October 20, 2017

Sniper Elite 4

Developer – Rebellion Developments
Publisher – Rebellion Developments
Platform(s) – PC, PS4, Xbox ONE
Genre(s) – Third Person Tactical Shooter
Release Date – February 14, 2017
Gameplay – 9
Story – 7.5
Graphics – 8.5
Presentation – 8
Final Score – 8.5 out of 10

First Person Shooter နဲ့ Third Person Shooter ဂိမ်းတွေ ထဲမှာ ဂိမ်းတိုင်းနီးပါး Sniper ကိုင်တွယ်လို့ရမှာ ဖြစ်သလို Sniper weapon သီးသန့် Single player missions တွေနဲ့ Sniper အသား ပေးကိုင်တွယ်ရမယ့် Multiplayer Maps/Game Modes တွေ အများကြီးရှိပေမယ့် တစ်ဂိမ်းလုံးကို Sniper သီးသန့်ကိုင်ပြီး Stealth ပုံစံ gameplay နဲ့ကစားရတဲ့ video game တွေထဲမှာ အခုချိန်ထိအောင် နာမည်ကြီး ဂိမ်းနှစ်ခုကတော့ Sniper – Ghost Warriors နဲ့ Sniper Elite ဂိမ်းတွေ လောက်ပဲ ရှိသေးတာတွေ့ရမှာပါ။ PC, PS3 နဲ့ Xbox360 တို့မှာ ရောင်းအား ကောင်းခဲ့တဲ့ Sniper Elite V2 ဂိမ်းဟာ ၂၀၀၅ ခုနှစ်က PC, PS2 နဲ့ Xbox အစရှိတဲ့ platforms တွေမှာထွက်ရှိခဲ့တဲ့ Sniper Elite ရဲ့ Remake ဖြစ်ပေမယ့် ၂၀၁၄ မှာ ထွက်ခဲ့တဲ့ Sniper Elite III နဲ့ ၂၀၁၇ မှာ အသစ်ထွက်လာတဲ့ Sniper Elite 4 ကတော့ Storyline အသစ်ဂိမ်းတွေဖြစ် ပါတယ်။ အရင်ဂိမ်းတွေလို မဟုတ်ဘဲ Next Generation တွေနဲ့ PC အတွက် သီးသန့်ထွက်လာတဲ့ Sniper ဂိမ်းသစ်ဖြစ်တဲ့အတွက်ကြောင့် အရင်ထက် Graphics ပိုင်းအများ ကြီး ပိုကောင်းလာသလို Gameplay ပုံစံအသစ်တွေ၊ Missions Objective တွေ အောင် မြင်ဖို့ ချဉ်းကပ်ပုံအသစ်တွေပါ ထည့်သွင်း ပေးထားတာကို တွေ့ရမှာပါ။

Sniper Elite 4 ရဲ့ Single Player Campaign mode မှာ ကစားသူဟာ Karl Fairburne အမည်ရ American sniper သမားနေရာကနေ ကစားရမှာဖြစ်ပြီး အရင်ဂိမ်းတွေလိုပဲ World War II မှာနေရာယူထားပေမယ့်  အီတလီနိုင်ငံ ၁၉၄၃ မှာကစားရမှာဖြစ်လို့ အမြင်ဆန်းနေမှာဖြစ်ပါတယ်။ အရင် Sniper Elite 3 တုန်းကလည်း Africa မှာ ကစားခဲ့ရလို့ Normandy ဆိပ်ကမ်း၊ Stalingrad တိုက်ပွဲနဲ့ အာရှတိုက်အတွင်း တိုက်ပွဲတွေမှာ နေရာယူထားတဲ့ WWII စစ်ပွဲဂိမ်း တွေနဲ့ အမြင်မတူအောင် ပိုပြီးကြိုးစားလာကြတာ တွေ့ရပါတယ်။ Gameplay ပိုင်းအနေနဲ့ ကတော့အခြား Shooter အများစုလို အကြမ်းပတမ်း ဝင်ရောက် ပစ်ခတ်ရမှာ မဟုတ်ဘဲ မိမိကို ရန်သူတွေ မမြင်မယ့်၊ သတိမထားမိမယ့် နေရာကနေ ပစ်ခတ်ရမဲ့ပုံစံပါ။ စုစုပေါင်း Chapter ၁၀ ခုပါဝင်ပြီး Chapter တိုင်းကို တစ်နာရီနဲ့ နှစ်နာရီကြားလောက် side missions မျိုးစုံ၊ ရန်သူတွေကို ချဉ်းကပ်စရာ လမ်းကြောင်းမျိုးစုံ ရွေးချယ်ကစားနိုင်မှာ ဖြစ်ပါတယ်။ Stealth gameplay အသားပေးပြီး Silencer Pistol သို့မဟုတ် အခြားတပ်သားတွေကို Alert မပေးနိုင်တဲ့ Sniper Shot တွေနဲ့ နှိမ်နင်းနိုင်သလို Action gameplay အသားပေးပုံစံအဖြစ် Nazi တွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်မှာပါ။ Sniper Crosshair နဲ့ ပစ်မှတ်တည့်ရုံဖြင့် တန်းပစ်လို့မရဘဲ လေတိုက်နှုန်း နဲ့ ပစ်မှတ်အကွာအဝေးတို့ကိုပါ သတိထား တွက်ချက်ရမှာ ဖြစ်သလို Sniper ပစ်သံကြားသွား ရင် မိမိကို ရန်သူတွေ ဝိုင်းမလာအောင်လို့ ပတ်ဝန်းကျင်အသံတွေ ဆူညံနေချိန်၊ဗုံးပေါက်ကွဲချိန်တွေနဲ့ အချိန်ကိုက်ပြီး စနစ်တကျ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ရန်သူတွေကို ထောင်ချောက်ဆင်ပြီး မျှားခေါ်ရမယ့် ပုံစံတွေလည်း ပါဝင်ထားပြီး A.I ပိုင်းကလည်း အရင်ထက် ပိုအဆင့်မြင့်လာတာ တွေ့ရပါတယ်။

Sniper Elite V2 မှာ စပါခဲ့တဲ့ ရန်သူကို Sniper bullet မှန်သွား ရင် ဘယ်အစိတ်အပိုင်းကို ထိတယ်၊ ဘယ်အရိုးတွေ ဖောက်ထွက်သွားတယ်ဆိုတော့ မြင်နိုင်မယ့် X-Ray Kill Cam vision  လည်းပြန်လည် ပါဝင်လာသလို အရင်ထက်ပိုပြီး အသေးစိတ်ဆန်တဲ့ ပြကွက်တွေ၊ Cam Vision ပုံစံသစ်တွေပါ ရုံသာမက Stealth Kill တွေမှာ ရော ကားတွေ၊ စက်ပစ္စည်းတွေကို ဖောက်ခွဲရင်တောင် X-Ray Cam နဲ့ပြဦးမှာ ဖြစ်ပါတယ်။ Single Player Campaign ကို ကစားရတာ အချိန်သိပ်မရှိရင် X-Ray Cam Turn Off လုပ်နိုင် ပေမယ့် Camera Angle မျိုးစုံ၊ ပြကွက်မျိုးစုံကနေ မြင်ရမှာ ဖြစ်သလို Sniper Elite ဂိမ်းတွေရဲ့ trademark တစ်ခုလို့တောင် ပြောလို့ရနေပြီဆိုတော့ ကစားသူ အများစုကတော့ X-Ray Cam ပိတ်ဆော့ဖြစ်မှာ မဟုတ်ပါဘူး။  Co-op missions နဲ့ competitive  multiplayer modes တွေလည်း ထည့်သွင်းထားပါတယ်။ Sub-machine gun နဲ့ Pistol ကို အနီးကပ် တိုက်ခိုက်ဖို့ ကိုင်တွယ်နိုင်ပေမယ့် Sniper ကို အဓိက ကိုင်တွယ်ဖြစ်အောင် machine gun နဲ့ Pistol ammo နည်းနည်းပဲ ပေးထားတာ တွေ့ရသလို ကစားသူအများစုကလည်း ပစ်ရတာအားရဖို့ ကောင်းတဲ့ Sniper ပဲ ပုံမှန်ကိုင်ဖြစ် မှာ သေချာပါတယ်။

Developer Rebellion Developments အနေနဲ့ World War II ခေတ်သာမက အခြား မတူညီတဲ့ခေတ်တွေမှာ X-Ray Cam function နဲ့တွဲဖက်ပြီး Sniper Elite ဂိမ်းသစ်တွေ ဖန်တီးနိုင်ရင်လည်း ကစားလို့ ကောင်းဦးမှာပါ။ Sniper Elite 4 ဂိမ်းသစ်ဟာ action ပုံစံရော stealth ပုံစံနဲ့ပါ ကစားလို့ ကောင်းအောင် ဖန်တီးထားသလို chapters တိုင်းအတွက် ရွေးချယ် စရာလမ်းကွဲမျိုးစုံ mission objectives မျိုးစုံ ပါဝင်တဲ့အတွက် ကစားလို့ကောင်းပြီး graphics ပိုင်းလည်း ကောင်းမွန်တဲ့ Third Person Shooter ဂိမ်းသစ်တစ်ခု ဖြစ်တာ တွေ့ရပါတယ်။