony Xperia XA2

===============

Price : 459,000

အားသာချက်

ကင်မရာပိုင်းမှာ Megapixels မြင့်မားခြင်းက ဒီဖုန်းရဲ့ အားသာချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ စျေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ကင်မရာရဲ့ Megapixels က အရမ်းကိုမြင့်မားနေတဲ့အပြင်လေဆာ Focus နည်းပညာတွေပါဝင်တဲ့အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ဆိုရမှာပါ။ မှတ်ဉာဏ်ပိုင်းကလည်း သင့်တင့်ကောင်းမွန်တဲ့အပြင် Bluetooth ဗားရှင်းမြင့်မားပြီး အသံစနစ်ပိုင်းမှာလည်း ကောင်းတာတွေ့ရပါတယ်။ ပါဝါသိုလှောင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီကိုလည်း အသုံးပြုထား တာတွေ့ရပါတယ်။

အားနည်းချက်

ရေစိုခံစနစ် မပါသလို ဖုန်းရဲ့ Sim Card Adapter ကလည်းပျော့ ပျောင်းတဲ့ ပလတ်စတစ်သားကို ရောစပ်အသုံးပြုထားတဲ့အတွက် ထုတ်သွင်းပြုလုပ်ချိန်မှာ ကျိုးပဲ့နိုင်ခြင်းကို ဂရုစိုက်သင့်ပါတယ်။

ဒီဇိုင်း

ဒီဇိုုင်းကတော့ ဖုန်းရဲ့အနားထောင့်လေးဖက်က ထောင့်ကျကျပုံစံမျိုး နဲ့ တည်ငြိမ်တဲ့ဒီဇိုင်းမျိုးရှိပေမယ့် ဖုန်းရဲ့ရှေ့မျက်နှာပြင် အပေါ်ထိပ်ဘက် နဲ့ အောက်ခြေဘက် အနားဘောင်တွေက ကျယ်လွန်းနေသလိုခံစားရပြီး ဘေးဘောင်တွေကတော့ တော်တော်လေးပါးပါတယ်။ ဖုန်းရဲ့ညာဖက်ဘေးဘောင်ပေါ်မှာ ပါဝါခလုတ်၊ Volume Key နဲ့ ကင်မရာခလုတ်တွေရှိနေပြီး ဘယ်ဖက်ဘေးဘောင်မှာတော့ Sim Slot ရှိပါတယ်။ ရှေ့မျက်နှာပြင်ပေါ်မှာ Button ခလုတ်တွေ ဘာတစ်ခုမှရှိမနေပဲ Back, Home, Menu တွေကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။ စပီကာနဲ့ USB Port ကိုတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားပါတယ်။ Fingerprint ကိုတော့ ဖုန်းရဲ့ ကျောဘက်ကင်မရာအောက်နားမှာ တပ်ဆင်ပေး ထားပါတယ်။

မြင်ကွင်း

၅.၂ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။

နည်းပညာ

ဖုန်း Screen ရဲ့အလင်းအမှောင်နဲ့ အရောင်တွေကို အသုံးပြုတဲ့သူက ကိုယ်တိုင် စိတ်ကြိုက်ချိန်ညှိပြီး သုံးနိုင်ပါတယ်။ ကင်မရာစနစ်မှာပါဝင်တဲ့ Object Tracking ဆိုတဲ့ စနစ်ကလည်းကောင်းမွန်တဲ့ စနစ်တစ်ခုပါ ပဲ။ ကိုယ်လိုချင်တဲ့ Focus ကို ထောက်ထားပြီးရင် ကင်မရာကို လှုပ်ရှားနေပေမယ့် Focus မပျောက်သွားနိုင်ပါဘူး။ Sony ရဲ့ Timeshift burst ဆိုတဲ့ စနစ်ကလည်း ကောင်းမွန်တဲ့ ကင်မရာ Feature တစ်ခုပါပဲ။ ဓာတ်ပုံတွေကို ဖရိတ်ပေါင်း ၆၀ ကျော်အထိ ခွဲခြားပေးထားပြီး လှုပ်ရှားမှု ပုံရိပ်တွေကို ရိုက်တဲ့အခါမှာ တော်တော်လေး ကောင်းမွန်တာကို တွေ့ရ မှာပါ။ Smart Backlight Control ဆိုတဲ့ နည်းပညာကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရပါလိမ့်မယ်။

သုံးသပ်ချက်

ဒီဖုန်းဟာကင်မရာပိုင်းမှာ ကောင်းမွန်တယ်လို့ ပြောလို့ ရပါတယ်။ နောက်ဘက်ကင်မရာရဲ့ Megapixels ကတော်တော်လေး ကောင်းမွန်ပြီး ဓာတ်ပုံရဲ့ ရုပ်ထွက်ပိုင်းကလည်း ကောင်းပါတယ်။ ကင်မရာနဲ့တွဲပြီး အသုံးပြုနိုင်တဲ့ ကင်မရာ Feature တွေကတော့ သိပ်အများကြီး မပါပါဘူး။ မှတ်ဉာဏ်ပိုင်းကတော့ သင့်တင့်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းမှာဆိုရင်လည်း ဒီဇိုင်းက ရိုးရိုးရှင်းရှင်းနဲ့ ကိုင်လို့ ကောင်းတဲ့ပုံစံမျိုး ရှိနေပြီး ဘေးဘောင်တွေ ပါးလွှာပေမယ့် ဖုန်းမျက်နှာပြင်ရဲ့အပေါ်ထိပ်နဲ့ အောက်ခြေအနားဘောင်တွေက ကျယ်ပြန့်လွန်း နေသလိုထင်ရပါတယ်။ Sim Card နှစ်ကတ်စလုံးနဲ့ SD Card ကိုတစ်ပြိုင်တည်း သုံးနိုင်တာကတော့ ကောင်းတဲ့အချက်ပါပဲ။

Network GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0
CPU – Octa-core 2.2 GHz Cortex-A53
GPU – Adreno 508
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 23 MP (f/2.0, 24mm, 1/2.3″), phase detection autofocus, LED flash, Geo-tagging, touch focus, face/smile detection, HDR, panorama Video, stereo sound rec., HDR, Secondary 8 MP (f/2.4, 1/4″)
Wi-Fi – 802.11 a/b/g/n, Wi-Fi Direct, hotspot
Bluetooth – 5.0, A2DP, aptX HD, LE
Battery – Li-Ion 3300 mAh Battery

သူတို့အမြင်

ကိုသန့်ဇင်အောင် (စမ်းသပ်အသုံးပြုသူ)

နောက်ဘက်ကင်မရာကတော့ တော်တော်လေးကောင်းတယ်။ နောက်ဘက်ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ ပုံထွက်တွေနဲ့ အလင်းအမှောင်တွေ၊ Focus တွေ တော်တော်လေးကောင်းတာ တွေ့ရတယ်။ ဓာတ်ပုံသမားတွေအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါ။ ရှေ့ ကင်မရာကလည်းမဆိုးပါဘူး။ Memory ပိုင်းကတော့ 32GB ဆိုတာကတော့ ခုနောက်ပိုင်းထွက် ဖုန်းတွေမှာ ပုံမှန် Memory လို့ပဲ ပြောရတော့မယ်ထင်တယ်။ CPU ပိုင်းတွေ၊ GPU တွေကလည်း မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။ ရေစိုခံဖုန်းမဟုတ်တဲ့ အတွက်တော့ စျေးနှုန်းအရ နည်းနည်းလေးမြင့်တယ်လို့ ခံစားရတယ်။

မစိုးပြည့်ခိုင် (စမ်းသပ်အသုံးပြုသူ)

ကင်မရာအရမ်းသဘောကျတယ်။ ကင်မရာက ချိန်လိုက်တာနဲ့ ကိုအလင်းအမှောင်နဲ့ ရုပ်ထွက်က ကောင်းတယ်ဆိုတာ သိနေရတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း တော်တော်လေးကြည် လင်ပြတ်သားပါတယ်။ အကြိုက်ဆုံးကတော့ Timeshift burst ဆို တဲ့စနစ်ပဲ။ အရင် Sony ဖုန်းတွေမှာလည်း ဒီစနစ်ကို မြင်ဘူးပါတယ်။ ဒါပေမယ့် ဒီဖုန်းကတော့ကင်မရာ အရမ်းကောင်းတော့ Timeshift နဲ့ရိုက်ရတာ အရမ်းမိုက်တယ်။ ကင်မရာ Feature တွေတော့နည်း သွားတယ်လို့ မြင်မိတယ်။ Memory ပိုင်းလည်းသိပ်အများကြီးမ ဟုတ်ပေမယ့် မဆိုးပါဘူး။

ကိုအေးမင်းထွန်း (စမ်းသပ်အသုံးပြုသူ)

CPU, GPU တွေမဆိုးဘူးလို့ ပြောရမယ်။ သူ့စျေးနဲ့ ဆိုရင်တော့ Memory ပိုင်းက နည်းနည်းလေး နိမ့်နေတယ်လို့ ထင်ရတယ်။ RAM ကတော့ ကောင်းပါတယ်။ ကင်မရာပိုင်းကတော့ အကောင်းဆုံးလို့ ပြောရမယ်။ ဒီစျေးနှုန်းနဲ့ ကင်မရာ 23 Megapixels ဆိုတော့ ကင်မရာပိုင်းက ကြည့်ရင်တော့ တန်တယ်လို့ ပြောရမယ်။ ကင်မရာမြင့်သလို Focus ပိုင်းတွေနဲ့ ပုံထွက်ပိုင်းတွေကလည်း ကောင်းပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card တွေကို တစ်ပြိုင်တည်း သုံးနိုင်တာကတော့ ကောင်းတဲ့အချက်တွေပဲ။ Screen ကလည်းကောင်းပါတယ်။ ရေစိုခံစနစ်လေးပါရင် ပိုကောင်းမယ်လို့ မြင်မိတယ်။ စျေးနဲ့လည်း တန်တယ်လို့ ပိုခံစားရတာပေါ့။

-ကိုသက်