August 22, 2017

Sony ရဲ့ E Ink နာရီသစ်ကို ဂျပန်နိုင်ငံတွင် စတင်ရောင်းချ

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ နာရီမျက်နှာပြင်နဲ့ လက်ပတ်ကြိုး ဒီဇိုင်းမျိုးစုံ ဖော်ပြပေးမယ့် FES Watch နာရီသစ်ကို Sony က ဖြန့်ချိပေးလိုက်ပါတယ်။

FES Watch U ကို ဒေါ်လာ ၄၂၀ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ ပရီမီယံမော်ဒယ်ဆိုရင်တော့ ၅၄၅ ဒေါ်လာ ကျသင့်မှာပါ။ ဒီနာရီကို ဂျပန်နိုင်ငံမှာပဲ ရောင်းချမှာ ဖြစ်ပါတယ်။

FES Watch U ရဲ့ screen နဲ့ လက်ပတ်ကြိုးဟာ ePaper display တစ်ခုတည်းဖြစ်တဲ့အတွက် လက်ပတ်ဒီဇိုင်းကို လှပတဲ့ဒီဇိုင်းတွေနဲ့ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီနာရီမှာ IP67 အဆင့် ကိုယ်ထည်ပါဝင်ပြီး အလေးချိန်က ၇၅ ဂရမ်ဖြစ်ပါတယ်။ ဘက်ထရီကို ၂ ပတ်ကြာ အသုံးပြုနိုင်ပါတယ်။ ပရီမီယံမော်ဒယ်ကို အနက်ရောင်နဲ့ ရရှိနိုင်ပြီး Sapphire glass နဲ့ Ion plating ကို အသုံးပြုထားပါတယ်။ ရိုးရိုးမော်ဒယ်မှာတော့ Mineral glass ကိုသုံးထားပြီး အဖြူရောင်၊ ငွေရောင်တို့နဲ့ ရရှိနိုင်ပါတယ်။

-နောင်နောင်
Ref: GSMArena