November 18, 2017

SMPlayer ကို Ubuntu OS မှာ ထည့်သွင်းခြင်း

SMPlayer ဆိုတာကတော့ Ubuntu OS မှာ ဗီဒီယိုဖိုင် format အများအပြားကို အထောက်အပံ့ပေးနိုင်တဲ့ media player တစ်ခု
ဖြစ်ပါတယ်။ အဆိုပါ media player ကို Ubuntu OS မှာ ထည့်သွင်း သုံးစွဲချင်သူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

SMPlayer ကိုUbuntu OS မှာ ထည့်သွင်းမယ်ဆိုရင်အောက် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ် ပြီးပြီဆိုရင်တော့

sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

SMPlayer ကိုUbuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –

sudo add-apt-repository ppa:rvm/smplayer

sudo apt-get update

sudo apt-get install smplayersmtubesmplayer-themes smplayer-skins

QT4 version အတွက် repository ကို ထပ်မံဖြည့်သွင်း မယ်ဆိုရင် –

sudo add-apt-repository ppa:rvm/smplayer-qt4

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ တကယ်လို့အဆိုပါ ဆော့ဖ်ဝဲကို ထပ်မံမသုံးစွဲလို တော့ဘူးဆိုရင် sudo apt install ppa-purge &&sudoppa-purge ppa:rvm/smplayerဆိုတဲ့ command နဲ့ SMPlayer ကို uninstall လုပ်နိုင်မှာ ဖြစ်ပါတယ်။

-သီဟ