July 26, 2017

Sniper Elite 4

Developer – Rebellion Developments

Publisher – Rebellion Developments

Platform(s) – PC, PS4, Xbox ONE

Genre(s) – Third Person Tactical Shooter

Release Date – June 18, 2017

Gameplay – 9

Story – 7.5

Graphics – 8.5

Presentation – 8

Final Score – 8.5 out of 10

First Person Shooter နှင့် Third Person Shooter ဂိမ်းတွေထဲမှာ ဂိမ်းတိုင်းနီးပါး Sniper ကိုင်တွယ်လို့ရမှာ ဖြစ်သလို Sniper weapon သီးသန့် Single player missions တွေ Sniper အသားပေး ကိုင်တွယ်ရမယ့် Multiplayer Maps/Game Modes တွေအများကြီး ရှိပေမယ့် တစ်ဂိမ်းလုံးကို Sniper သီးသန့်ကိုင်ပြီး Stealth ပုံစံ gameplay နဲ့ ကစားရတဲ့ video game တွေထဲမှာ ခုချိန်ထိအောင် နာမည်ကြီး ဂိမ်းနှစ်ခုကတော့ Sniper – Ghost Warriors နှင့် Sniper Elite ဂိမ်းတွေလောက်ပဲ ရှိသေးတာတွေ့ရမှာပါ။ Sniper Elite 4 ဂိမ်းနဲ့ ၂၀၁၇ အစောပိုင်းမှာ ထွက်ခဲ့တဲ့ Sniper Ghost Warriors 3 ဂိမ်းတို့က အချိန်သိပ်မကြာဘဲ ထွက်ခဲ့ပေမယ့် အစောပိုင်းမှာ Denuvo protection ကြောင့် Sniper Elite 4 ရဲ့ Crack version ကို စောင့်နေတဲ့သူတွေ အဆင်မပြေဖြစ်ခဲ့
ရပါတယ်။ ခုဆိုရင်တော့ Denuvo ရဲ့ serial pass တွေရော bypass တွေရော ပုံစံမျိုးစုံနဲ့ ဆက်တိုက် ထွက်လာလို့စောင့် နေတဲ့သူတွေ အဆင်ပြေမှာပါ။ အရင်ဂိမ်းတွေကို မဟုတ်ဘဲ Next Generation တွေနဲ့ PC အတွက် သီးသန့်ထွက်လာတဲ့ Sniper ဂိမ်းသစ် ဖြစ်တဲ့အတွက်ကြောင့် အရင်ထက် Graphics ပိုင်းအများကြီး ပိုကောင်းလာသလို Gameplay ပုံစံအသစ်တွေ Missions Objective တွေ အောင်မြင်ဖို့ ချဉ်းကပ်ပုံအသစ် တွေပါ ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ နောက်ထပ် သတိထားရမှာက Graphics ကောင်းတဲ့အတွက်တော့ game file size တွေလည်း တော်တော်ကြီးလာပြီး GTA V တုန်းကလိုပဲ 70 GB ကျော်တောင်ရှိလို့ မကစားခင်တော့ hard disk space နည်းနည်းကြိုရှင်းထားဖို့ လိုမှာပါ။

Sniper Elite 4 ရဲ့ Single Player Campaign mode မှာကစားသူဟာ Karl Fairburne အမည်ရ American sniper သမား နေရာကနေ ကစားရမှာဖြစ်ပြီး အရင်ဂိမ်းတွေလိုပဲ World War II မှာ နေရာယူထားပေမယ့် အီတလီနိုင်ငံ ၁၉၄၃ မှာ ကစားရမှာဖြစ်လို့ အမြင်ဆန်းနေမှာဖြစ်သလို အရင် Sniper Elite 3 တုန်းကလည်း Africa မှာကစားခဲ့ရလို့ Normandy ဆိပ်ကမ်း၊ Stalingrad တိုက်ပွဲနဲ့ အာရှတိုက်အတွင်း တိုက်ပွဲတွေမှာ နေရာယူထားတဲ့ WWII စစ်ပွဲဂိမ်းတွေနဲ့ အမြင်မတူအောင် ပိုပြီးကြိုးစားလာကြ တာ တွေ့ရပါတယ်။ Gameplay ပိုင်းအနေနဲ့ကတော့ အခြား Shooter အများစုလို အကြမ်းပတမ်း ဝင်ရောက်ပစ်ခတ်ရမှာ မဟုတ်ဘဲ မိမိကိုရန်သူတွေ မမြင်မယ့်သတိမထားမိမယ့် နေရာကနေ ပစ်ခတ်ရမဲ့ပုံစံပါ။ စုစုပေါင်း Chapter ၁၀ ခုပါဝင်ပြီး Chapter တိုင်းကို တစ်နာရီနဲ့ နှစ်နာရီကြားလောက်ကို side missions မျိုးစုံ၊ ရန်သူတွေကို ချဉ်းကပ်စရာ လမ်းကြောင်းမျိုးစုံ ရွေးချယ် ကစားနိုင်မှာဖြစ်ပါတယ်။ Stealth gameplay အသားပေးပြီး Silencer Pistol သို့မဟုတ် အခြားတပ်သားတွေကို Alert မပေးနိုင်တဲ့ Sniper Shot တွေနဲ့ နှိမ်နင်းနိုင်သလို၊ Action gameplay အသားပေးပုံစံအဖြစ် Nazi တွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်မှာပါ။ Sniper Crosshair နဲ့ ပစ်မှတ်တည့်ရုံ တန်းပစ်လို့မရဘဲ လေတိုက်နှုန်းနဲ့ ပစ်မှတ်အကွာအဝေးတို့ကိုပါ သတိထား တွက်ချက်ရမှာဖြစ်သလို Sniper ပစ်သံကြားသွားရင် မိမိကို ရန်သူတွေ ဝိုင်းမလာအောင်လို့ ပတ်ဝန်း ကျင်အသံများ ဆူညံနေချိန်၊ ဗုံးပေါက်ကွဲချိန်တွေနဲ့ အချိန်ကိုက်ပြီး စနစ်တကျ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ရန်သူတွေကို ထောင်ချောက်ဆင်ပြီး မျှားခေါ်ရမယ့် ပုံစံတွေလည်း ပါဝင်ထားပြီး A.I ပိုင်းကလည်း အရင်ထက် ပိုအဆင့်မြင့်လာတာ တွေ့ရပါတယ်။

Sniper Elite V2 မှာ စပါခဲ့တဲ့ရန်သူကို Sniper bullet မှန်သွားရင် ဘယ်အစိတ်အပိုင်းကို ထိတယ်၊ ဘယ်အရိုးတွေ ဖောက်ထွက် သွားတယ်ဆိုတော့ မြင်နိုင်မဲ့ X-Ray Kill Cam vision လည်း ပြန်လည် ပါဝင်လာသလို အရင်ထက်ပိုပြီး အသေးစိတ်ဆန်တဲ့ ပြကွက်တွေ၊ Cam Vision ပုံစံသစ်တွေ ပါရုံသာမက Stealth Kill တွေမှာရော ကားတွေ၊ စက်ပစ္စည်းတွေကို ဖောက်ခွဲရင် တောင် X-Ray Cam နဲ့ ပြဦးမှာဖြစ်ပါတယ်။ Single Player Campaign ကို ကစားရတာ အချိန်သိပ်မရှိရင် X-Ray Cam Turn Off လုပ်နိုင်ပေမယ့် Camera Angle မျိုးစုံ၊ ပြကွက်မျိုးစုံကနေ မြင်ရမှာဖြစ်သလို Sniper Elite ဂိမ်းတွေရဲ့ trademark တစ်ခုလို့တောင် ပြောလို့ရနေပြီဆိုတော့ ကစားသူအများစုကတော့ X-Ray Cam ပိတ်ဆော့ဖြစ်မှာ မဟုတ်ပါ ဘူး။ Co-op missions နဲ့ competitive multiplayer modes တွေလည်း ထည့်သွင်းထားပါတယ်။ Sub-machine gun နဲ့ Pistol ကို အနီးကပ်တိုက်ခိုက်ဖို့ ကိုင်တွယ်နိုင်ပေမယ့် Sniper ကို အဓိကကိုင်တွယ်ဖြစ်အောင် machine gun နဲ့ Pistol ammo နည်းနည်းပဲ ပေးထားတာ တွေ့ရသလို ကစားသူအများစုကလည်း ပစ်ရတာအားရဖို့ ကောင်းတဲ့ Sniper ပဲ ပုံမှန်ကိုင်ဖြစ် မှာ သေချာပါတယ်။

Developer Rebellion Developments အနေနဲ့ World War II ခေတ်သာမက အခြားမတူညီတဲ့ ခေတ်တွေမှာ X-Ray Cam function နဲ့တွဲဖက်ပြီး Sniper Elite ဂိမ်းသစ်တွေဖန် တီးနိုင်ရင်လည်း ကစားလို့ကောင်းဦးမှာပါ။ Sniper Elite 4 ဂိမ်းသစ်ဟာ action ပုံစံရော stealth ပုံစံဖြင့်ပါ ကစားလို့ကောင်းအောင် ဖန်တီးထားသလို chapters တိုင်းအတွက် ရွေးချယ်စရာလမ်းကွဲမျိုးစုံ mission objectives မျိုးစုံ ပါဝင်တဲ့အတွက် ကစားလို့ကောင်းပြီး graphics ပိုင်းလည်း ကောင်းမွန်တဲ့ Third Person Shooter ဂိမ်းသစ်တစ်ခုဖြစ်တာ တွေ့ရပါတယ်။

-နေအောင်လတ်