September 26, 2017

Sony နှင့် MPT Brand Shop များတွင် Xperia XZs စမတ်ဖုန်းကို ဝယ်ယူနိုင်ပြီ

Sony ကပြည်တွင်းမှာ အသစ်မိတ်ဆက်ခဲ့တဲ့ Xperia XZs စမတ်ဖုန်းကို Sony, MPT Brand Shop တွေမှာ ဝယ်နိုင်ပြီလို့ သိရပါတယ်။

ဒီစမတ်ဖုန်းကို တန်ဖိုး ၈၉၉,ဝဝဝ ကျပ်နဲ့ရောင်းချ ပေးတာဖြစ်ပြီး စတင်မိတ်ဆက်ခြင်းအနေနဲ့ XZs စမတ်ဖုန်း ၀ယ်ယူသူတွေကို Sony MDR-ZX310Ap နားကြပ်၊ 10000mAh Sony power bank, လစဉ်ငွေကျပ် ၅ဝဝဝ ဖြည့်သွင်းရုံနဲ့ 2.5GB အခမဲ့အင်တာနက် ၆ လခံစားခွင့်၊ ဂျပန်နိုင်ငံကို အလည်အပတ် ပို့ဆောင်ပေးမယ့် ခရီးအပါအ၀င် Sony ထုတ်ကုန်တွေကို ကံစမ်းနိုင်မယ့် Lucky Draw အစီအစဉ်ကိုလည်း ခံစားရရှိမှာပါ ။ Sony Xperia XZs ကို အပြာနု (Ice Blue)၊ အနက်နဲ့ ငွေမင် (Warm Silver) အရောင်သုံးမျိုးနဲ့ ဝယ်နိုင်မယ်လို့ သိရပါတယ်။