November 18, 2017

Smart phone ထဲက အသုံးဝင်တဲ့ smart motion တွေ

Smart Phone လို့ပြောလိုက်တာနဲ့ လူတိုင်းက အဆင့်မြင့် မိုလ်ဘိုင်းဖုန်းတစ်လုံးမှန်း သိကြပါတယ်။ နောက်တစ်ခုကတော့ နာမည်နဲ့ လိုက်အောင် smart ကျတဲ့ feature တွေပါဝင်ပါတယ်။ ပြောရရင်တော့ smart motion တွေအကြောင်းပါ။ လူအတော်များများက smart Phone သုံးပေမယ့် Smart motion တွေကို အကုန်အစင် အသုံးမပြုကြပါဘူး။ တချို့ကလည်း မသိလို့ မသုံးကြတာပါ။ တကယ်တော့ smart motion တချို့ကို သုံးလိုက်ရင် ဖုန်းသုံးရတာ ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်သွားတာ အမှန်ပါပဲ။
အသုံးဝင်တဲ့ Smart motion တချို့ကို အသစ်ထွက်လာတဲ့ V7+ အသုံးပြုပြီး ဖော်ပြပေးချင်ပါတယ်။ ထုံးစံအတိုင်း settings ထဲကိုဝင်လိုက်ရင် smart motion ကို ရှာလို့တွေ့မှာပါ။ ဒီထဲမှာမှ Smart wake, Air operation, Smart turn on/off screen, Smart call စတာတွေကို တွေ့ရပါလိမ့်မယ်။ ဒါတွေထဲကမှ သုံးလို့ပိုကောင်းတာအချို့ကို recommend ပေးချင်ပါတယ်။

မဖြစ်မနေ ဝင်ကြည့်ရမှာကတော့ Smart call ထဲကိုပါ။ Smart call က ဖုန်းခေါ်ရင် contant ကိုဖွင့်ပြီး နား အနားကိုကပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းခေါ်ပေးတာပါ။ ဖုန်းခေါ်ဖို့ နှိပ်နေစရာမလိုပါဘူး။ ဒါပေမယ့် သမားရိုးကျအတိုင်း ဖုန်းခေါ်ချင်တယ်ဆိုလည်း ရပါတယ်။

Smart answer ကတော့ အတော်လေးကို အသုံးတည့်တယ်လို့ ထင်ပါတယ်။ smart answer ကို ဖွင့်ထားရင် ဖုန်းဝင်လာတဲ့အခါ button ကို လက်နဲ့ ဆွဲနေစရာ မလိုတော့ပါဘူး။ ကောက်ကိုင်ပြီး နား၊ အနားကိုကပ်လိုက်တာနဲ့ ကိုင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အလုပ်များနေချိန်တို့၊ လက်တစ်ဖက် မအားချိန်တို့ဆိုရင် အဆင်ပြေပါလိမ့်မယ်။ smart answer ကတော့ သုံးသင့်တယ်လို့ ယူဆပါတယ်။ ဒါလေးကိုတော့ recommend ပေးချင်ပါတယ်။

 

Smart Switch ကတော့ hands free အနေနဲ့ ပြောနေတုန်း ဖုန်းကို နား အနားကပ်လိုက်တာနဲ့ hands free ပိတ်လိုက်ပြီး ရိုးရိုး ဖုန်းပြောသလို ဖြစ်သွားတာပါ။ သုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ့်ဖာသာကိုယ် လက်နဲ့ hands free ပိတ်ပြီး သုံးလည်းရပါတယ်။

Smart mute ကတော့ အလုပ်များနေချိန်မှာ အသုံးဝင်တယ်လို့ ဆိုရပါမယ်။ ဖုန်းကို အလုပ်စားပွဲပေါ်တင်ထားတယ် ဆိုပါစို့။ ဖုန်းဝင်လာလို့ ring tone မြည်ချိန်မှာ ကိုယ်က ဖုန်းလည်းမကိုင်နိုင်သေးသလို reject လည်းလုပ်မပစ်ချင်သေးတဲ့အချိန် ဖုန်း screen ပေါ်ကို လက်ဝါးနဲ့အုပ်လိုက်ရင် ring သံ တိတ်သွားပါလိမ့်မယ်။ အလုပ်များတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေအနေနဲ့ သုံးသင့်တယ်လို့ ယူဆပါတယ်။ ဒီတစ်ခုကိုလည်း recommend ပေးချင်ပါတယ်။

Wave to hands free ကတော့ စားပွဲပေါ်မှာ ရှိနေတဲ့ ဖုန်းရဲ့ ထိပ်ပိုင်း (3cm-5cm) အကွာလောက်ကနေ လက်ဝါးလေးနဲ့ တစ်ချက် ဖြတ်ဆွဲလိုက်ရင် ဝင်လာတဲ့ ဖုန်းကို hands-free အနေနဲ့ ပြန်ဖြေလို့ရပါပြီ။ ဒီတစ်ခုကလည်း အလုပ်များတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ နောက်တစ်ခုက အိမ်ရှင်မတွေအနေနဲ့ လက်မှာ ရေစိုနေလို့ ဖုန်းမကိုင်ချင်ဘူးဆိုရင် wave to hands free က အသုံးဝင်ပါလိမ့်မယ်။

ဒီ Smart motion တွေက smart phone အတော်များများမှာ ပါဝင်ပါတယ်။ ဒါပေမယ့် လူအတော်များများက မသုံးဖြစ်ကြလို့၊ မသိကြတာပါ။ ဘာပဲဖြစ်ဖြစ် smart phone ကိုင်မှတော့ smart motion ကို သုံးသင့်တယ်မဟုတ်လား။ စာဖတ်သူတွေအနေနဲ့ စမ်းသပ်ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

-ကိုသက်