October 17, 2017

Snapchat Stories ပုံစံ ဝန်ဆောင်မှု တစ်မျိုးကို WhatsApp မိတ်ဆက်

Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာ Snapchat Stories ပုံစံ message ဝန်ဆောင်မှုတစ်မျိုးကို iOS, Android နဲ့ Windows Phone အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

Status လို့ခေါ်တဲ့ အဲ့ဒီ ဝန်ဆောင်မှုဟာ WhatsApp မှာ tab အသစ်တစ်ခု အနေနဲ့ ပါဝင်လာပြီး သုံးစွဲသူတွေက ၂၄ နာရီအကြာမှာ ပျောက်ကွယ်သွားမယ့် အလှဆင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ GIF တွေကို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။

End to end encryption နည်းပညာပေါ်မှာ တည်ဆောက်ထားတဲ့ Status ကို နိုဝင်ဘာလက စမ်းသပ် feature တစ်ခုအနေနဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့တာပါ။

အဲ့ဒီ feature သစ်ကို သုံးစွဲသူတွေက ဓာတ်ပုံတွေမှာ Snapchat လိုမျိုး စာသားတွေနဲ့ emoji တွေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

Facebook ဟာ ၂၀၁၃ ခုနှစ်က Snapchat ကို ဒေါ်လာ ၃ ဘီလျံနဲ့ ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကမ်းလှမ်းချက်ကို Snapchat က ပယ်ချခဲ့ပါတယ်။

လက်ရှိမှာ WhatsApp ကို လစဉ်သုံးစွဲသူ ၁.၂ ဘီလျံရှိပြီး သုံးစွဲသူတွေက တစ်နေ့ကို message ၆၀ ဘီလျံ ပေးပို့နေတယ်လို့ သိရပါတယ်။

Ref: DailyMail